KIA
ကွတ်ခိုင် လူငယ် (၃)ဦး KIA ဖမ်းဆီးခေါ်ဆောင်သွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် လူငယ် အမျိုးသား (၃)ဦး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ကွက်ခိုင်မြို့နယ် ယုံးမောကျေးရွာအုပ်စု နားငူးကျေးရွာတွင် ဖေဖော်ဝါရီ (၁၁)ရက် ည (၉)နာရီခန့်၌ လူငယ် အမျိုးသား (၃)ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးသွားသဖြင့် လက်ရှိချိန်ထိ...
စစ်ကောင်စီ ခြိမ်းခြောက်မှုကြောင့် လက်နက်ကြီးသံကြား စျေးဆိုင်ဖွင့်နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့ တိုးဂိတ်အနီး လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရသော်လည်း စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကြောင့် ဆိုင်ခန်းများ ဖွင့်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ ဖေဖော်ဝါရီ (၁)ရက်နေ့မှာ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းခြင်း (၁)နှစ်ပြည့်ပြီး အသံတိတ် သပိတ်မပြုလုပ်ရန် စျေးသည်များကို စျေးဆိုင်ဖွင့်ရမည်ဟု ခံဝန်လက်မှတ်ထိုးခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။ “၂ ဘက် တိုက်ပွဲဖြစ်နေတယ်။...
ကွတ်ခိုင်မြို့နယ် အတွင်း တစ်နာရီနီးပါးကြာတဲ့ တိုက်ပွဲဖြစ်ပွား
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းတွင် ယနေ့ (ဒီဇင်ဘာ ၈)ရက် မနက် ၂ နာရီ ဝန်းကျင်တွင် တစ်နာရီ နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ “ဒီနေ့ပေါ့ မိုးမလင်းသေးတဲ့အချိန် ကျနော်တို့ရွာ ( နမ့်ပါချီးကျေးရွာ)နား ပစ်ခတ်သံတွေကြားရတယ်၊ စစကြားတုန်းက သေနတ်သံတွေပဲ၊ နောက်တော့ လက်နက်ကြီး...
KIA ရိုက်နှက်မှုကြောင့် ဒေသခံတဦး ဒဏ်ရာပြင်းထန်၊ KIA ဘက်မှ တာဝန်ယူမည်မဟုတ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာတွင် မြေယာကိစ္စကြောင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဒေသခ (၆)ဦးကို ဖမ်းဆီး ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ လွန်ခဲ့သည့် အောက်တိုဘာ (၂၄)ရက် ကွတ်ခိုင်မြို့နယ် ပန်လောကျေးရွာ ဒေသခံများသည် ကချင်တပ်မတော် (KIA) ထိန်းချုပ်နယ်မြေထဲ တောင်ယာလုပ်ရန်အတွက် ခြံခုတ်ရှင်းလင်းမှုကြောင့်...
စစ်တပ် သတင်းပေး သိန္နီမြို့နယ်ပညာရေးမှူးကို KIA နှင့် MNDAA တို့က စာပို့
SHAN -
သျှမ်းပြည် မြောက်ပိုင်း၊ သိန္နီမြို့မှ Non -CDM ပြုလုပ်ထားသည့် မြို့နယ်ပညာရေးမှူး၏ လက်ကိုင်ဖုန်းထံ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(၂)ဖွဲ့က ခြိမ်းခြောက်စာပို့လာကြောင်း စုံစမ်းသိရသည်။ Non-CDM ပြုလုပ်ထားသည့် မြို့နယ်ပညာရေးမှူးဖြစ်သည့် ဒေါ်သူဇာအေး၏ လက်ကိုင်ဖုန်းသို့ ဇွန် (၂၅)ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ကိုးကန့်တပ်မတော် (MNDAA)တို့က ခြိမ်းခြောက်စာပို့လာကြောင်း သိရသည်။ ခြိမ်းခြောက်ခံရသူ...
