Wednesday, January 28, 2026

မိုင်းဆတ်မြို့နယ် သေနတ်သံများ ကြားနေရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် ယနေ့ ၂ နာရီကြာ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်သံကြားနေရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ မတ်(၁၇) ရက် မနက် ၇ နာရီကျော် မှ ၉ နာရီကျော် ထိ မိုင်းဆတ်မြို့နယ်တွင်းရှိ နမ့်ဆတ်ချောင်းဦး ဘက်တွင် လက်နက်သံ ကြားရကြောင်း စုံစမ်းသိရှိရသည်။

“လက်နက်ပစ်ခတ်သံက တဖက်အသံပဲ ကြားရတယ်။ စက်သေနတ် ပစ်တာလဲ ကြားရတယ်။လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြားနေရတယ်။ ဒေသခံ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်နေကြတယ်” ဟု မိုင်းဆတ်ဒေသခံ တဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ၎င်းဒေသအတွင်း တိုင်းရင်းသား လက်နက်ကိုင် သွားလာလှုပ်ရှားမှုများ ရှိကြောင်း ၎င်းကပြောဆိုသည်။

“ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်က RCSS တပ်သားတွေ ရောက်ရှိတာတွေ ရှိတယ်။ ကျနော်ထင်တာတော့ RCSS ကို ခြောက်လန့်ချင်လို့ ဒီနေ့ စစ်တပ်ဘက်က လက်နက်င်္ကြးတွေ ပစ်တာနေမှာ” ဟု အထက်ပါ ဒေသခံ တဦးက ပြောသည်။

စစ်တပ်ဘက်မှ နမ့်ဆတ်ချောင်းဦးဘက်မှာ လက်နက်ကြီး လက်နက်ငယ်ဖြင့် သွားရောက်ပစ်သည့်ခြင်းသည် မည်သည့် တပ်ရင်း မသိရသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့ တရုတ် ဈာပန ဗြောက်ဖောက်သံကြောင့် ပြည်သူများ ထိတ်လန့်

0
ကျိုင်းတုံမြို့နယ် မြောက်ဘက်ရပ်ကွက် ကတ်ပုံကျေးရွာဘက်တွင် ယမန့်က (ဩဂုတ်လ ၁၈ရက်)၌ တရုတ်ဈာပနာ ဗြောက်ဖောက်သံကြောင့် ပြည်သူများ ထိတ်လန့်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ဗြောက်ဖောက်သံကို သေနတ်ပစ်ခတ်သံဟုထင်ပြီး ကျိုင်းတုံပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့သည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်(RCSS) သည် အခြားကျေးရွာဒေသတွင် တိုက်ပွဲခြင်းရှိ၊မရှိ စုံစမ်းမှုပြုလုပ်ပြီး ဘယ်ဒေသမှ ပစ်ခတ်မှုမရှိကြောင်း (RCSS)မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

သီပေါမြို့ မာရှယ်လောထုတ်ပြီးနောက် သေနတ်ပစ်သံများကြားရ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သေနတ်ပစ်သည့်အသံ ကြားလာရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန် ၁၉ ရက် သီပေါမြို့ တောင်မြို့ရပ်ကွက်တွင် ည ၁၁ နာရီ၌ တဖက်ဖြသတ် သေနတ်ပစ်သံကြားရကြောင်း၊ လက်ရှိအချိန်ထိ လူထိခိုက်မှုရှိ၊ မရှိမသိသေးကြောင်း သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦး က...

ရွာပြန်ရအောင် အဖေရေ အမြန်လာကြိုပါတော့…..

0
ဆောင်းပါးရှင် -  အဆိုတူ သေနတ်သံတွေ မိုင်းဗုံးသံတွေ တဖြေးဖြေးငြိမ်သွားပါပြီ။ ယမ်းငွေ့ယမ်းနံႉတွေတဖြည်းဖြည်း ပျောက်ကွယ်သွားလို့ သာဘာဝတောရိုင်းပန်းရနံ့လေးများက တဖြေးဖြေးပြန်လည်သင်းပျံ့တော့မယ် ဆိုတဲ့ယုံကြည်ချက်လေးများနဲ့ အတူ စစ်ရှောင်တွေ နေရပ်ပြန်ဖို့ အထုပ်အပိုးလေး တွေပြင်ဆင်နေကြ ပါတယ်။ လေးငါးရက်ကြာ ပျောက်ကွယ်သွားတဲ့ နေမင်းကြီးပြန်ပြီးလင်းလက်လာပြီဆိုတော့   ဗုံးဆံ ဗုံးသီးတွေသံကြား မျက်ရည်လည်ရွဲနဲ့ စစ်ရှောင်လာခဲ့တဲ့ ရွာသူရွာသားတွေဟာ   (လားရှိုးမြို့ရဲ့အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့...