Sunday, May 19, 2024

CATEGORY

အထွေထွေ

တပ်မတော် အသုံးစရိတ် ကျပ် ဘီလီယံ ၃၂၀၀ ကျော် တိုးမြှင့်တောင်းခံထား

လာမည့် ဘဏ္ဍာရေး နှစ်အတွက် တပ်မတော် အသုံးစရိတ် ကျပ် ဘီလီယံ ၃၂၀၀ ကျော် ကို ကာကွယ်ရေး ဝန်ကြီးဌာန မှ တိုးမြှင့်တောင်းခံ ထားကြောင်း သိရသည်။ အဆိုပါ တောင်းဆိုမှုကို ယမန်နေ့ ဇူလိုင် ၂၅ ရက်နေ့ တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ကာကွယ်ရေး...

၇ လအတွင်း ရွှေ့ပြောင်းအလုပ်သမား ၆၀၀ ခန့်အား တာချီလိတ်သို့ ထိုင်းအစိုးရပြန်ပို့

ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေ နှင့် မကိုက်ညီသည့် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၆၀၀ ခန့် အား ထိုင်းအစိုးရက ဖမ်းဆီးကာ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင်တံတားမှ တဆင့် မြန်မာအစိုးရထံ ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ၇ လတာကာလအတွင်း...

သျှမ်း/မြောက် စစ်ရေးပြဿနာ သျှမ်းလက်နက်ကိုင်ခေါင်းဆောင် ၂ ဦးလက်တွဲဖြေရှင်းရန်  CSSU ဥက္ကဌ တိုက်တွန်း  

သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော စစ်ဘေးကြောင့် ဒေသခံလူထု ဆင်းရဲဒုက္ခ ရင်ဆိုင်နေရ သည့်အပေါ်  သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ၂ ဦး ပူးပေါင်းဖြေရှင်းပေးရန်  CSSU ဥက္ကဌ စိုင်းအိုက်ပေါင်းက တိုက်တွန်းပြောဆိုလိုက်သည်။ ဒီအချိန်ဟာ လယ်တွေယာတွေဆင်းတဲ့အချိန်ဖြစ်တယ်။ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်ချိန်ဖြစ်တယ်။ သျှမ်းပြည်မြောက်ပိုင်း ဒေသခံလူထုဟာ လယ်ယာလုပ်ငန်းခွင်ကိုပြစ်ပြီး  စစ်ဘေးရှောင်နေကြရတယ်။ သူတို့ဒီချိန်မှာ မစိုက်ပျိုးရရင် လာမယ့်နှစ်အတွက်...

သျှမ်း/မြောက် စစ်ရှောင်များအား SSJAC မှကူညီထောက်ပံ့မှုများပေး  

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းဖြစ်ပွါးခဲ့သော  အစိုးရတပ်မတော်၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားတိုက်ပွဲများကြောင့် ဒေသ ခံများ နေရပ်မှ စွန့်ခွါကာ နီးစပ်ရာဘုန်ကြီးကျောင်းများအသီးသီးသို့  စစ်ဘေးရှောင်နေရသည့်အပေါ် SSJAC မှ ကျပ်သိန်း ၂၀၀ ခန့်တန်ဖိုးရှိသည့် ဆန်၊ဆီ၊ဆား ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ နမ္မတူမြို့နယ် မန်စံကျောင်းဟောင်ဘုန်းကြီးကျောင်း၊ သီပေါမြို့နယ် မိုးတေဘုန်းကြီးကျောင်းနှင့်...

ထိုင်းနိုင်ငံ ဂူအတွင်း ၁၅ ရက်ကြာပိတ်မိရာမှပြန်ထွက်လာသော ဘောလုံးသမား ကျောင်းသား ၁၃ ယောက်အကြောင်း Documentary ဇာတ်လမ်းတို ဂျပန်နိုင်ငံက ရိုက်ကူးဖြန့်ဝေ  

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့တောင်ဘက် လွယ်နန်းနောန်းတောင်ရှိ ထမ့်လုံ ခွန်နမ့်နန်း နောန်းဂူအတွင်း ၁၅ ရက်ကြာပိတ်မိခဲ့သော မယ်ဆိုင်မြို့အထက်တန်းကျောင်းများမှ ကျောင်းသားဘောလုံး အသင်း ၁၂ ဦးနှင့်နည်းပြ ၁ ဦး တို့၏ ဖြစ်ရပ်မှန် Documentary ဇာတ်လမ်းတိုအား ဂျပန်နိုင်ငံမှ ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။ အဆိုပါ Documentary...

