မူဆယ်တွင် တရုတ်ဘက်က စက်သုံးဆီကန့်သတ်ခြင်းကြောင့် ဆီပြတ်၊ ဆီဆိုင်အချို့ တန်းစီဝယ်ယူနေရ
SHAN -
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တရုတ်ဘက်မှ စက်သုံးဆီတင်သွင်းခွင့် ကန့်သတ်လိုက်ခြင်းကြောင့် စက်သုံးဆီပြတ်လပ်ကာ ဓာတ်ဆီဆိုင်အချို့တွင် ဆီဝယ်ရန် တန်းစီးနေရသည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၂ )ရက်နေ့မှ စတင်ပြီး တရုတ်အာဏာပိုင်များဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီ တင်သွင်းခွင့်ကို ကန့်သတ်လိုက်ခြင်းကြောင့် စက်သုံးဆီပြတ်လပ်နေကြောင်း ဒေသခံများကပြောသည်။ ယနေ့ (နိုဝင်ဘာလ ၈...
နယ်စပ်ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ် ဝန်ကြီးချုပ် ပြောဆို
SHAN -
တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) က တွေ့ဆုံစဥ် ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိင်ငံ၏ အချုပ်အခြာ...
ပြင်ဦးလွင်မြို့ စစ်ကောင်စီ တပ်သားသစ် အပြင်းအထန် စုဆောင်းနေ
SHAN -
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့တွင် စစ်ကောင်စီတပ်က အတင်းအဓမ္မ တပ်သားသစ် အပြင်းအထန် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်)တွင် ပြင်ဦးလွင်မြို့ရှိ ရပ်ကွက်ကြီး(၁၈) ဒိုးကွင်းရွာမှ စစ်ကောင်စီတပ်ခန့် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်သည် ရပ်ကွက်အတွင်း တစ်လလျှင် လူငယ် (၂) ဦးကို တပ်သားသစ်အဖြစ် စစ်မှုထမ်းသင်တန်းသို့...
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ စတင်ပိတ်ပင်ပြီး စားနပ်ရိက္ခာနှင့် စက်သုံးဆီ သယ်ယူခွင့် မပြုတော့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA...
UWSA ထိန်းချုပ်သည့် ဟိုပန်မြို့နယ် စက်သုံးဆီ အလုအယက်ဝယ်ယူနေ
သျှမ်းပြည် ဟိုပန်မြို့နယ်တွင် တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေးလမ်းကြောင်းပိတ်မည့် သတင်းကြောင့် စက်သုံးဆီများကို အလုအယက် ဝယ်ယူနေကြကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၄ ရက်) နံနက်အစောပိုင်းမှ စတင်ပြီး ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်မည့် သတင်းကြောင့် စက်သုံးဆီများကို အလုအယက်...
မူဆယ် မြန်မာ-တရုတ်နယ်စပ် ပို့ကုန်သွင်းကုန် အဝင်အထွက် တင်းကြပ်မှုရှိလာ
SHAN -
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး တင်းကြပ်ပြီး တရုတ်ဘက်မှ တင်သွင်းကုန်များလည်း ပိတ်ဆို့ခံရမှု ရှိနေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ဒုတိယပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်ရှိ တရုတ်အာဏာပိုင်များမှ မြန်မာပြည်သို့ တင်သွင်းမည့် တပိုင်တနိုင် ပစ္စည်းများကို ယခင်လို ဖြတ်သန်းခွင့် မပေးဘဲ စစ်ဆေးမှု...
သျှမ်းတောင် ရေကြီးမှုနောက်ဆက်တွဲ ကုန်စိမ်းသီးနှံဈေးနှုန်းများ နှစ်ဆကျော် မြင့်တက်
SHAN -
ရေကြီးမှုဒဏ် ဆိုးရွားစွာ ခံစားခဲ့ရသော သျှမ်းပြည်တောင်ပိုင်းတွင် နောက်ဆက်တွဲအဖြစ် ကုန်စိမ်းဈေးနှုန်း ထပ်မံမြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရှိသည်။ စက်တင်ဘာလ ပထမအပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် သျှမ်းပြည်တောင်ပိုင်းတွင် နေရာအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လယ်ယာစိုက်ခင်းများ၊ သီးနှံစိုက်ခင်းများစွာ ပျက်စီးခဲ့ပြီးနောက် လက်ရှိတွင် ကုန်စိမ်းပစ္စည်း ဈေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း အောင်ပန်းမြို့...
မိုင်းဆတ်မြို့ ကုန်သွယ်ရေးခက်ခဲ စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် တစ်လကျော်ကြာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ကုန်သွယ်ရေးခက်ခဲကာ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့်လ (စက်တင်ဘာ ၁၀ ရက်) တွင် မိုးရွာသွန်းမှုကြောင့် မိုင်းဆတ်-တာချီလိတ်သွားသည့် ဆိုက်ခေါင်တံတားသည် တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစပြီး မိုင်းဆတ်-တာချီလိတ်ကို ဆက်သွယ်သော လမ်း၊ တံတားများ...
ကမ္ဘောဇဘဏ်ယာယီပိတ်ထား၊ ငွေဆုံးရှုံးမှု ဖြစ်မည် စိုးရိမ်
SHAN -
မြန်မာတစ်နိုင်ငံလုံးအများဆုံး အသုံးပြုနေသော ကမ္ဘောဇဘဏ်နှင့် KBZ pay ကို ယာယီပိတ်ထားတာကြောင့် အသုံးပြုသူများ ငွေဆုံးရှုံးမှု ဖြစ်မည်ကို စိုးရိမ်နေရကြောင်း သိရသည်။ ယနေ့ (အောက်တိုဘာလ ၅) ရက်တွင် ကမ္ဘောဇဘဏ်နှင့် KBZ pay ကို နေ့လည် ၁၂ နာရီမှ ညနေ ၅နာရီခွဲအချိန်ထိ...
မူဆယ်မြို့ ရှိ တပိုင်တနိုင် ကုန်သယ်သည့် တရုတ်နယ်စပ် ဆင်ဖြူဂိတ် အချိန်လျော့ ဖွင့်လှစ်ပေး
SHAN -
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က အချိန်လျော့ပြီး ဖွင့်လှစ်ပေးနေကြောင်း စုံစမ်သိရသည်။ အဆိုပါဂိတ်သည် ယခင်တွင် နံနက် ၈ နာရီ မှ ညနေ ၆နာရီထိ ဖွင့်လှစ်ခဲ့ရာ ယခုတွင် နံနက် ၁၀နာရီမှ ညနေ ၄နာရီထိ အချိန်လျော့ ဖွင့်လှစ်နေကြောင်း...






