Wednesday, January 28, 2026

စက္ကူစက်ရုံ တားမြစ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးကို နမ့်ခမ်း လူထုစာပေးပို့

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟင်လုံအုပ်စု ဟန်ကမ်းရွာ ရွှေလီမြစ်ကမ်းနံဘေး ကြိုးတံတားဟောင်းနဲ့ကြိုးတံတားသစ်ကြားမှာ မြန်မာ့မြှားဦးကုမ္မဏီကနေ စက္ကူစက်ရုံလာဆောက်မယ့်အပေါ် တားမြစ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးကို လူထုကနေ စာရေးသားပေးပို့ခဲ့ပါတယ်။

ရွှေလီမြစ်ကမ်းနံဘေး ကြိုးတံတားဟောင်းနဲ့ကြိုးတံတားသစ်ကြားစက္ကူစက်ရုံ

မေလ ၂၀ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ခဲ့တာဖြစ်ပါတယ်။

စက္ကူစက်ရုံကနေ စွန့်ပစ်မယ့် ဓါတုအဆိပ်ရည်ပါ ရေညစ်တွေကြောင့် ဒေသခံလူထု ဆိုးကျိုးခံစားရမှာဖြစ်တဲ့အတွက် စက်ရုံကိုအလိုမရှိကြောင်း ၂၀၁၇ နို၀င်ဘာလတုန်းက မြို့နယ်အဆင့်၊ ၂၀၁၈ မတ်လတုန်းက သျှမ်းပြည်နယ်အစိုးရအဖွဲ့ဆီကို စာရေးသားပေးပို့ခဲ့ပေမယ့် တစုံတရာအကြောင်းပြန်တာမရှိတဲ့အတွက် မေလ ၂၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတရုံးကိုစာထပ်မံပေးပို့လိုက်တာဖြစ်ကြောင်း နမ့်ခမ်းဒေသခံလူငယ်တွေကပြောဆိုပါတယ်။

စက္ကူစက်ရုံအလိုမရှိကြောင်း ဟင်လုံအုပ်စုဒေသခံတွေ တောင်းဆိုချက်အရ နမ့်ခမ်းမြို့နယ်ထဲက မြို့မိမြို့ဖများ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ လူမှုညီညွတ်ရေးအသင်း၊ တောင်သူလယ်သမားများအဖွဲ့၊ ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း တို့ကနေဦးဆောင်ပြီး စာပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေအကြိမ်ကြိမ်တားမြစ်တဲ့ကြားက စက်ရုံဟာ အရေးယူနားဆင်မှုမရှိဘဲ လက်ရှိမှာ စက္ကူကြမ်းထုတ်လုပ်နေပြီလို့ နမ့်ခမ်းမြို့ခံ စိုင်းပီးကပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် – နမ့်ခမ်းကြား TNLA တပ်ဖွဲ့ ဆက်ကြေးကောက်၊ ပြည်သူအိမ်ထဲ နေထိုင်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ - နမ့်ခမ်းမြို့အကြား တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ ဆက်ကြေးတောင်းခံမှု နှင့် ပြည်သူ အိမ်ဝန်းထဲ ဝင်ရောက် နေထိုင်မှုများကြောင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။ ယနေ့ (ဧပြီလ ၂)...

နမ့်ခမ်းမြို့နယ် ဒေသခံတစ်ဦး လက်နက်ကိုင် တပ်ဖွဲ့ဖမ်းဆီးခေါ်ဆောင်သွား ငွေသား သိန်း (၂) ထောင်တောင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ဟိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၅၀) ကျော် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တစ်စုက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း (၂) ထောင် တောင်းခံလာကြောင်း စုံစမ်းသိရှိရသည်။မတ်လ (၇) ရက် (၆) နာရီခွဲခန့်တွင် အသက် (၅၀) ကျော်အရွယ်...

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီး လှမ်းပစ်နေသည့်အသံ ကြားနေရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အနီး စစ်ကောင်စီ၏ စခန်းသစ်လက်မှ လက်နက်ကြီး လှမ်းပစ်သည့်အသံ ကြားနေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၁၂)ရက် နေ့လည် (၁)နာရီခွဲ ဝန်းကျင်က စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်နေသည်ကို ကြားရကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။ “စခန်းသစ်ကနေပြီး ပစ်သွားတာ ကြားရတယ်။ နမ့်ခမ်းကနေတော့ အသံသိပ်မကြားရဘူး။...

တစ်ရက်တစ်ခြား ကြီးထွားလာတဲ့ တရုတ်နယ်စပ်ခြံစည်းရိုး ကျူးကျော်မှုပြဿနာ

0
“ ကျနော့် လယ်ထဲကို တရုတ်က သံဆူးကြိုး လာစိုက်စိုက်ချင်းမှာပဲ ကျနော်တို့ ရွာသားတွေ သွားဖြုတ်တယ်။ ကိုယ်လယ်တွေ တရုတ်ဘက်ထဲပါမှာတော့ စိုးရိမ်တယ်။ လယ်တွေ ပါသွားရင် လုပ်စားစရာမရှိတော့ဘူးလေ” လို့ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာနေထိုင်တဲ့ အသက် (၄၀)ကျော် စိုင်းနော် က ပြောပါတယ်။ ယခုနှစ် အောက်တိုဘာ...

နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာ နေအိမ်တလုံးမီးလောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ယနေ့ အောက်တိုဘာ (၁၉) မနက် ၇ နာရီ ဝန်ကျင်းတွင် နေအိမ်တလုံးမီးလောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ထိုမီးလောင်သွားမှုကြောင့် နေအိမ်တခုလုံးဆုံးရှုံးသွားရကြောင်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဒေသခံတဦးက ပြောသည်။ “ အကုန်လောင်သွားတာ။ တအိမ်လုံးလောင်သွားတာ။ အိမ်ပြာကျသွားတာ။ အထဲမှာနေတဲ့သူမရှိဘူး။ ဒါကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။...