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လားရှိုးမြို့တော်ခန်းမတွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့် သည် NLD အစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် သျှမ်းပြည်နယ်သို့ရောက်ကာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံမှုပြုခဲ့ရာ လားရှိုးမြို့သို့လည်းရောက်ရှိခဲ့ကြသည်။ ဇူလိုင်လ ၁၀ ရက်၊ ယနေ့နံနက်ပိုင်းက လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့ဝင်များ၊ပြည်နယ်/ခရိုင်/မြို့နယ်ဆင့်ဌာဌဆိုင်ရာများ နှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံမှုတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သျှမ်းပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများကို...

လင်းခေးခရိုင် မျက်နှာခြင်းဆိုင် မယ်ဟောင်ဆောင်တွင် ထိုင်းစစ်လေယာဉ်ပျက်ကျ ၃ ဦးသေ

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့မျက်နှာခြင်းဆိုင် - ထိုင်းနိုင်ငံ မြောက်ပိုင်း မယ့်ဟောင့်ဆောင် ခရိုင် တွင် ထိုင်းစစ်တပ်၏ ကင်းလှည့်လေယာဉ်တစီး ပျက်ကျရာ စစ်သည် ၃ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ် ရာရရှိကြောင်းသိရသည်။ ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက ထိုင်းဘုရင့်တပ်မတော် လေယာဉ်တစီးသည်...

ထိုင်းရောက် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ စတင်ဖမ်းဆီးနေ

ထိုင်းနိုင်ငံအတွင်း တရားမဝင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ၊ ချမှတ်ထားသော ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ အလုပ်လုပ်ကိုင်ခွင့်စည်းမျဉ်း ချိုးဖေါက်သူများအား ယခုလဆန်းပိုင်းမှ စတင် ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။ ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်း မှစတင်ကာ ထိုင်း မြန်မာ နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင် စျေးရောင်း နေထိုင်နေသည့်...

တန်ဖိုးအမြင့်ဆုံးဖြစ်သည့် ဘတ် ၁၀၀၀ တန်ထိုင်းငွေစက္ကူ ထိုင်းဘုရင့်မွေးနေ့အထိမ်းအမှတ် ထုတ်ဝေသုံးစွဲ

၁၀ ပါးမြောက် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ သက်တော် ၆၆ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ အစိုးရသည် ၁၀ ပါးမြောက် ထိုင်းဘုရင်မင်းမြတ်၏ ပုံပါ တန်ဖိုးအကြီးဆုံးထိုင်းဘတ်ငွေများ ထုတ်ဝေအသုံးပြုသွားမည်ဖြစ်ကြောင်းကြေငြာပါသည်။ ဇူလိုင်လ ၃ ရက်နေ့က ထိုင်းနိုင်ငံတော်ဗဟိုဘဏ်၏ အကြီးအကဲ မစ္စတာ ၀ီရထိုင်း ဆန်တိပရဖို့ က တရားဝင်ကြေငြာလိုက်ခြင်းဖြစ်ပြီး...

နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်မောဝ်အား ဂုဏ်ပြုသည့် တေးဂီတဖျော်ဖြေပွဲ ဇိဏ်းလျောတီးဝိုင်းနှင့် ချင်းမိုင်သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ ကျင်းပပေးမည်

ထိုင်းနိုင်ငံချင်းမိုင်မြို့ ချင်းမိုင်သျှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီက ဇိဏ်းလျောတေးဂီတအဖွဲ့နှင့် ပူးပေါင်းကာ နိုင်ငံကျော် အဆိုတော် စိုင်းဆိုင်မောဝ်အား ဂုဏ်ပြုပေးသည့် သမိုင်းဝင်ဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်းသိရသည်။ သမိုင်းဝင်တေးဂီတဖျော်ဖြေပွဲကို ဂျူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် ချင်းမိုင်မြို့ ၀ပ်ကူတောက်ဘုန်းကြီးကျောင်းတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ စိုင်းဆိုင်ယ က- “၀င်ခ တဦးကိုဘတ်...

Latest news