Wednesday, January 28, 2026

လင်းခေးခရိုင် မျက်နှာခြင်းဆိုင် မယ်ဟောင်ဆောင်တွင် ထိုင်းစစ်လေယာဉ်ပျက်ကျ ၃ ဦးသေ

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့မျက်နှာခြင်းဆိုင် – ထိုင်းနိုင်ငံ မြောက်ပိုင်း မယ့်ဟောင့်ဆောင် ခရိုင် တွင် ထိုင်းစစ်တပ်၏ ကင်းလှည့်လေယာဉ်တစီး ပျက်ကျရာ စစ်သည် ၃ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ် ရာရရှိကြောင်းသိရသည်။

ပျက်ကျသည့် ထိုင်းတပ်မတော်ကင်းလှည့်လေယာဉ် Photo Credit to Khao Sod

ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက ထိုင်းဘုရင့်တပ်မတော် လေယာဉ်တစီးသည် မယ့်ဆောင်ဆောင်ခရိုင် မယ်ဟောင်ဆောင်မြို့နယ်၊ ပန်မဖာ့မြို့နယ်၊ ပိုင်းမြို့နယ်အတွင်းရေဒါမျက်နှာပြင်မှ ပျောက်ဆုံးသွားသဖြင့် တာဝန်ရှိ နယ်စပ်လုံခြုံရေးစစ်တပ်က သွားရောက်ရှာဖွေရာ ပန်မတ်ဖာ့ မြို့နယ် ဟွေ့ဖင့်ရွာနှင့် ၂ ကီလိုမီတာအကွာတွင် အဆိုပါလေယာဉ်ပျက်ကျနေသည်ကိုတွေ့ရကြောင်း ထိုင်းနိုင်ငံ ရုပ်သံသတင်းဌာနတွင် ဖော်ပြသည်။

အဆိုပါ စစ်လေယာဉ်တစင်းလုံး မီးလောင်ပျက်စီးပြီး လေယာဉ်မှူး နှစ်ဦး နှင့် လိုက်ပါသူ တဦး တို့၏ အလောင်းများအား ရှာဖွေတွေ့ရကြောင်း၊ ကျန်ရှိစစ်သည်တဦးမှာမူ နံရိုးကျိုး၊ ထိခိုက်ပွန်းပဲ့ဒဏ်ရာနှင့် မီးလောင်ခံရသောဒဏ်ရာရရှိထားသဖြင့် မယ့်ဟောင့်ဆောင်ခရိုင်ဆေး ရုံကြီးသို့ပို့ဆောင်ဆေးကုသထားရကြောင်း ထိုင်းသတင်းများထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း – မြန်မာနယ်စပ်တွင် SSPP တံဆိပ်တုံးပါ မူးယစ်ဆေး သယ်လာသူတို့ ထိုင်းစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ဟု သတင်းအမှားဖြန့်

0
လူမှုကွန်ရက်မီဒီယာတွင် ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တံဆိပ်တုံးပါ (999) သုံးလုံးမူးယစ်ဆေးသယ်လာသူနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွား၍ ၄ ဦးသေဆုံးကြောင်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် သတင်းအမှားဖြန့်ချိနေပါသည်။ ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ အမည်ဖြင့် လူမှုကွန်ရက်အကောင့်တစ်ခုမှ...

စစ်ကိုဆက်လက်ဆင်နွှဲပြီး ကျားဖြန့်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်ခံအဖြစ်ခံယူဆောင်ရွက်မည့် စစ်ကောင်စီ

0
အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ကျားဖြန့်နှိမ်နှင်းရေး ကြောင့် စစ်ကောင်စီသည် အဘက်ဘက်မှ ဖိအားများရင်ဆိုင်နေရသည်။ တရုတ်ဖိအားပေးမှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီသည် တရုတ်-မြန်မာနယ်စပ် ဒေသတစ်လျှောက်ရှိ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကိုးကန့်ခေါင်းဆောင်များအပါအဝင် တရုတ်နိုင်ငံသားအများအပြားကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ရသည်။ ထိုအချိန်တွင်...

ထိုင်းစစ်တပ်နှင့် UWSA အရာရှိငယ်များ နယ်စပ်တည်ငြိမ်ရေး တွေ့ဆုံဆွေးနွေး

0
မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အရာရှိငယ်များအကြား နယ်နိမိတ်အငြင်းပွားမှု ပြဿနာဖြေရှင်းရန် နယ်စပ်တည်ငြိမ်ရေးကိစ္စ မြေမြင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၁၈) ရက်တွင် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားမှု ဖြစ်ပွားနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာတွင် နှစ်ဘက်တပ်ဖွဲ့ အရာရှိငယ်များအကြား တွေ့ဆုံခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးအတွက်...

ထိုင်းစစ်တပ်နှင့် UWSA အကြား နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီက ဆွေးနွေးမည်ဟု စစ်ကောင်စီပြော

0
မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား အငြင်းပွားနေသည့် နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီမှတဆင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုလိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) တွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုင်းနိုင်ငံ၌ ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘော...

ထိုင်းစစ်တပ်နှင့် UWSA အကြား စစ်ရေးတင်းမာမှု ကောလာဟလဖြစ်ကြောင်း ‘ဝ’တပ်ဖွဲ့ပြောဆို

0
မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ လက်အောက်ခံ တပ်စခန်းများနှင့် ထိုင်းစစ်တပ်တို့အကြား စစ်ရေးတင်းမာမှု အခြေအနေမှာ ကောလာဟလ ဖြစ်ကြောင်း ‘ဝ’တပ်ဖွဲ့ UWSA က ပြောဆိုလိုက်သည်။ ‘ဝ’တပ်ဖွဲ့ UWSA သည် ထိုင်းစစ်တပ်နှင့် ရန်သူ မဟုတ်သလို စစ်ဖြစ်မည်ဟု မီဒီယာအချို့က...