Saturday, January 31, 2026

ကျောက်မဲစစ်ရှောင် ၁၀၀၀ ကျော် နေရပ်ပြန်ရန် ခက်ခဲနေဆဲ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်း တိုက်ပွဲထိတွေ့မှု ဆက်လက်ရှိနေသဖြင့် စစ်ဘေးရှောင် (၁၀၀၀) ကျော် နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ စစ်ဘေးရှောင် (၁၀၀၀)ကျော်သည် ဖေဖော်ဝါရီတတိယပတ်မှ စတင်ရောက်ရှိလာသည့် သူများဖြစ်သည်။

“ ကျနော်တု့်ဆီက စစ်ဘေးရှောင်တွေကတော့ အရင်တိုင်း ရှိနေတုန်း ရက်ပေါင်း (၂၀) ကျော်လောက်ရှိပြီ ရောက်လာကြတာ။ ဒေသတွင်း အခြေနေက မငြိမ်သေးတဲ့အတွက်ကြောင့် မပြန်ကြသေးတာပါ” ဟု ကျောက်မဲမြို့နယ်ရှိ နမ့်ခုံးပရဟိတအသင်းဝင် တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ပန်စန်ဘုန်းကျောင်း(၄၀၀) ကျော်၊ ကန့်ကန် ( ၅၀၀) ကျော်၊ နမ့်ဆီးလင်းဘုန်းကြီးကျောင်း( ၃၅) ဦး၊ တော့ဆန် (၁၈၀) နှင့် ပါခါး(၁၀၀) ကျော် တို့ရှိထားကြောင်း သိရသည်သည်တို့ ရှိထားကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) တို့ကြား စစ်ရေးတင်းမာမှု ရှိခဲ့သည့်အတွက် စစ်ရှောင်များ နေရပ်သို့ မပြန်နိုင်သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News