မြေကွက်ရိုက်ရောင်းချ
အေးသာယာ-စက်မှုဇုန်တွင် ဝယ်ယူပြီးသားမြေကွက်များအား ခြံစည်းရိုးခတ်ကာ ပြန်လည်သိမ်ဆည်းမှုများရှိနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာ-စက်မှုဇုန်အတွင်း ဝယ်ယူပြီးသားမြေကွက်များကို မကျူးကျော်ရစာများလာကပ်သွားပြီး ခြံစည်ရိုးများခတ်ကာ ပြန်လည်သိမ်းဆည်းမှုများရှိနေသောကြောင့် မြေဝယ်ယူရာတွင် သတိထားရန်လိုအပ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ဇန်နဝါရီလ ပထမပတ်တွင် အေးသာယာ-စက်မှုဇုန်အတွင်း ပြည်သူများဝယ်ယူထားသော မြေကွက်များအား ခြံစည်းရိုးခတ်ကာ မကျူးကျော်ရန် စာလာကပ်သွားကြောင်း ထိုသို့ခြံစည်းရိုးခတ်သွားသည့်အကြောင်းအရင်းကိုလည်း မသိရှိရကြောင်း မြေဝယ်ယူထားသူ အချို့က သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ဝယ်ထားတာက ၅...





