သျှမ်းပြည် နောင်ချိုမြို့လယ်ရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီနှင့် ဟိန္ဒူဘုရားကျောင်းပိုင် ဈေးဆိုင်ခန်းတို့ကို စစ်ကောင်စီဘက်က ချိတ်ပိတ်လိုက်ကြောင်း တရားဟောဆရာနှင့် ဂေါပကများကိုလည်း ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၁၅ ရက်တွင် နောင်ချိုမြို့ကို စစ်ကောင်စီတပ်မှ အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် မြို့ပေါ်ရပ်ကွက်များရှိ TNLA နှင့် DPLA တို့ကို...
ညောင်ရွှေမြို့နယ် PNO ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သူများ စစ်ဝတ်စုံဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းနေ
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရှိ ပအိုဝ်းပြည်သူ့စစ် PNO ထိန်းချုပ်သည့်နယ်မြေ အတွင်းနေထိုင်သော ပြည်သူများကို စစ်ဝတ်စုံဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ လယ်မှစပြီး ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာနှင့် လွယ်နွဲ့ကျေးရွာတွင် စစ်ကောင်စီနှင့် PNOက နေရပ်ပြန်ခိုင်းပြီးကျေးရွာအတွင်း ငွေကောက်ခြင်း၊ ငွေမထည့်နိုင်သူများက်ု PNOယူနီဖောင်း ဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းကြောင်း...
သက်ငယ်မုဒိမ်းမှုတွေ ဖြေရှင်းဖို့ ခက်နေဆဲ
“ပြန်တွေ့တော့ အလောင်းက ပုပ်သိုးနေပြီ၊ မျက်လုံးတောင် မရှိတော့ဘူး။ မျက်နှာလည်း ရစရာမရှိအောင်၊ မမှတ်မိတော့ဘူး” ဟု မနှင်း (အမည်လွှဲ) က ဝမ်းနည်းစွာဖြင့် ပြောနေသည်။ လွန်ခဲ့သည့် ဇူလိုင်လ ၃၀ ရက်တွင် တာချီလိတ်မြို့ ပြည်သူများသည် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာပေါ်၌ အသက် (၈)...
TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...
ဖယ်ခုံ နေရပ်ပြန်စစ်ရှောင် ပြန်လည်ထူထောင်ရေး အတွက် ခက်ခဲနေ
သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် တိုက်ပွဲများကြောင့် မိမိနေရပ်အိုးအိမ်ကို စွန့်ပစ်ပြီး ထွက်ပြေးတိမ်း ရှောင်နေရသော ဖယ်ခုံစစ်ဘေးရှောင်များသည် ယခုသြဂုတ်လဆန်းတွင် နေရပ်ပြန်လာနိုင် ကြသော်လည်း နေအိမ်များမီးရှို့ခံရသဖြင့် နေထိုင်ရန်အတွက် အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်များက ပြောသည်။ စစ်ဘေးရှောင်များသည် ပြီးခဲ့သော ၂၀၂၄ နှစ်ကုန်ပိုင်းမှစပြီး မိုးဗြဲမြို့ တိုက်ပွဲများကြောင့် မိမိနေရပ်အိုးအိမ်ကို စွန့်ပစ်ပြီး...
ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ စစ်ကောင်စီ က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်သားများသည် မြို့ပြင်မှနေရ၍ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နေစဉ် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်မှ စပြီး ယနေ့ ( ဩဂုတ်လ ၈ )ရက်အထိ နေ့စဉ် စစ်ကောင်စီတပ်သားများသည် ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြေောင်း၊...
သျှမ်းပြည် နောင်ချိုမြို့နယ်သို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများ ရှိနေပြီး ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လလယ်ပိုင်းတွင် နောင်ချိုမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲမှ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တောင်းခမ်းဘက်ရှိ ကျေးရွာများသို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်အချို့ကို TNLA ၊ DPLA...
စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပနိုင်ရန် အတွက် တောင်ကြီးတွင် စစ်ဆေးမှုတင်းကြပ်လာ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် စစ်ဆေးမှုတင်းကြပ်လာ နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အရေးပေါ်ကာလကို သက်တမ်းမတိုးတော့ဘဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ အာဏာလွှဲအပ်ထားသည့် အမိန့်ကို ပယ်ဖျက်ပြီး နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ကို ပြောင်းလဲ...
တန့်ယန်းမြို့နယ်ထဲ ‘ဝ’စစ်သားဟန်ဆောင်ပြီး ဓားပြမှုနှင့်လူကုန်ကူးမှု ကျူးလွန်သူများရှိနေ
သျှမ်းပြည် တန့်ယန်းမြို့တွင် UWSA စစ်ဝတ်စုံ ဝတ်ဆင်ကာ ‘ဝ’စစ်သား အယောင်ဆောင်ပြီး ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်သူများရှိနေကြောင်း စုံစမ်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့တွင် ဩဂုတ်လဆန်းပိုင်း၌ UWSA စစ်ဝတ်စုံ ဝတ်ဆင်ပြီး စစ်သား အယောင်ဆောင်ကာ ဓားပြမှုနှင့် လူကုန်ကူးမှု ကျူးလွန်ခဲ့သူ (၁၇)...
ပင်လောင်းမြို့နယ် နေရပ်ပြန်စစ်ရှောင်များ PNO ထံ တစ်အိမ်လျှင် ကျပ် ၅ သိန်း ပေးဆောင်ရ
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် နေရပ်သို့ ပြန်လာသည့် စစ်ဘေးရှောင်များကို ပအိုဝ်းပြည်သူ့စစ် (PNO) က တစ်အိမ်လျှင် ငွေကျပ် ၅ သိန်းစီ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လတွင် ပင်လောင်းမြို့နယ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တဖက်သက် ရမ်းသမ်းပစ်ခတ်မှုကြောင့် နန်းတုတ်ကျေးရွာသို့...





