ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီး စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ စစ်ဘေးရှောင် ၄၀ နီးပါး သေဆုံးဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် နောင်ချိုစစ်ဘေးရှောင် (၄၀) နီးပါး သေဆုံးဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဩဂုတ်လ ၂၀ ရက်) နံနက်ပိုင်း ၁၁ နာရီခန့်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း ပင်တီးကျေးရွာ မဇ္ဈိမာရာမ အလယ်ကျောင်း လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ခိုက်ခံရခြင်းကြောင့် နောင်ချိုစစ်ဘေးရှောင် (၄၀) ကျော် သေဆုံးဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လေကြောင်းကနေလည်း ဗုံးကြဲတယ်၊ နောင်ချိုဘက်ကနေလည်း အတွဲလိုက်ဒုံးနဲ့ ရွာထဲ ပစ်လာတယ်။ အခုက အလယ်ကျောင်းမှာ ထိတဲ့လူလည်း အများကြီး သေတဲ့လူလည်း အများကြီးပဲ၊ အဲ့မှာ စစ်ဘေးရှောင်တွေကလည်း မပြေးဘဲနဲ့ နေနေကြတာ။ ခြေထောက်ပြတ်တဲ့လူနဲ့ သေတဲ့လူကလည်း တချို့ အစအနတောင် ရှာမရဘူး။ သေတာက ၂၀ ကျော်နဲ့ ဒဏ်ရာရတာက ၂၀ ကျော်လို့ ပြောကြတယ်”ဟု နောင်ပိန်ရောက် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တစ်ချိန်တည်းတွင် နောင်ပိန်တိုက်နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စွဲထားသည့် လုပ်ပါရဲစခန်းအနီးကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသော်လည်း ထိခိုက်ပျက်စီးမှုကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

“မနေ့ညက ပင်တိန်ရွာက မူလွန်ကျောင်းနဲ့ သိမ်ကန် ကြဲခံရတာ၊ ဒီနေ့ကျတော့ ပင်တီးက အလယ်ကျောင်းနဲ့ နောင်ပိန်အထွက် လုပ်ပါရဲစခန်းရှေ့ ပေါင် ၅၀၀ တစ်လုံးစီ ကြဲခံရတယ်။ မရှောင်ဘဲ ရွာထဲ ဆက်နေတဲ့ လူတွေလည်း စိုးရိမ်ရတယ်၊ အခုက အခြေအနေ တော်တော်ဆိုးနေပြီ။ သေနတ်သံကလည်း အရမ်းနီးတော့ နမ့်ဟန်ခိတ်ဘက် ပြေးကြတယ်”ဟု နောင်ပိန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – နောင်ပိန်တိုက်နယ် ပင်တီး အလယ်ကျောင်း ဗုံးကြဲခံရပြီးနောက် စစ်ဘေးရှောင်သေဆုံးဒဏ်ရာရ (ဓာတ်ပုံ – ဒေသခံ)

အလားတူ ယမန်နေ့ ညပိုင်းတွင်လည်း ကျောက်မဲမြို့နယ် နောင်ပိန်လမ်းခွဲအနီးသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး နောင်ချိုဘက်မှ ဂုတ်တွင်းချောင်းဖြတ်ကူး၍ မြေပြင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် TNLA ပူးပေါင်းတပ်တို့ ထန်းတပင်ကျေးရွာဘက်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်ရှိ နောင်ပိန်-အထက်ရဲရွာ လမ်းကြီးတစ်လျှောက်ရှိ ကျေးရွာများထဲ ရပ်စောက်ဘက်မှ အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ရွာသားများ ပိတ်မိနေပြီး အများစုမှာ ပုံဝိုး၊ ဟဲကွီဘက်သို့ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

အခြားတစ်ဘက်တွင် ပြင်ဦးလွင်မြို့ရှိ စစ်ကော်မရှင်တပ်များထဲမှ စစ်ယာဉ်တန်းတစ်ခု နောင်ချိုမြို့ကို ဦးတည်ကာ ထွက်ခွာလာကြောင်း ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားခြင်းကြောင့် မကြာမီအချိန်တွင်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့သို့ စစ်မီးကူးစက်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...