Tuesday, January 27, 2026

သျှမ်းအဆိုတော် စိုင်းဆိုင်မောဝ် ဘန်ကောက်မြို့တွင် ဆေးကုသမှုခံယူနေ

နိုင်ငံကျော် သျှမ်းအဆိုတော် စိုင်းဆိုင်မောဝ် အသက် ရ၀ နှစ်သည် အသည်း၊ကျောက်ကပ်၊သွေးတိုးရောဂါနှင့် သွေးကြောပိတ်ရောဂါ ဝေဒနာဖြစ်ပွါးကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆုခွန်ဝစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေ ကြောင်းသိရသည်။

ဘန်ကောက်ရောက် သျှမ်းသံဃာတော်များက စိုင်းဆိုင်မောဝ်အားလာရောက်ကြည့်ရှုအားပေး

ဧပြီလ ၁ ရက်နေ့ကတည်းက ဆေးရုံတက်ဆေး ကုသမှုခံယူနေခြင်းဖြစ်ကြောင်း လိုက်ပါပြုစုနေသူ စိုင်းဆေတိုင်းကပြောသည်။

ဘယ်တော့ဆင်းရမလဲဆိုတာတော့ ကျနော်တို့မပြောနိုင်သေးဘူး ။ ဆရာဝန်ကဘာမှမပြောသေးဘူး။ ခု သွေးတိုးတွေဘာတွေတော့မရှိတော့ဘူး။ ကိုယ်လက်လေ့ကျင့်ခန်းတွေကိုဆေးရုံကပုံမှန်လုပ်ပေးနေတယ်။ ဘန်ကောက်ရောက်နေတဲ့ သျှမ်းမိသားစုတွေ ၊ စာသင်သံဃာတော်တွေတော့ လာရောက်အားပေးကြတယ်။ – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

စိုင်းဆိုင်မောဝ်သည် ပြီးခဲ့သည့်မတ်လကတည်းက ကျန်းမာရေးချို့တဲ့နေကြောင်း စိုင်းဆေတိုင်းကပြောသည်။
စိုင်းဆိုင်မောဝ်သည် မူစယ်မြို့နေ ဦးစိုင်းဘခိုင်နှင့် နန်းအေးစိန်တို့မှ မွေးဖွားသည့် သားသမီး ၆ ဦးအနက် စတုထ္တမြောက်သားဖြစ်ပါသည်။ ၁၉၄၉ခုနှစ် မတ်လ ၁၈ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၆၀ ခုနှစ် ကစပြီး သျှမ်းသီချင်းများကို တိတ်ခွေတွင်အသံသွင်းကာ စတင်ဖြန့်ချီခဲ့ရာမှ ယနေ့တိုင် တေးသီချင်းများသီဆိုနေဆဲဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

” ချယ်ရီပင်အောက် ထာဝရနားခိုသွားချင်တဲ့ သျှမ်းတေးသံရှင် စိုင်းဆိုင်မောဝ်”

0
“အိုး မြောက်ပိုင်းလမ်း ….. မူဆယ်၊ နမ့်ခမ်းလမ်း သြော် မြောက်ပိုင်းလမ်း ကျနော်လေ ရွှေဖီချိန်ခါ လက်ဖက်ပေါတဲ့အခါမှာ ဂျီအမ်စီလို ကားကြီးမျိုး မန္တလေးဘက်ကို ကုန်တင်ကာသွားတယ် …… လမ်းတွေက ဆိုးဆိုး… ချိုင့်တွေက ပေါ….” ဆိုတဲ့ သီချင်းဟာ ခုခေတ်ထိ နာမည်ကြီးနေဆဲပါ ….. ဒီလိုနာမည်ကြီးတဲ့...

နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်မောဝ်အား ဂုဏ်ပြုသည့် တေးဂီတဖျော်ဖြေပွဲ ဇိဏ်းလျောတီးဝိုင်းနှင့် ချင်းမိုင်သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ ကျင်းပပေးမည်

0
ထိုင်းနိုင်ငံချင်းမိုင်မြို့ ချင်းမိုင်သျှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီက ဇိဏ်းလျောတေးဂီတအဖွဲ့နှင့် ပူးပေါင်းကာ နိုင်ငံကျော် အဆိုတော် စိုင်းဆိုင်မောဝ်အား ဂုဏ်ပြုပေးသည့် သမိုင်းဝင်ဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်းသိရသည်။ သမိုင်းဝင်တေးဂီတဖျော်ဖြေပွဲကို ဂျူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် ချင်းမိုင်မြို့ ၀ပ်ကူတောက်ဘုန်းကြီးကျောင်းတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ စိုင်းဆိုင်ယ က- “၀င်ခ တဦးကိုဘတ်...