မိုင်းယော် မန်ပန်ပြည်သူ့စစ် ကိုKIA တပ်မှ (၂ )ရက်အတွင်း တပ်ဆုတ်ခိုင်း
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် အတွင်းရှိ လှုပ်ရှားနေသည့် မန်ပန်ပြည်သူ့စစ်ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က (၂) ရက်အတွင်း တပ်ဆုတ်ထွက်ခွာရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယော်တိုက်နယ် ဆေးရုံအနီး ဂုံထိပ်တွင် တပ်စွဲထားသည့် မန်ပန်ပြည်သူ့စစ် ကို KIA က ယမန်နေ့ (ဇွန်...
သျှမ်းမြောက်အတွင်း တပ်သားသစ်ကောက်ပြီး၊ တိုင်းရင်းသားချင်းတိုက်ပွဲမဖြစ်စေလို
SHAN -
သျှမ်းပြည် မြောက်ပိုင်း အတွင်း တိုင်းရင်းသားလက်နက်ကိုင် တချို့ တပ်သားသစ် စုဆောင်းနေသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ ကို ပြည်သူများက ရရာလက်နက်ကိုင်စွဲကာ တော်လှန်တိုက်ခိုက်နေချိန် သျှမ်းမြောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများက နေရပ်စွန့်ခွာနေရသည့် ဘဝရောက်ရှိနေသည်။ ထို့ကြောင့် တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်ရမည်ကို မလိုလားသည့်အတွက်...
ဗန်းမော် စစ်ရှောင် (၃၀၀၀ )ကျော် အတွက ်ဆေးဝါးများ အရေးပေါ်လိုအပ်နေ
SHAN -
ကချင်ပြည် ဗန်းမော်မြို့တွင် ရောက်ရှိနေသည့် သျှမ်းစစ်ရှောင် (၃၀၀၀ )ကျော် အတွက် ဆေးဝါး များ အခက်အခဲဖြစ်ကာ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။ ထိုစစ်ရှောင်များသည် မိုးမောက်မြို့နယ်တွင် ကချင်တပ်မတော် (KIA) နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်မှုကြောင့် ဗန်းမော် မြို့နယ် ဘက်သို့ ထွက်ပြေတိမ်းရှောင်လာရပြီး၊ ယခုထိ...
သျှမ်းမြောက် စစ်ကောင်စီ စက်သုံးဆီယာဉ် (၇)စီး ကို KIA လက်နက်ကြီးဖြင့် ပစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဘက်မှ တင်ဆောင်လာသည့် စစ်ကောင်စီ အုပ်စု၏ စက်သုံးဆီ ယာဉ် (၇)စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ လက်နက်ကြီးဖြစ် ပစ်ခတ်လိုက်ကြောင်း သတင်းရရှိသည်။ ယနေ့ မနက် (၇)နာရီ ဝန်းကျင်တွင် သျှမ်းမြောက် ကွတ်ခိုင် နမ့်ပါချီး ကျေးရွာအနီး ရှိ ပြည်ထောင်စု...
မိုးမောက် စစ်ဘေးရှောင်များအတွက် အမိုးအကာနှင့် ထင်းများလိုအပ်နေ
SHAN -
ကချင်ပြည် မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ နှင့် ကချင်တပ်မတော်(KIA) တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်များအတွက် အမိုးအကာများ ချက်ပြုတ်ရန်အတွက် ထင်းများ လိုအပ်လာကြောင်း စုံစမ်းသိရှိရသည်။ ထိုတိုက်ပွဲကြောင့် စစ်ဘေးရှောင် (၄၈၀၀) ကျော် ရှိပြီး ၎င်းတို့အထဲတွင် သျှမ်းလူမျိုးများ နေထိုင်သည့် ကျေးရွာ (၅၀) ကျော် ရွာလုံးကျွတ်သည်...





