အမိုးအကာလိုအပ်
သျှမ်း-ကယားစစ်ရှောင် ၅၀၀၀ ကျော် အမိုးအကာနှင့် ဆောင်းရာသီသုံးပစ္စည်းများ အရေးတကြီးလိုအပ်နေ
သျှမ်းပြည်တောင်ပိုင်း သျှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ထောင်ဂဏန်း အတွက် နေရာထိုင်ခင်း (အမိုးအကာ)၊ ဆောင်းရာသီ အသုံးအဆောင်ပစ္စည်းများ နှင့် အခြားအကူအညီများ ဆက်လက်လိုအပ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစပြီး ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၊ ဖယ်ခုံ-ပင်လောင်း နယ်စပ်တစ်လျှောက်ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)...
ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၃၀၀၀ အတွက် အမိုးအကာ လိုအပ်နေ
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာ ၄ ရွာကို စစ်ကော်မရှင်တပ်က နေအိမ်မီးရှို့ ဖျက်ဆီးမှု ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံ ၃၀၀၀ ဝန်းကျင် ထွက်ပြေးနေကြပြီး နေရာထိုင်ခင်းအတွက် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ယခုလ အောက်တိုဘာ ပထမပတ်နှင့် ဒုတိယပတ်အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာ၊ မြောက်စလုံးကျေးရွာ၊...
ပင်လောင်းစစ်ရှောင်များ အမိုးအကာလိုအပ်နေ
ပင်လောင်းမြို့နယ်တွင် မိုးကြီးလေးပြင်းတိုက်ခက်ခဲ့မှုကြောင့် စစ်ဘေးရှောင်စခန်းမှ အမိုးအကာများပျက်စီးသဖြင့် အကူအညီလိုအပ်နေကြောင်း သိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်စခန်းရှိသည့် နောင်တရား၊နောင်ခါ၊ ဆောင်းခါး၊ ပင်ခွန် စသည့်နေရာအချို့တွင် ပြီးခဲ့သည့် မေလ ၁၇ ရက်နှင့် ၁၉ ရက်က မိုးကြီးပြင်းတိုက်ခက်မှကြောင့် အမိုးအကာများပျက်စီးသွားသဖြင့် အမိုးအကာလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက...





