Tuesday, January 27, 2026

နမ့်ခမ်းမြို့နယ်အတွင်း စိုက်ထူမည့် တယ်လီဖုန်းတိုင်တခု ဒေသခံများကန့်ကွက်  

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စုတွင် ကျေးရွာလူထုနှင့်တိုင်ပင်ဆွေးနွေးမှုမရှိဟုဆိုကာ တယ်လီဖုန်းတာဝါတိုင်စိုက်ထူမည့်ကိစ္စ ဒေသခံလူထုက ဆန့်ကျင်ကန့်ကွက် လက်မှတ်ရေးထိုးပြီး ရပ်ရွာအကြီးအကဲထံတင်ပြခဲ့သည်။

နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စုတွင် စိုက်ထူမည့်ဖုန်းတိုင်အုတ်ခုံလောင်းနေ မှု

နမ့်ခမ်းမြို့နယ် နမ့်တီးကျေးရွာနှင့် ငွန်အင်ကျေးရွာကြား တောကျောင်းလမ်းဘေး ယခင်ဘော်လုံးကွင်း နေရာတွင် ဖုန်းတာဝါတိုင်စိုက်ထူရန် မတ်လ ၂၉ ရက်နေ့ကစတင်ကာ မြေတူး အုတ်ခုံလောင်းနေသည့်အပေါ် ရွာသား များစုပေါင်း ကန့်ကွက်လက်မှတ်ရေးထိုးသည့်စာတစောင်အား မတ်လ ၃၀ ရက်နေ့နေ့စွဲဖြင့် အုပ်စုအုပ်ချုပ် ရေးမှူးထံ ပေးပို့ခဲ့သည်။

“မနှစ်ကလည်း ကျနော်တို့ရွာမှာ တိုင်ထူမယ်လို့တခါ ပြောလာတယ်။ ကျနော်တို့ရွာသူရွာသားတွေ စုပေါင်း ဆန့်ကျင်ကန့်ကွက်လို့ မထူဖြစ်ဘူး။ အုပ်စုအုပ်ချုပ်ရေးမှူးပြောင်းပြီးနောက်ပိုင်း ကုမ္မဏီက ထပ်လာတယ်။ ရွာသားတွေမသိလိုက်ဘူး ။အုပ်စုအုပ်ချုပ်ရေးမှူးနဲ့ဘဲဆွေးနွေး သဘောတူပြီး ၂၉ ရက်နေ့မှာ တိုင်လာထူတာ။ ကျနော်တို့သဘောမတူဘူး။ အခုက ဒီနေရာမှာ လူမနေသေးပေမယ့် နောက်ပိုင်း လူတွေ အိမ်လာဆောက်ပြီးနေကြမယ်။ ခြံတွေဘာတွေလာလုပ်မယ် လာစိုက်မယ်။ တကယ်လို့ ဒီတာဝါတိုင်ကြီး ပြိုကျရင် လူထုကိုအန္တရယ်ဖြစ်စေနိုင်မယ်။ ဒါကြောင့်ကန့်ကွက်ရတာဖြစ်တယ်။” – ဟု နမ့်တီးအုပ်စုသား စိုင်းခမ်းကပြောသည်။

အဆိုပါတာဝါတိုင်ထူမည့်မြေနေရာအနီးပတ်ဝန်းကျင်ရှိ ဒေသခံရွာသူရွာသား ၁၀ ဦးခန့်နှင့် နမ့်တီးရွာ၊ ငွန်အင်ရွာတို့မှ ဒေသခံ ၂၀ ကျော်က တာဝါတိုင်စိုက်ထူမည့်ကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးကာ အုပ်စု အုပ်ချုပ်ရေးမှူး ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ၁၀ အိမ်မှူးများထံ ပေးပို့ခဲ့သည်။

ဒေသခံများပေးပို့သောစာကြောင့် ၃၁ ရက်နေ့တွင် တာဝါတိုင်အုတ်ခုံအတွက်တူးခြင်း၊ဆောက်လုပ်နေခြင်းမှ ရပ်နားထားသည်ကိုတွေ့ရကြောင်း စိုင်းခမ်းကပြောသည်။

အဆိုပါ MEC ကုမ္မဏီမှထောင်ပေးသော ဖုန်းတာဝါတိုင်သည် CDMA စနစ်ဖြစ်ပြီး ဖုန်းလိုင်းခက်ခဲသောဒေသ တွင်တိုင်ထူပေးကြောင်းနမ့်ခမ်းမြို့ခံ စိုင်းခမ်းပန်ကပြောသည်။

