Tuesday, January 27, 2026

နမ့်ခမ်းမြို့နယ်အတွင်း မာဘယ်ကျောက်များအား တူးဖော်ကာ တရုတ်ဘက်ခြမ်းတင်ပို့နေသည့်ကုမ္မဏီကြီးများအား အရေးယူပေးရန် အစိုးရထံ ဒေသခံများတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ကုမ္မဏီကြီး ၃ ခုမှ မာဘယ်ကျောက်များ ဒေသခံလူထုထံမှ ခွင့်ပြုချက်မရှိဘဲ တူးဖော်ကာ တရုတ်ဘက်ခြမ်းသို့ တင်ပို့နေသည့်အပေါ် အရေးယူပေးရန် နိုင်ငံတော်သမ္မတအား နမ့်ခမ်းဒေသခံလူထုကိုယ်စား အဖွဲ့အစည်း ၅ ခု ကစာရေးတင်ပြတောင်းဆိုလိုက်သည်။

Photo Credit to Numkham Youth- မာဘယ်ကျောက်တူးဖော်သည့်နေရာအားလှမ်းမြင်ရစဉ်

နမ့်ခမ်းမြို့မြို့ဖများအဖွဲ့၊ ကျားဖြူပါတီ၊ UP လူမှုညီညွတ်ရေးအသင်း၊ရှေးဟောင်းအမွေအနှစ်နဲ့ သမိုင်းဝင်နေရာများကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း  ၊မြို့နယ်တောင်သူလယ်သမားအဖွဲ့တို့စုပေါင်းစာရေးကာ နိုင်ငံတော်သမ္မတနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ထံ လိပ်မူကာ ဇွန်လ ၃ ရက်နေ့က ပေးပို့လိုက်သည်။

ရှေးဟောင်းအမွေအနှစ်နဲ့ သမိုင်းဝင်နေရာများကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း နမ့်ခမ်းမြို့နယ် ဥက္ကဌ ဆရာစိုင်းအောင်ဝင်းက – “ဒီကုမ္မဏီကြီး ၃ ခုကနေ ဟင်လုံအုပ်စုမှာ မာဘယ်ကျောက်တူးနေတာဟာ တူးခွင့်လိုင်စင်ရှိလားမရှိလားဆိုတာ ဒေသခံတွေက မသိရဘူး။ အခုလိုသူတို့ခိုးယူတူးဖော်တင်ပို့နေတာကို ဒေသခံတွေလည်းမလိုလားဘူး။ အခုက ဒီမိုကရေစီနိုင်ငံတော်သွားနေတဲ့ နေရာမှာ သူတို့တွေဟာ ဒေသခံရဲ့မှတ်ချက်သဘောထား ယူသင့်တယ်။ အခုက ဒေသခံသဘောထားမယူဘဲနဲ့ ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ ခိုးလုပ်နေတယ်။ အဲဒါဟာနိုင်ငံတော်ရဲ့ ဘဏ္ဍာကိုလည်းအလွန်ထိခိုက်စေတယ်ဆိုတာ အစိုးရကိုသိစေချင်တယ်။ ဒါကြောသင့် သမ္မတကြီးကိုလိပ်မူပြီး စာကို ဇွန်လ ၃ ရက်နေ့မှာ တင်လိုက်တယ်။ ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

Photo Credit to Numkham Youth- မာဘယ်ကျောက်များအားအတုံးလိုက်ဖြတ်ထားသည်

ဟင်လုံအုပ်စုတွင် မာဘယ်ကျောက်များကိုအတုံးလိုက် အတုံးကြီးများဖြတ်ထားပြီး ၁၀ ဘီးကားကြီးဖြင့် တနေ့ ၅ စီးထက်မနည်း တရုတ်ပြည်သို့တင်ပို့နေသည်ဆိုသော ကုမ္မဏီ ၃ ခုမှာ မြန်မာ့မြှားဦးကုမ္မဏီ၊ တိုးပွါးအောင်ကုမ္မဏီ၊ နှင်းနှင်းခိုင်ကုမ္မဏီ တို့ဖြစ်ကြောင်း ရွာသားများပြောပြချက်အရသိရသည်။

“သူတို့ခိုးထုတ်နေတာကို ဒေသအာဏာပိုင်တွေက မသိတာလား၊ သိရက်နဲ့မသိချင်ယောင်ဆောင်နေလားမသိပါဘူး။ အရေးယူတာလည်းမရှိဘူး။” – ဟု ဟင်လုံအုပ်စုသားတဦးကလည်းပြောသည်။

