Wednesday, May 1, 2024

နမ့်ခမ်းမြို့နယ်

တရုတ်နယ်စပ် နမ့်ခမ်းမှခြံထွက်သီးနှံများ တရုတ်ပြည်သို့တင်ပို့ခွင့် တရုတ်အစိုးရပိတ်

မြန်မာ တရုတ် နယ်စပ်ဒေသဖြစ်သည့် သျှမ်းမြောက် နမ့်ခမ်းဒေသ အတွင်း ထွက်ကုန်များ တရုတ်ပြည် သို့ တင်ပို့ရောင်းချရန် အခက်ကြုံနေရကြောင်း နမ့်ခမ်း တောင်သူများ၏ ပြောကြားချက်အရ သိရသည်။ နမ့်ခမ်းမြို့နယ် တောင်သူများ၏ တပိုင် တနိုင် ခြံထွက် သီးနှံများကို တရုတ်နိုင်ငံ နောင်တောင်းမြို့ စစ်ဆေးရေးဂိတ် မှတဆင့်...

နမ့်ခမ်းလယ်သမားတဦး မိုင်းနင်းမိဒဏ်ရာအပြင်းအထန်ရရှိ

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် နမ့်ခမ်းမြို့နယ် မန့်ပန်ကျေးရွာဒေသခံတဦး လယ်ထဲတွင် မြေမြုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နမ့်ခမ်းမြို့နယ် မန့်ပန်ကျေးရွာနေ တားအိုက်ယိုင် ခေါ် ကွန်းအိုက်အောင် ဆိုသူသည် ၄င်း၏လယ်အတွင်း လုပ်ငန်းခွင်ဝင်နေစဉ် ပေါက်ပြားဖြင့်ပေါက်မိသဖြင့် မိုင်းကွဲကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နမ့်ခမ်းမြို့ခံ စိုင်းအိုက်နော်...

နမ့်ခမ်းမြို့ SNLD ပါတီအလုပ်အမှုဆောင်ပြန်လည်ရွေးကောက်ခြင်း ၂ နှစ်ပြည့်အခမ်းအနား လူထု ၁ ထောင်ကျော်တက်ရောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီ အလုပ်အမှုဆောင်ပြန်လည်ရွေးကောက်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို နမ့်ခမ်းမြို့နယ် တွင်ကျင်းပရာ ဒေသခံလူထု ၁ ထောင်ကျော် တက်ရောက်ကြောင်းသိရသည်။ "နမ့်ခမ်းဒေသခံတွေ နဲ့ ကျားခေါင်းပါတီလွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ချင်တာရယ်။ လူထုကိုအားပေးချင်တာရယ် ဒီရည်ရွယ်ချက်နဲ့ပါ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ကျနော်တို့ ဒီနမ့်ခမ်းမှာ မအောင်ပေမယ့် လူထုအတွက် အမြဲမပြတ်လုပ်ပေးနေတယ်ဆိုတဲ့အကြောင်းလည်းရှင်းပြချင်တာရယ်။ ဒီတွေ့ဆုံပွဲကိုလုပ်ရတာဖြစ်ပါတယ်။" - ဟု...

စက္ကူစက်ရုံ တားမြစ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးကို နမ့်ခမ်း လူထုစာပေးပို့

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟင်လုံအုပ်စု ဟန်ကမ်းရွာ ရွှေလီမြစ်ကမ်းနံဘေး ကြိုးတံတားဟောင်းနဲ့ကြိုးတံတားသစ်ကြားမှာ မြန်မာ့မြှားဦးကုမ္မဏီကနေ စက္ကူစက်ရုံလာဆောက်မယ့်အပေါ် တားမြစ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးကို လူထုကနေ စာရေးသားပေးပို့ခဲ့ပါတယ်။ မေလ ၂၀ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ခဲ့တာဖြစ်ပါတယ်။ စက္ကူစက်ရုံကနေ စွန့်ပစ်မယ့် ဓါတုအဆိပ်ရည်ပါ ရေညစ်တွေကြောင့် ဒေသခံလူထု ဆိုးကျိုးခံစားရမှာဖြစ်တဲ့အတွက် စက်ရုံကိုအလိုမရှိကြောင်း ၂၀၁၇ နို၀င်ဘာလတုန်းက...

နမ့်ခမ်းမြို့နယ်အတွင်း စိုက်ထူမည့် တယ်လီဖုန်းတိုင်တခု ဒေသခံများကန့်ကွက်  

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စုတွင် ကျေးရွာလူထုနှင့်တိုင်ပင်ဆွေးနွေးမှုမရှိဟုဆိုကာ တယ်လီဖုန်းတာဝါတိုင်စိုက်ထူမည့်ကိစ္စ ဒေသခံလူထုက ဆန့်ကျင်ကန့်ကွက် လက်မှတ်ရေးထိုးပြီး ရပ်ရွာအကြီးအကဲထံတင်ပြခဲ့သည်။ နမ့်ခမ်းမြို့နယ် နမ့်တီးကျေးရွာနှင့် ငွန်အင်ကျေးရွာကြား တောကျောင်းလမ်းဘေး ယခင်ဘော်လုံးကွင်း နေရာတွင် ဖုန်းတာဝါတိုင်စိုက်ထူရန် မတ်လ ၂၉ ရက်နေ့ကစတင်ကာ မြေတူး အုတ်ခုံလောင်းနေသည့်အပေါ် ရွာသား များစုပေါင်း ကန့်ကွက်လက်မှတ်ရေးထိုးသည့်စာတစောင်အား မတ်လ...

Latest news