ရှေ့တန်းပို့

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

“လူကောင်မမြင်ဘူး၊ သူတို့ကပစ်ပစ်ဆိုလို့ ပစ်လိုက်တာ”

စစ်ကောင်စီ အသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ မဖြစ်မနေစစ်သင်တန်းကို တက်ခဲ့ရပြီးနောက် ရှေ့တန်းကို ပို့ခံလိုက်ရသည့်သင်တန်ဆင်းတစ်ဦးက အထက်ပါအတိုင်း ဖွင့်ဟပြောဆိုလာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်လပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ပြည်သူ့စစ်မှုထမ်း စစ်သင်တန်းတက်ခဲ့ရပြီးသည့်နောက် သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ခမရ (၄၂၄) တပ်ရင်းထံ အပို့ရသည်ဟု သူကဆိုသည်။ သြဂုတ် ၁၀ ရက်တွင်...

Latest news