၄င်းကုမ္မဏီသည် ၂၀၁၅ ခုနှစ်က မာဘယ်ကျောက်များကို နေပြည်တော်မှခွင့်ပြုချက်ဖြင့် စတင်တူးဖော်ခဲ့ကြခြင်းဖြစ်ကြောင်း၊ တူးဖော်စဉ်ကလည်း သဘာဝပတ်ဝန်းကျင်စစ်တမ်းကောက်ချက်များ မရှိခဲ့ကြောင်း၊ လက်ရှိတွင်လည်း မာဘယ်ကျောက် တူးဖော် သယ်ယူရာတွင် ရွှေလီမြစ်အတွင်းသို့ အညစ်အကြေး မြေစ ကျောက်စ များ ကျသဖြင့် မြစ်တိမ်ကောခြင်းဖြစ်စေနိုင်ကြောင်း၊ ထို့အပြင် လူထုအားထားရသော ရွှေလီမြစ်ရှိ မန့်တတ်ရေအားလျှပ်စစ်ကိုလည်း ထိခိုက်စေနိုင်ကြောင်း နမ့်ခမ်းမြို့နယ် စုပေါင်း လူထုအဖွဲ့အစည်းများက ထောက်ပြပြောဆိုသည်။

Photo Credit to Numkham Youth- ၁၀ဘီးကားတစီးသည် မာဘယ်ကျောက်တတုံးကိုသာ တင်နိုင်သည်ဟုရွာသားများပြော

“မာဘယ်ကျောက်တွေကို သူတို့ကအတုံးလိုက်ဖြတ်ထားတယ်။ အတုံးက တော်တော်ကြီးပါတယ်။ ဆယ်ဘီးကားတစီး က တတုံးဘဲတင်နိုင်တယ် ။ ကားမောင်းတဲ့လူတွေလည်း ဗမာစကား သျှမ်းစကားမပြောတတ်ဘူး။ တရုတ်စကားတမျိုးတည်းသာပြောတတ်တဲ့ တရုတ်ဘက်ခြမ်းကလူတွေဖြစ်တယ်။ ကျောက်တင်ကားတွေဟာ မန့်ဝိန်းဂိတ်ကနေ တရုတ်ကို၀င်တာမဟုတ်ဘဲ နောင်နုတ် နောင်လူမ်ကျေးရွာဘက်ကနေ ခိုးဝင်တယ်လို့ရွာသားတွေပြောတယ်။ ရွာသားတွေကို ထိခိုက်စေမယ့်၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေမယ့်စီမံကိန်းကြီးကို ရပ်တန့်ပိတ်သိမ်းသွားသည်အထိ ကျနော်တို့က လူထုဘက်ကနေရပ်တည်ပြီးတော့မှ ကာကွယ် သွားမယ် ဆန့်ကျင်ကန့်ကွက်သွားမှာဖြစ်ပါတယ်။”- ဟု ဆရာစိုင်းအောင်ဝင်းကပြောသည်။

မာဘယ်ကျောက်များတူးဖော်သည့်လုပ်ကွက်သည် ကျေးရွာ ၃-၄ ရွာ ၊ လူဦးရေ ၃၀၀ ကျော်ရှိ ဟင်လုံအုပ်စုအတွင်းတည်ရှိပါသည်။ နမ့်ခမ်းမြို့အနောက်ဘက် ၅ မိုင်ခန့်အကွာတွင်တည်ရှိပြီး သျှမ်း-ကချင်ဆက်သွယ်သည့်ပြည်ထောင်စုလမ်းမ တွင်တည်ရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ

0
ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း...

တရုတ်နိုင်ငံရောက် စစ်ကော်မရှင်ဝန်ကြီး ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးကိစ္စဆွေးနွေး

0
စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးသည် တရုတ်နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တွေ့ဆုံစဉ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးကိစ္စများ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ တရုတ်နိုင်ငံတွင် စွမ်းအင်အသွင်ကူးပြောင်းရေးဖိုရမ် တက်ရောက်နေသည့် စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အောက်တိုဘာလ (၂၁) ရက်တွင် တရုတ်နိုင်ငံပိုင် China...

ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာပေါ်ထိုးဖောက်ရန် တရုတ်ကြိုးပမ်း

0
တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာမှတဆင့် ထိုးဖောက်ရန် သက်ဆိုင်ရာနိုင်ငံများမှ အင်တာနက်ပေါ် နာမည်ကြီးသူများကို ဖိတ်ခေါ်ကာ ယူနန်ပြည်နယ်တွင် မီဒီယာဖိုရမ် ကျင်းပပြုလုပ်ခဲ့သည်။ စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ ပိုးလမ်းမစီမံကိန်း BRI နှင့်...

MNDAA က နယ်စပ်လုံခြုံရေးအတွက် သေနတ်(၂၀၀) လက်ကို တရုတ်လက်အပ်၊ (၅၀၀)နီးပါး မီးရှို့ဖျက်ဆီး

0
မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA က သေနတ် (၆၇၆) လက်ကို သိမ်းဆည်းခဲ့ပြီး ထိုထဲမှ သေနတ် (၂၀၀) လက်ကို တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးခဲ့ကာ ကျန်ရှိသည့် (၄၇၆) လက်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...