Thursday, December 1, 2022

ယခုလ အတွင်း သျှမ်းပြည်နယ်တွင် နေရပ်စွန့်ခွာသူ ၂ ထောင်ကျော်ရှိ UNOCHA ထုတ်ပြန်  

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် အတွင်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် သြဂုတ်လ အတွင်း ဒေသခံ ၂ ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေး နေရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေး ရုံး (UNOCHA) က သတင်းထုတ်ပြန်သည်။

နမ္မတူမြို့နယ် အတွင်း သြဂုတ်လ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဒေသခံ ၂၄၀၀ ကျော်သည် လက်နက်ကိုင် အဖွဲ့များကြား စစ်ရေးတင်းမာမှုကြောင့် နေရပ်စွန့်ခွာခဲ့ရကြောင်း သြဂုတ် ၂၈ ရက်နေ့ ရက်စွဲဖြင့် UNOCHA က ထုတ်ပြန်သည်။

လက်နက်ကိုင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ များသည် ဘုန်းတော်ကြီးကျောင်း များ၊ အခြားယာယီနေရာများတွင် ခိုလှုံနေရကြောင်း သိရသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် အတွင်း တချို့ နေရာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်သော်လည်း နေရပ်စွန့်ခွာတိမ်းရှောင်သူ အများစုသည် လယ်ယာဆင်းချိန်ဖြစ်သဖြင့် မိမိတို့ နေရပ်ကို ပြန်နေကြကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၁ ရာစု ပင်လုံ ညီလာခံ တတိယ အကြိမ် ကျင်းပပြီး နောက်ပိုင်း ကျောက်မဲ နမ္မတူဘက်တွင် အစိုးရတပ်နှင့် တအာင်း (ပလောင်) တပ်ဖွဲ့ ၁၅ ကြိမ် ထက်မနည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း တအာင်း ပြန်ကြားရေး က ထုတ်ပြန်ခဲ့သည်။

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော်(RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ တို့လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် အဆိုပါ ဒေသခံလူထုများ လယ်ယာ လုပ်ငန်း မလုပ်နိုင်ဘဲ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် TNLA ၊ SSPP နှင့် အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုး ထားသည့် RCSS/SSA တပ်ဖွဲ့တို့  စစ်ရေးပဋိပက္ခ ဖြစ်နေသည့် အပေါ် အမြန်ဆုံးဆွေး နွေးဖြေရှင်းရန် သျှမ်းပါတီခေါင်း ဆောင်များက တိုက်တွန်းထား ပြောဆိုထားသည်။

သျှမ်းပြည်မြောက်ပိုင်း ရှိ မိဘ ပြည်သူများ မှာ စစ်ဘေးစစ်ဒဏ်မပြတ်ခံနေရပြီး လယ်ယာများ နှင့် နေရပ်များကို စွန့်ခွာ ကာ စစ်ရှောင်နေကြကြောင်း၊ လယ်ယာ မဆင်းရသဖြင့် လာမည့် နှစ် တွင် ဝမ်းရေး အတွက် စိတ်ပူနေရကြောင်း လည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article