စစ်ဘေးရှောင် ၄၀နီးပါး သေဆုံးဒဏ်ရာရ
ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီး စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ စစ်ဘေးရှောင် ၄၀ နီးပါး သေဆုံးဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် နောင်ချိုစစ်ဘေးရှောင် (၄၀) နီးပါး သေဆုံးဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) နံနက်ပိုင်း ၁၁ နာရီခန့်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်...





