မူဆယ်မြို့နယ် အင်တာနက်လိုင်းများဖြတ်ခံရ အွန်လိုင်း ငွေလွှဲရန် ခက်ခဲနေ

သျှမ်းပြည် မူဆယ်ခရိုင် ၊ မူဆယ်မြို့နယ်ထဲတွင် စစ်ကောင်စီက အင်တာနက်လိုင်းများကို ဖြတ်တောက် ထားသောကြောင့် ပြည်သူများ အချင်းချင်းကြား အဆက်သွယ်ပျက်နေပြီး ငွေလွှဲ၊ ငွေထုတ် ရန်အတွက် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

အင်တာနက်လိုင်း ဖြတ်တောက်ခံရ

အဆိုပါ မူဆယ်မြို့နယ်တွင် အင်တာနက်လိုင်းကို စစ်ကောင်စီပိုင် Mytel တစ်ခုတည်းသာ ရရှိနေကြောင်း၊ ပြည်သူများ Mytel ကို မဝယ်သုံးသည့် အတွက်ကြောင့် ခက်ခဲနေကြောင်း မူဆယ်မြို့ ဒေသခံများကပြောသည်။

“ ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်းကြား အဆက်သွယ်တွေ ပျက်နေတာ။ အလုပ်လုပ်ရတာလည်း ခက်တယ်။ ကျနော်တို့က အင်တာနက်ကို အဓိက အားထားပြီး ငွေလွှဲ၊ ငွေထုတ်တွေ လုပ်ရတာလေ။ ပြီးတော့ အင်တာနက်လိုင်းကောင်းကောင်း ရချင်ရင် Mytel ပဲရတာ။ စစ်ကောင်စီ ပိုင်ဆိုတော့ ကျနော်တို့က မဝယ်သုံးချင်ဘူး” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တို့တွင် MPT ဖုန်းလိုင်းအတွက် အင်တာနက် ရရှိသော်လည်း 3G သာရရှိသောကြောင့် လိုင်းမကောင်းသည့်အတွက် အလုပ်လုပ်ကိုင်၍ မရကြောင်း၊ တစ်ခြား ဖုန်းလိုင်းများဖြစ်သည့် တယ်လီနော် နှင့် အော်ရီဒူး တို့က ဖုန်းလိုင်း နှင့် အင်တာနက်လိုင်း လုံးဝ မရရှိထားကြောင်း သိရသည်။

“ တယ်လီနော် နဲ့ အော်ရီဒူး ကတော့ လုံးဝမရသေးဘူး။ MPT က အင်တာနက်တော့ရတယ်။ 3G ပဲရတယ်။ လိုင်းမကောင်းဘူး။ လိုင်းကောင်းချင်ရင် ည ၁၂ နာရီ လောက်မှ လိုင်းကောင်းတာ။ နေ့ပိုင်းတွေမှာ သုံးလို့မရဘူး။ စာပဲပို့လို့ရတာ။ အင်တာနက်မရှိတော့ ငွေတွေလွှဲရတာ သိပ်အဆင်မပြေဘူးပေါ့” ဟု မူဆယ်မြို့ ကုန်စုံဆိုင်ဖွင့်ထားသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။

မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင် အင်တာနက်လိုင်းကို ဒီဇင်ဘာ ၂၀ ရက်မှစပြီး ပိတ်ထားလိုက်သည့် အတွက်ကြောင့် ပြန်ဖွင့်ပေးရန်အတွက် ပြည်သူများက တောင်းဆိုကြသည်။

အဆိုပါ အင်တာနက်လိုင်းကို ပိတ်ထားရခြင်းသည် စစ်ကောင်စီက တရုတ်နိုင်ငံမှ ထွက်လာသည့် ကုန်တင်ကားများကို စစ်ဆေးရန်အတွက်ဖြစ်ကြောင်း ဒေသခံများထံသိရသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် ကုန်သွယ်ရေးဇုန် ရှိသည့်ဒေသဖြစ်သည့်အလျောက် လက်နက်ကိုင် အဖွဲ့အစည်း အများအပြား သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...