Thursday, January 29, 2026

တပ်မတော် အသုံးစရိတ် ကျပ် ဘီလီယံ ၃၂၀၀ ကျော် တိုးမြှင့်တောင်းခံထား

လာမည့် ဘဏ္ဍာရေး နှစ်အတွက် တပ်မတော် အသုံးစရိတ် ကျပ် ဘီလီယံ ၃၂၀၀ ကျော် ကို ကာကွယ်ရေး ဝန်ကြီးဌာန မှ တိုးမြှင့်တောင်းခံ ထားကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် (MOI)

အဆိုပါ တောင်းဆိုမှုကို ယမန်နေ့ ဇူလိုင် ၂၅ ရက်နေ့ တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ကာကွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က တင်ပြ တောင်းဆိုခြင်း ဖြစ်သည်။

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေး နှစ် အတွက် ကျပ် ဘီလီယံ ၃၂၀၀ ကျော် တောင်းခံလိုက်ရာ ယခင်နှစ်ထက် ၅၇ ဒသမ ၁၁၄ ဘီလီယံ တိုးမြှင့်တောင်းဆိုခြင်း သိရသည်။

တပ်မတော် အသုံးစရိတ် တိုးမြှင့် တောင်းခံရခြင်းသည် ၂၀၁၈ ဧပြီလက အစိုးရဝန်ထမ်း လစာ များတိုးမြှင့် လာသဖြင့် ထပ်မံ လိုအပ်ငွေ ၁၂၇ ဒသမ ၅၁၇ ဘီလီယံ ဖြစ်ပြီး ကျန် အသုံးစရိတ်များကို လျော့နည်း တောင်းခံထားသဖြင့် မဖြစ်မနေ လိုအပ်သည့် ၅၇ ဒသမ ၁၁၄ ဘီလီယံ ကို တိုးမြှင့်တောင်းခံရခြင်း ဖြစ် ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် က ရှင်းပြသည်။

လာမည့် ဘဏ္ဍာရေး တွင် ရသုံးမှန်းခြေ ငွေစာရင်း မှာ သာမန်ရငွေ ကျပ် ရ၁ ဒသမ ၄၄၃ ဘီလီယံ၊ သာမန် အသုံး စရိတ် ၁၈၁၈ ဒသမ ၁၄၆ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ၁၄၃၁ ဒသမ ၉၁၉ ဘီလီယံ တောင်းခံထားရာ စုစုပေါင်း ၃၂၅၀ ဒသမ ၀၆၅ ဘီလီယံ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြောသည်။

အဆိုပါ တင်ပြထားသည့် အသုံးစရိတ်များသည် အဆင့်ဆင့် စိစစ်ကာ ပြုလုပ်ခဲ့ပြီး မဖြစ်မနေ သုံးစွဲ ရမည့် အသုံးစရိတ်များဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်ကို အတည်ပြုပေးနိုင်ရန် တင်ပြခြင်းဖြစ်သည် ဟု ၎င်း က ပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News