“ပြောမယ်ဆိုရင် လူထုဆက်သွယ်ရေးအတွက် ဖုန်းလိုင်း အင်တာနက်ကောင်းကောင်းသုံးချင်ရင်တော့ အဲ့ တာဝါတိုင် တွေ မစိုက်ရင် ဘယ်လိုလုပ်ပြီးဖုန်းလိုင်းကောင်းနိုင်မလဲနော်။ အဲရွာမှာ နေတဲ့လူတချို့လာပြောပြဖူးတယ်။ ဖုန်းလိုင်းမကောင်း ဘူးတဲ့။ ဘာမဆို တခုလိုရင် တခုတော့ပေးရမယ်လေနော်။” – ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင် ဒေသခံလူထုဆက်သွယ်ရေးအတွက် MPT ၊ MEC ၊ Telenor၊ Ooredoo တို့အပြင် တရုတ်ဖုန်းလိုင်းတချို့ အသုံးပြုနေကြကြောင်းသိရပါသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးတွင် MPTလိုင်းများ ညစဥ် ဖြတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် MPTလိုင်းများ ညစဉ်ညတိုင်း ပြတ်တောက်နေ၍ MPTအသုံးပြုသူများ ဆက်သွယ်ရေး ခက်ခဲပြီး လုပ်ငန်းများလည်း နှောင့်နှေးရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရသည်။ တောင်ကြီးတွင် ဒီဇင်ဘာလ (၆)ရက်နေ့မှ (၁၉) ရက်နေ့ထိ ညနေ(၅)နာရီ၀န်းကျင်တွင် စတင်ကာ MPTလိုင်းများ ပြတ်တောက်လေ့ရှိပြီး နံနက် (၇)နာရီကျော်၀န်းကျင်တွင်...

မူဆယ် – နမ့်ခမ်းကြား TNLA တပ်ဖွဲ့ ဆက်ကြေးကောက်၊ ပြည်သူအိမ်ထဲ နေထိုင်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ - နမ့်ခမ်းမြို့အကြား တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ ဆက်ကြေးတောင်းခံမှု နှင့် ပြည်သူ အိမ်ဝန်းထဲ ဝင်ရောက် နေထိုင်မှုများကြောင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။ ယနေ့ (ဧပြီလ ၂)...

MPT ဖုန်းလိုင်း ပိတ်ခံထားရာမှ တစ်ဆင့် Kpay အကောင့်ထဲရှိ ပိုက်ဆံများ အလိုအလျောက် ပျောက်ဆုံးနေ

0
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် MPT ဆင်းကဒ် အသုံးပြုသူများ ဖုန်းလိုင်းပိတ်ခံထား ရာမှတစ်ဆင့် Kpay အကောင့်ထဲရှိ ပိုက်ဆံများ အလိုအလျောက် ပျောက်ဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ (မတ်လ ၁၈ ရက်) ညနေ ၉ နာရီခန့်တွင် ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် နေထိုင်သော...

ဖုန်းလိုင်း ပိတ်ခံရာမှတစ်ဆင့် Kpay အကောင့်ထဲမှ ပိုက်ဆံများ အလိုအလျောက်ဆုံးရှုံး

0
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့တွင် ဖုန်းလိုင်း ပိတ်ခံရာမှတစ်ဆင့် Kpay အကောင့်ထဲရှိ ပိုက်ဆံများ အလိုအလျောက် တခြားအကောင့်သို့ လွှဲအပ်သွားကာ ပိုက်ဆံများ ဆုံးရှုံးနေရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ကျေးသီးမြို့ခံ အမျိုးသမီးတစ်ဦးသည် ယမန်နေ့ (ဖေဖော်ဝါရီ ၈) ရက် နံနက်ပိုင်း ၁၀ နာရီ ၄၅...

မူဆယ်မြို့နယ် အင်တာနက်လိုင်းများဖြတ်ခံရ အွန်လိုင်း ငွေလွှဲရန် ခက်ခဲနေ

0
သျှမ်းပြည် မူဆယ်ခရိုင် ၊ မူဆယ်မြို့နယ်ထဲတွင် စစ်ကောင်စီက အင်တာနက်လိုင်းများကို ဖြတ်တောက် ထားသောကြောင့် ပြည်သူများ အချင်းချင်းကြား အဆက်သွယ်ပျက်နေပြီး ငွေလွှဲ၊ ငွေထုတ် ရန်အတွက် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မူဆယ်မြို့နယ်တွင် အင်တာနက်လိုင်းကို စစ်ကောင်စီပိုင် Mytel တစ်ခုတည်းသာ ရရှိနေကြောင်း၊ ပြည်သူများ Mytel...