Tuesday, January 27, 2026

နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်မောဝ်အား ဂုဏ်ပြုသည့် တေးဂီတဖျော်ဖြေပွဲ ဇိဏ်းလျောတီးဝိုင်းနှင့် ချင်းမိုင်သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ ကျင်းပပေးမည်

ထိုင်းနိုင်ငံချင်းမိုင်မြို့ ချင်းမိုင်သျှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီက ဇိဏ်းလျောတေးဂီတအဖွဲ့နှင့် ပူးပေါင်းကာ နိုင်ငံကျော် အဆိုတော် စိုင်းဆိုင်မောဝ်အား ဂုဏ်ပြုပေးသည့် သမိုင်းဝင်ဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်းသိရသည်။


သမိုင်းဝင်တေးဂီတဖျော်ဖြေပွဲကို ဂျူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် ချင်းမိုင်မြို့ ၀ပ်ကူတောက်ဘုန်းကြီးကျောင်းတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ စိုင်းဆိုင်ယ က- “၀င်ခ တဦးကိုဘတ် ၁၀၀ ကောက်ပါမယ်။ ရလာတဲ့ငွေအားလုံး ပွဲအသုံးစရိတ်ကိုနှုတ်ပြီးရင်ကျန်တာအကုန်လုံး စိုင်းဆိုင်မောဝ်အတွက်ဆေးကုသစရိတ် လှူဒါန်းပေးပို့ပါမယ်။ မိုးဦးဖြစ်လို့ ပွဲမှာ မိုးမိမှာမစိုးရိမ်ရပါဘူး။ ကျနော်တို့ အမိုး မိုးထားပေးပါမယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

နိုင်ငံကျော် သျှမ်းအဆိုတော် စိုင်းဆိုင်မောဝ် အသက် ရ၀ နှစ်သည် အသည်း၊ကျောက်ကပ်၊သွေးတိုးရောဂါနှင့် သွေးကြောပိတ်ရောဂါ ဝေဒနာဖြစ်ပွါးကာ မတ်လကတည်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆုခွန်ဝစ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရပါသည်။

“စိုင်းဆိုင်မောဝ်ဟာ အမျိုးသားရေး နှိုးကြားစေတဲ့တေးသီချင်းတွေကို သီဆိုထုတ်လုပ်ခဲ့တယ်။ သျှမ်းလူမျိုး တွေကို ဂုဏ်ဆောင်ပေးတဲ့ အဆိုတော်တယောက်ကို ဂုဏ်ပြုချင်တာလည်း ပါတယ်။ ဒါကြောင့် သူနဲ့ လက်ရှိနာမည်ကြီး ဇိဏ်းလျောတီးဝိုင်းနဲ့ ပေါင်းပြီးတေးဂီတဖျော်ဖြေပွဲလေးပေါ့ ကျနော်တို့လုပ်ပေးချင်တာ။ တခြားအဆိုတော်တွေကတော့ စိုင်းဟန်လျန်း၊ စိုင်းဆိုင်လျက်နဲ့ စိုင်းလွမ့်ဝန်း တို့ပါမယ်။ ချင်းမိုင်ကို ရောက်နေတဲ့ စိုင်းဆိုင်မောဝ်ရဲ့ပရိသတ်တွေကို ဖိတ်ကြားအပ်ပါတယ်။ စိုင်းဆိုင်မောဝ်ကိုလာအားပေးပါဦးလို့” – ဟု လည်း စိုင်းဆိုင်ယ ကပြောသည်။

စိုင်းဆိုင်မောဝ်သည် မူစယ်မြို့နေ ဦးစိုင်းဘခိုင်နှင့် နန်းအေးစိန်တို့မှ မွေးဖွားသည့် သားသမီး ၆ ဦးအနက် စတုထ္တမြောက်သားဖြစ်ပါသည်။ ၁၉၄၉ခုနှစ် မတ်လ ၁၈ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၆၀ ခုနှစ် ကစပြီး သျှမ်းသီချင်းများကို တိတ်ခွေတွင်အသံသွင်းကာ စတင်ဖြန့်ချီခဲ့ရာမှ ယနေ့တိုင် တေးသီချင်းများသီဆိုနေဆဲဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

” ချယ်ရီပင်အောက် ထာဝရနားခိုသွားချင်တဲ့ သျှမ်းတေးသံရှင် စိုင်းဆိုင်မောဝ်”

0
“အိုး မြောက်ပိုင်းလမ်း ….. မူဆယ်၊ နမ့်ခမ်းလမ်း သြော် မြောက်ပိုင်းလမ်း ကျနော်လေ ရွှေဖီချိန်ခါ လက်ဖက်ပေါတဲ့အခါမှာ ဂျီအမ်စီလို ကားကြီးမျိုး မန္တလေးဘက်ကို ကုန်တင်ကာသွားတယ် …… လမ်းတွေက ဆိုးဆိုး… ချိုင့်တွေက ပေါ….” ဆိုတဲ့ သီချင်းဟာ ခုခေတ်ထိ နာမည်ကြီးနေဆဲပါ ….. ဒီလိုနာမည်ကြီးတဲ့...

ဇိဏ်းလျော နာမည်ကြီး သျှမ်းတေးဂီတတီးဝိုင်း၏ Lead ကျွမ်းကျင် ဂျိမ်းစ် (စိုင်းကျော်စိန်) ကွယ်လွန်

0
ဇိဏ်းလျောတေးဂီတတီးဝိုင်း၏ Lead ဂစ်တာတီးခတ်သူ စိုင်းဂျိမ်းစ်(နမ့်ခမ်း) အသက် ၆၃ နှစ်သည် သက်ကြီး ရောဂါဖြင့်ကွယ်လွန်ခဲ့ပါသည်။ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပေါက်ဟိုကတ်ရပ်ကွက်ရှိ ၄င်း၏ ညီမ ဖြစ်သူနေအိမ်တွင် မတ်လ ၅ ရက် ယနေ့မနက် ၁၀ နာရီခွဲက ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ နမ့်ခမ်းမြို့နေ စိုင်းအိုက်စိုင်းက - “...

သျှမ်းအဆိုတော် စိုင်းဆိုင်မောဝ် ဘန်ကောက်မြို့တွင် ဆေးကုသမှုခံယူနေ

0
နိုင်ငံကျော် သျှမ်းအဆိုတော် စိုင်းဆိုင်မောဝ် အသက် ရ၀ နှစ်သည် အသည်း၊ကျောက်ကပ်၊သွေးတိုးရောဂါနှင့် သွေးကြောပိတ်ရောဂါ ဝေဒနာဖြစ်ပွါးကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆုခွန်ဝစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေ ကြောင်းသိရသည်။ ဧပြီလ ၁ ရက်နေ့ကတည်းက ဆေးရုံတက်ဆေး ကုသမှုခံယူနေခြင်းဖြစ်ကြောင်း လိုက်ပါပြုစုနေသူ စိုင်းဆေတိုင်းကပြောသည်။ ဘယ်တော့ဆင်းရမလဲဆိုတာတော့ ကျနော်တို့မပြောနိုင်သေးဘူး ။ ဆရာဝန်ကဘာမှမပြောသေးဘူး။ ခု...