စစ်ရေး
သျှမ်း / မြောက် လက်နက်ကိုင်များကြား စစ်ရေးတင်းမာမှုကြောင့် အရပ်သား ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် ကုန်းဆော့ ကျေးရွာ အုပ်စု အတွင်း စစ်ရေး တင်းမာမှုကြောင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP/SSA နှင့် တောင်ပိုင်း သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားစစ်ရေးတင်းမာမှုများဖြစ်ပွါးခဲ့ကြပြီး လက်ရှိ အချိန်ထိ တိုက်ပွဲမှာ မဖြစ်ပွားခဲ့သော်လည်း...
လင်းခေးခရိုင်အတွင်း PNLO နဲ့ RCSS တို့ကြား တင်းမာမှုဖြစ်ပွါး
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA အတူတကွလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ PNLO နဲ့ RCSS တို့ဟာ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ်မှာ ၂ ဖက်စစ်ရေးတင်းမာမှုတွေဖြစ်ပွါးနေပါတယ်။ အောက်တိုဘာလဆန်းပိုင်းကတည်းကစပြီး သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နဲ့ မောက်မယ်မြို့နယ် ထဲမှာ လှုပ်ရှားသွားလာနေတဲ့ ဒီ...
ယခုလ အတွင်း သျှမ်းပြည်နယ်တွင် နေရပ်စွန့်ခွာသူ ၂ ထောင်ကျော်ရှိ UNOCHA ထုတ်ပြန်
သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် အတွင်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သြဂုတ်လ အတွင်း ဒေသခံ ၂ ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေး နေရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေး ရုံး (UNOCHA) က သတင်းထုတ်ပြန်သည်။ နမ္မတူမြို့နယ် အတွင်း...





