Tuesday, January 27, 2026

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၃၀၀၀ အတွက် အမိုးအကာ လိုအပ်နေ

သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာ ၄ ရွာကို စစ်ကော်မရှင်တပ်က နေအိမ်မီးရှို့ ဖျက်ဆီးမှု ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံ ၃၀၀၀ ဝန်းကျင် ထွက်ပြေးနေကြပြီး နေရာထိုင်ခင်းအတွက် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ယခုလ အောက်တိုဘာ ပထမပတ်နှင့် ဒုတိယပတ်အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာ၊ မြောက်စလုံးကျေးရွာ၊ ဘောရန် အပေါ်ကျေးရွာနှင့် ဘောရန် အောက်ကျေးရွာတို့ကို စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးကာ ပြည်သူနေအိမ်များကို မီးရှို့ဖျက်စီးခဲ့ပြီး ကရင်နီတော်လှန်ရေး တပ်‌ပေါင်းစုတို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုကျေးရွာများ မီးရှို့ခံရပြီး ဒေသခံများ ထွက်ပြေးလာစဉ် စစ်ဘေးရှောင်အချို့ကို ကရင်နီတော်လှန်ရေးတပ်တော်နှင့် အခြားသော စစ်ရှောင်ကူညီရေးအဖွဲ့များကလည်း ပြောင်းရွှေ့ကူညီပေးခဲ့ကြောင်း (PNDF-KK) တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စထွက်ပြေးတဲ့ ရက်တုန်းကတော့ စစ်ဘေးရှောင်တွေက အကုန် ထောင်ချီ စုနေတာ။ သူတို့ကို နေရာတွေ ပြောင်းရွှေ့ကူခဲ့ရတယ်။ လူက အရမ်းများတော့ နေရာတွေခွဲရတယ် ပြောင်းရတယ်။ တောင်ယာထဲတွေ၊ တောထဲတွေ ထွက်ပြေးတိမ်းရှောင်နေတာလည်း ရှိတယ်”ဟု စစ်ဘေးရှောင် ကူညီ‌ပေးသည့် တော်လှန်ရေးတပ်သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၃၀၀၀ ဝန်းကျင်သည် လက်ရှိတွင် သျှမ်း – ကရင်နီပြည် နယ်စပ်တကြော နီးစပ်ရာ ကျေးရွာ၊ စစ်ဘေးရှောင်စခန်းနှင့် တောတောင်အတွင်း ခိုလှုံနေကြပြီး နေရာထိုင်ခင်းများအတွက် အမိုးအကာ၊ ဝါးနှင့် သစ်များ လိုအပ်နေကြောင်း Jobs For Kayah တာဝန်ရှိသူ တစ်ဦးက ထပ်လောင်းပြောသည်။

“လမ်းဘေးမှာ အဆင်ပြေသလို ယာယီနေနေကြတဲ့ စစ်ရှောင်တချို့တွေလည်း ရှိတယ်။ အကုန်လုံးကတော့ အဆင်ပြေသလို ယာယီ နေနေရတာပါ။ တချို့တွေကလည်း နေစရာ လုပ်နေတုန်းပါ။ အကုန်လုံးနီးပါးကတော့ အကူအညီတွေ လိုအပ်နေပါတယ်”ဟု Jobs For Kayah ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း အကူအညီများ လိုအပ်နေသည့်အပြင် စားနပ်ရိက္ခာ အတွက်လည်း အကူအညီများ လိုအပ်နေကြကြောင်း Jobs For Kayah အဖွဲ့မှ ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

ထိုစစ်ဘေးရှောင် ၃၀၀၀ ဝန်းကျင်ထဲတွင် အများစုသည် သက်ကြီးရွယ်အိုနှင့် ကလေး အများစု ဖြစ်နေသည့်အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ တောင်စလုံးရွာ၊ မြောက်စလုံးရွာ၊ ဘောရန် အပေါ်ရွာနှင့် ဘောရန် အောက်ရွာတို့သည် စစ်ကော်မရှင်တပ်၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်‌ပေါင်းစုတို့အကြား တိုက်ပွဲများကြောင့် တတိယအကြိမ်မြောက် ထပ်မံထွက်ပြေး တိမ်းရှောင်ရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၃) ရက်နေ့မှ စပြီး ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ အနီးအနားတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့်အပြင် ထိုကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကော်မရှင်တပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းတမ်းပစ်ခတ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...

ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ဘေးရှောင် ၆၀၀ ခန့် သောက်သုံးရေ ခက်ခဲ

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောတွင် ၃ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် အနွေးထည်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် ဖယ်ခုံ - ပင်လောင်းနယ်စပ် တကြောတွင် ပြီးခဲ့သည့် အောက်တိုဘာလ...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါး နှင့် အနွေးထည်များလိုအပ်

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ကျော် အတွက် ဆေးဝါး နှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာ နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်...