CATEGORY

စစ်ရေး

သီပေါမြို့နယ် RCSS နှင့် SSPP တိုက်ပွဲဖြစ် နေအိမ်ပေါ် လက်နက်ကြီး၂လုံးကျ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နာမခေါ်ကျေးရွာတွင် ယနေ့ (မတ် ၂၄)ရက် မနက် ၅နာရီဝန်းကျင်တွင် သျှမ်းစစ်တပ် (၂) တပ် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်ပေါ် လက်နက်ကြီးကျခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သတင်းရရှိသည်။ သီပေါမြို့ နယ် နားမခေါ်ကျေးရွာတွင် သျှမ်းတပ် ၂တပ်ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်...

သီပေါမြို့နယ် သျှမ်းလက်နက်ကိုင် ၂ဖွဲ့ တိုက်ပွဲဖြစ် စစ်ရှောင် (၁၀၀)နီးပါး ထွက်ပြေးရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ၂ဖွဲ့ သည် ယနေ့ (မတ် ၂၃)ရက် နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ် ၂၃)ရက် တွင် သီပေါမြို့နယ် ကုန်းဆာကျေးရွာအုပ်စု ဆွန်လုံ၊...

ဖမ်းဆီးခံရသည့် RCSS တပ်သားများကို SSPP မှ ပြန်လွှတ်ပေး

သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) မှ ဖမ်းဆီးထိန်းသိမ်းထားသော RCSS/SSA တပ်သား ၉ ဦးကို နေရပ်သို့ ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဖမ်းဆီးထိန်းသိမ်းခံရသော RCSS/SSA ၏တပ်သား ၉ ဦးကို SSPP/SSA က မတ်လ (၂၁ )ရက်နေ့က ပြန်လွှတ်ပေး...

ကျောက်မဲမြို့နယ် ရှိ နေအိမ်တလုံးပေါ် လက်နက်ကြီးကျ အမျိုးသား တဦးသေ၊ အမျိုးသမီး ၂ဦး ကျည်ထိမှန်

သျှမ်းမြောက် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာရှိ နေအိမ်ပေါ် တလုံးပေါ် ယနေ့ (မတ် ၂၃)ရက် မနက်ပိုင်းတွင် လက်နက်ကြီးကျသဖြင့် အရပ်သား တဦးသေဆုံးကာ၊ အမျိုးသမီး (၂)ဦး ကျည်ထိမှန်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲကြားထဲ ပိတ်မိနေဆဲ ဟု သတင်းရရှိသည်။ ယနေ့ (မတ် ၂၃)ရက် မနက်ပိုင်းမှစကာ...

မိုင်းဆတ်မြို့နယ် သေနတ်သံများ ကြားနေရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် ယနေ့ ၂ နာရီကြာ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်သံကြားနေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မတ်(၁၇) ရက် မနက် ၇ နာရီကျော် မှ ၉ နာရီကျော် ထိ မိုင်းဆတ်မြို့နယ်တွင်းရှိ နမ့်ဆတ်ချောင်းဦး ဘက်တွင် လက်နက်သံ ကြားရကြောင်း စုံစမ်းသိရှိရသည်။ “လက်နက်ပစ်ခတ်သံက...

ကျောက်မဲစစ်ရှောင် ၁၀၀၀ ကျော် နေရပ်ပြန်ရန် ခက်ခဲနေဆဲ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်း တိုက်ပွဲထိတွေ့မှု ဆက်လက်ရှိနေသဖြင့် စစ်ဘေးရှောင် (၁၀၀၀) ကျော် နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဘေးရှောင် (၁၀၀၀)ကျော်သည် ဖေဖော်ဝါရီတတိယပတ်မှ စတင်ရောက်ရှိလာသည့် သူများဖြစ်သည်။ “ ကျနော်တု့်ဆီက စစ်ဘေးရှောင်တွေကတော့ အရင်တိုင်း ရှိနေတုန်း ရက်ပေါင်း (၂၀) ကျော်လောက်ရှိပြီ ရောက်လာကြတာ။ ဒေသတွင်း...

နမ္မတူမြို့နယ် အတွင်းရှိ စစ်ရှောင် (၅၀၀)ကျော်နေရပ်မပြန်နိုင်သေး

သျှမ်းပြည်တောင်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၅၀၀) ကျော် ယနေ့ထိ နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ပထမပတ်မှ စတင်ကာ လက်ရှိ အချိန်ထိ နမ္မတူမြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ နှင့် RCSS/SSA...

နမ္မတူမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲ ပြင်းထန်နေဆဲ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု အနီး တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဖြစ်သည့် TNLA ၊ SSPP/SSA တို့သည် ၂၀၂၀ ခုနစ် ဒီဇင်ဘာ လဆန်းပိုင်း မှ စကာ ယနေ့...

RCSSနှင့် CRPH တွေ့ဆုံမှုအပြီး မိုင်းနောင်မြို့နယ် RCSS နှင့် တပ်မတော်တိုက်ပွဲဖြစ်

RCSS/SSA နှင့် CRPH အလွတ်သဘောတွေ့ဆုံပြီးနောက် ယမန်နေ့ (မတ် ၉ )ရက် ညနေ ၄နာရီကျော်မှာ RCSS/SSAနှင့် မြန်မာ့တပ်မတော်တို့ သည် သျှမ်းတောင် မိုင်းနောင်မြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မတ် (၉ )ရက်တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA)...

နမ္မတူ တိုက်ပွဲအတွင်း အမျိုးသမီးတဦးသေ၊ တဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြောင့် အမျိုးသမီး တဦးသေဆုံးပြီး၊ တဦး ဒဏ်ရာရရှိကြောင်းသိရသည်။ နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးတွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဖြစ်သည့် SSPP/SSA နှင့် TNLA ပူးပေါင်း တပ် နှင့် RCSS/SSAတို့ တိုက်ပွဲ ယနေ့ အချိန်ထိ ဖြစ်ပွားနေကြောင့် ဒေသခံများပြောပြချက်...

Latest news