Thursday, May 2, 2024

ကုမ္မဏီ

ကျိုင်းတောင်းရေအားလျှပ်စစ် ၀န်ထမ်း အိမ်ရာဆောက်ရန် ယာမြေ ဧက ၂၀၀ ကုမ္မဏီသိမ်းယူမည့်ကိစ္စ ဒေသခံ သဘောမတူ

 သျှမ်းပြည်တောင်ပိုင်း ရေအားလျှပ်စစ်ထုတ်လုပ်ရာ လင်းခေးခရိုင် မိုးနဲမြို့နယ်ကျိုင်းတောင်းမြို့နယ်ခွဲတွင် ၀န်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ဟုဆိုကာ ရွာသားများ၏ ယာမြေ ဧက ၂၀၀ ကျော်  ကို ကုမ္မဏီမှ သိမ်းယူမည့်အပေါ် ဒေသခံများက သဘောမတူနိုင်ကြောင်း ခရိုင်ရုံးထံသို့ ကန့်ကွက်စာပေးပို့ထားသည်ဟုသိရသည်။  ဇူလိုင်လ လယ်ကတည်းက အဆိုပါကန့်ကွက်စာတင်ထားပြီးဖြစ်ကြောင်း ယာမြေပိုင်ရှင် ကွန်လုံအုပ်စု...

နမ့်ခမ်းမြို့နယ်အတွင်း မာဘယ်ကျောက်များအား တူးဖော်ကာ တရုတ်ဘက်ခြမ်းတင်ပို့နေသည့်ကုမ္မဏီကြီးများအား အရေးယူပေးရန် အစိုးရထံ ဒေသခံများတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ကုမ္မဏီကြီး ၃ ခုမှ မာဘယ်ကျောက်များ ဒေသခံလူထုထံမှ ခွင့်ပြုချက်မရှိဘဲ တူးဖော်ကာ တရုတ်ဘက်ခြမ်းသို့ တင်ပို့နေသည့်အပေါ် အရေးယူပေးရန် နိုင်ငံတော်သမ္မတအား နမ့်ခမ်းဒေသခံလူထုကိုယ်စား အဖွဲ့အစည်း ၅ ခု ကစာရေးတင်ပြတောင်းဆိုလိုက်သည်။ နမ့်ခမ်းမြို့မြို့ဖများအဖွဲ့၊ ကျားဖြူပါတီ၊ UP လူမှုညီညွတ်ရေးအသင်း၊ရှေးဟောင်းအမွေအနှစ်နဲ့ သမိုင်းဝင်နေရာများကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း  ၊မြို့နယ်တောင်သူလယ်သမားအဖွဲ့တို့စုပေါင်းစာရေးကာ နိုင်ငံတော်သမ္မတနှင့်...

ကျောက်မဲမြို့နယ်အတွင်းရှိကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း ဒေသခံလူထုကျန်းမာရေးထိခိုက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ၂၀၀၈ ခုနှစ်ကတည်းကစတင်ခဲ့သော ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းမှ ဒေသခံလူထု၏ ကျန်းမာရေး ထိခိုက်နေကြောင်း ဒေသခံလူထုကပြောဆိုပါသည်။ ကျောက်မီးသွေးတူးဖော်မှုကြောင့် ပန်းမ - ဗြိန်းစင်အုပ်စုရှိ တောလမ်း ကားလမ်းများ ပျက်စီးခြင်း၊ ရွာလူထုမှ ကျောက်မီးသွေးဓါတ်ပါသော ဖုန်မှုံ့များပါသည့်လေများရှူရှိုက်နေရခြင်း၊ သောက်သုံးရေများ သန့်စင်မှုမရှိခြင်းတို့ရင်ဆိုင်နေရကြောင်း ကျောက်မဲဒေသခံများကပြောသည်။ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက -...

Latest news