Wednesday, January 28, 2026

အရပ်သားဖမ်းဆီးမှု

ရွာငံမြို့နယ် စစ်ကော်မရှင်တပ်မှ အရပ်သား (၄)ဦးကို အကြောင်းမဲ့ ထပ်မံဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အရပ်သား (၄)ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်တွင် စစ်ကော်မရှင်က ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး တောတောင်အနီး တော်လှန်ရေးတပ်ဖွဲ့များကို ရှာဖွေခြင်း၊ အရပ်သားနေအိမ်သို့ ဝင်ရောက် ရှာဖွေခြင်းများ ပြုလုပ်ကာ အရပ်သား (၄)ဦးကို စစ်ကော်မရှင်က ဖမ်းသွားခဲ့ကြောင်း...

ရွာငံမြို့နယ် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး၊ အရပ်သားဖမ်းဆီးမှုကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်နေ

သျှမ်းပြည် ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်တပ် မကြာခဏ စစ်ကြောင်းထိုးပြီး အရပ်သား နေအိမ်ကို မီးရှို့ခြင်း၊ အမျိုးသမီးများပါမကျန် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုးလာပြီး အမျိုးသမီးနှစ်ဉီးနှင့် အမျိုးသား (၈)ဉီးတို့ကို...

ရွာငံ စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အမျိုးသမီး နှစ်ဦးအပါအဝင် ဒေသခံ ၁၀ဦး ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အမျိုးသမီး နှစ်ဦးအပါဝင် ဒေသခံ ၁၀ဦး ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်က အင်အား ၂၀၀ ကျော်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး အသက် ၃၀ ကျော်အမျိုးသမီး...

ကျောက်မဲမြို့နယ်တွင် ကျွန်းပင်ခုတ်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် ဒေသခံ ၁၇ ဦး TNLA မှ ပြန်မလွှတ်သေး

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)သည် ကျွန်းပင်ခုတ်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် အရပ်သား ၁၇ ဦးကို ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ တတိယပတ်တွင် TNLA တပ်သားများသည် ကျောက်မဲမြို့နယ် ပန်ပေါင်း၊ လုံကြိမ်၊ ကျောင်းကုန်၊ မန်ကျောင်း၊ နောင်ပိတ် စသည့် အရပ်သားများကို ကျွန်းပင်ခုတ်သည်ဟု...

သိန္နီတွင် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများဖမ်းဆီး၊ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်မတော် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများကို ဖမ်းဆီးကာ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသခံများထံမှသိရသည်။ သိန္နီမြို့ကို ကိုးကန့်တပ်မတော် MNDAA က ထိန်းချုပ်ထားပြီးသည့်နောက် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များကို ရှောင်သခင်ဝင်ရောက်စစ်ဆေးကာ လူငယ်၊ လူလတ်ပိုင်း အမျိုးသားများကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲပြီး MNDAA...

Latest news