အေးသာယာ-စက်မှုဇုန်တွင် ဝယ်ယူပြီးသားမြေကွက်များအား ခြံစည်းရိုးခတ်ကာ ပြန်လည်သိမ်ဆည်းမှုများရှိနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာ-စက်မှုဇုန်အတွင်း ဝယ်ယူပြီးသားမြေကွက်များကို မကျူးကျော်ရစာများလာကပ်သွားပြီး ခြံစည်ရိုးများခတ်ကာ ပြန်လည်သိမ်းဆည်းမှုများရှိနေသောကြောင့် မြေဝယ်ယူရာတွင် သတိထားရန်လိုအပ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဇန်နဝါရီလ ပထမပတ်တွင် အေးသာယာ-စက်မှုဇုန်အတွင်း ပြည်သူများဝယ်ယူထားသော မြေကွက်များအား ခြံစည်းရိုးခတ်ကာ မကျူးကျော်ရန် စာလာကပ်သွားကြောင်း ထိုသို့ခြံစည်းရိုးခတ်သွားသည့်အကြောင်းအရင်းကိုလည်း မသိရှိရကြောင်း မြေဝယ်ယူထားသူ အချို့က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ဝယ်ထားတာက ၅ နှစ်ရှိပြီ၊ စာချုပ်နဲ့ဝယ်ထားတာ၊ ခုက ခြံစည်းခတ်ပြီး ရေးသွားတာက ပိုင်ရှင်ရှိသည် မကျူးကျော်ရတဲ့၊ စာချုပ်ချုပ်ပေးတဲ့ ရှေ့နေ့အမကြီးက တပ်ကသိမ်းသွားပြီးလား မသိဘူးဆိုပြီး အဖြေအတိအကျမသိဘူးတဲ့” ဟု မြေဝယ်ထားသည့် အေးသာယာမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

ထိုသို့ အကြောင်းအရင်းအတိအကျမသိရပဲ ခြံစည်းရိုးခတ်ခံရခြင်းခံရသည့်မြေအား ဝယ်ယူထားမိသူ ပိုင်ရှင် ၂၀ ခန့်ဦးရှိကြောင်းလည်း သိရသည်။

ဟိုပုံး မြေကွက်စျေးကွက်

“ခန့်မှန်းချေ အိမ်ခြေ ၂၀ လောက်ရှိတယ်၊ စာချုပ်ချုပ်တုန်းက ရှေ့နေကတော့ စုံစမ်းပေးမယ်ပြောပေမယ့် ၁ ပတ်ကျော်ပြီ ဘာမှမသိရသေးဘူးတဲ့၊ ကုမ္ပဏီတစ်ခုက ဝယ်သွားတယ်လို့လည်း ကြားတယ်” ဟု ၎င်းကဆက်ပြောသည်။

ထိုသို့ အသိမ်းခံရသည့်ကိစ္စအား အသေးစိတ်သိရှိရန် သျှမ်းသံတော်ဆင့်မှ စုံစမ်းနေဆဲဖြစ်သည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် အနီးတဝိုက်မြို့နယ်များသည် သျှမ်းမြောက်ကဲ့သို့ စစ်ရေးအခြေအနေမပြင်းထန်သည့်အတွက် အခြားဒေသမှ စစ်ဘေးရှောင်လာသော စစ်ရှောင်များမှာ မိမိတို့တတ်နိုင်သည့်အခြေအနေပေါ်မူတည်၍ နေအိမ်၊ခြံကွက်များဝယ်ယူမှုများလည်းရှိနေသည်။

အချို့နေရာများတွင် မြေပွဲစားများမှ မြေအမျိုးအစားများကို သေချာရှင်းပြခြင်းမရှိသောကြောင့် ဝယ်ယူပြီးနောက်မှ ပြန်လည်အသိမ်းခံရသည့် ကိစ္စများလည်း ဖြစ်ပွားလျက်ရှိနေသည်။

မြေကွက်ရိုက်ရောင်းချ

ထိုကြောင့် ပြည်သူများအနေဖြင့် နေအိမ်၊ ခြံကွက်များဝယ်ယူရာတွင် မြေအမျိုးအစားအား သေချာလေ့လာစုံစမ်း၍ ခိုင်မာသော စာရွက်စာတန်းများရှိမှ ဝယ်ယူသင့်ကြောင်း မြေယာဥပဒေများအကြောင်း နားလည်သည့် ရှေ့နေတစ်ဦးက အကြံပြုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း တောင်ကြီးမြို့နယ် ပေါမူကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO)က ပြည်သူပိုင်မြေများကို အဓမ္မသိမ်းယူပြီး အကွက်ရိုက်ကာ ပြန်လည်ရောင်းချမှုများလည်းရှိခဲ့ကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...