နမ့်ခမ်းမြို့နယ်အတွင်း မာဘယ်ကျောက်များအား တူးဖော်ကာ တရုတ်ဘက်ခြမ်းတင်ပို့နေသည့်ကုမ္မဏီကြီးများအား အရေးယူပေးရန် အစိုးရထံ ဒေသခံများတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ကုမ္မဏီကြီး ၃ ခုမှ မာဘယ်ကျောက်များ ဒေသခံလူထုထံမှ ခွင့်ပြုချက်မရှိဘဲ တူးဖော်ကာ တရုတ်ဘက်ခြမ်းသို့ တင်ပို့နေသည့်အပေါ် အရေးယူပေးရန် နိုင်ငံတော်သမ္မတအား နမ့်ခမ်းဒေသခံလူထုကိုယ်စား အဖွဲ့အစည်း ၅ ခု ကစာရေးတင်ပြတောင်းဆိုလိုက်သည်။

Photo Credit to Numkham Youth- မာဘယ်ကျောက်တူးဖော်သည့်နေရာအားလှမ်းမြင်ရစဉ်

နမ့်ခမ်းမြို့မြို့ဖများအဖွဲ့၊ ကျားဖြူပါတီ၊ UP လူမှုညီညွတ်ရေးအသင်း၊ရှေးဟောင်းအမွေအနှစ်နဲ့ သမိုင်းဝင်နေရာများကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း  ၊မြို့နယ်တောင်သူလယ်သမားအဖွဲ့တို့စုပေါင်းစာရေးကာ နိုင်ငံတော်သမ္မတနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ထံ လိပ်မူကာ ဇွန်လ ၃ ရက်နေ့က ပေးပို့လိုက်သည်။

ရှေးဟောင်းအမွေအနှစ်နဲ့ သမိုင်းဝင်နေရာများကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း နမ့်ခမ်းမြို့နယ် ဥက္ကဌ ဆရာစိုင်းအောင်ဝင်းက – “ဒီကုမ္မဏီကြီး ၃ ခုကနေ ဟင်လုံအုပ်စုမှာ မာဘယ်ကျောက်တူးနေတာဟာ တူးခွင့်လိုင်စင်ရှိလားမရှိလားဆိုတာ ဒေသခံတွေက မသိရဘူး။ အခုလိုသူတို့ခိုးယူတူးဖော်တင်ပို့နေတာကို ဒေသခံတွေလည်းမလိုလားဘူး။ အခုက ဒီမိုကရေစီနိုင်ငံတော်သွားနေတဲ့ နေရာမှာ သူတို့တွေဟာ ဒေသခံရဲ့မှတ်ချက်သဘောထား ယူသင့်တယ်။ အခုက ဒေသခံသဘောထားမယူဘဲနဲ့ ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ ခိုးလုပ်နေတယ်။ အဲဒါဟာနိုင်ငံတော်ရဲ့ ဘဏ္ဍာကိုလည်းအလွန်ထိခိုက်စေတယ်ဆိုတာ အစိုးရကိုသိစေချင်တယ်။ ဒါကြောသင့် သမ္မတကြီးကိုလိပ်မူပြီး စာကို ဇွန်လ ၃ ရက်နေ့မှာ တင်လိုက်တယ်။ ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

Photo Credit to Numkham Youth- မာဘယ်ကျောက်များအားအတုံးလိုက်ဖြတ်ထားသည်

ဟင်လုံအုပ်စုတွင် မာဘယ်ကျောက်များကိုအတုံးလိုက် အတုံးကြီးများဖြတ်ထားပြီး ၁၀ ဘီးကားကြီးဖြင့် တနေ့ ၅ စီးထက်မနည်း တရုတ်ပြည်သို့တင်ပို့နေသည်ဆိုသော ကုမ္မဏီ ၃ ခုမှာ မြန်မာ့မြှားဦးကုမ္မဏီ၊ တိုးပွါးအောင်ကုမ္မဏီ၊ နှင်းနှင်းခိုင်ကုမ္မဏီ တို့ဖြစ်ကြောင်း ရွာသားများပြောပြချက်အရသိရသည်။

“သူတို့ခိုးထုတ်နေတာကို ဒေသအာဏာပိုင်တွေက မသိတာလား၊ သိရက်နဲ့မသိချင်ယောင်ဆောင်နေလားမသိပါဘူး။ အရေးယူတာလည်းမရှိဘူး။” – ဟု ဟင်လုံအုပ်စုသားတဦးကလည်းပြောသည်။

၄င်းကုမ္မဏီသည် ၂၀၁၅ ခုနှစ်က မာဘယ်ကျောက်များကို နေပြည်တော်မှခွင့်ပြုချက်ဖြင့် စတင်တူးဖော်ခဲ့ကြခြင်းဖြစ်ကြောင်း၊ တူးဖော်စဉ်ကလည်း သဘာဝပတ်ဝန်းကျင်စစ်တမ်းကောက်ချက်များ မရှိခဲ့ကြောင်း၊ လက်ရှိတွင်လည်း မာဘယ်ကျောက် တူးဖော် သယ်ယူရာတွင် ရွှေလီမြစ်အတွင်းသို့ အညစ်အကြေး မြေစ ကျောက်စ များ ကျသဖြင့် မြစ်တိမ်ကောခြင်းဖြစ်စေနိုင်ကြောင်း၊ ထို့အပြင် လူထုအားထားရသော ရွှေလီမြစ်ရှိ မန့်တတ်ရေအားလျှပ်စစ်ကိုလည်း ထိခိုက်စေနိုင်ကြောင်း နမ့်ခမ်းမြို့နယ် စုပေါင်း လူထုအဖွဲ့အစည်းများက ထောက်ပြပြောဆိုသည်။

Photo Credit to Numkham Youth- ၁၀ဘီးကားတစီးသည် မာဘယ်ကျောက်တတုံးကိုသာ တင်နိုင်သည်ဟုရွာသားများပြော

“မာဘယ်ကျောက်တွေကို သူတို့ကအတုံးလိုက်ဖြတ်ထားတယ်။ အတုံးက တော်တော်ကြီးပါတယ်။ ဆယ်ဘီးကားတစီး က တတုံးဘဲတင်နိုင်တယ် ။ ကားမောင်းတဲ့လူတွေလည်း ဗမာစကား သျှမ်းစကားမပြောတတ်ဘူး။ တရုတ်စကားတမျိုးတည်းသာပြောတတ်တဲ့ တရုတ်ဘက်ခြမ်းကလူတွေဖြစ်တယ်။ ကျောက်တင်ကားတွေဟာ မန့်ဝိန်းဂိတ်ကနေ တရုတ်ကို၀င်တာမဟုတ်ဘဲ နောင်နုတ် နောင်လူမ်ကျေးရွာဘက်ကနေ ခိုးဝင်တယ်လို့ရွာသားတွေပြောတယ်။ ရွာသားတွေကို ထိခိုက်စေမယ့်၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေမယ့်စီမံကိန်းကြီးကို ရပ်တန့်ပိတ်သိမ်းသွားသည်အထိ ကျနော်တို့က လူထုဘက်ကနေရပ်တည်ပြီးတော့မှ ကာကွယ် သွားမယ် ဆန့်ကျင်ကန့်ကွက်သွားမှာဖြစ်ပါတယ်။”- ဟု ဆရာစိုင်းအောင်ဝင်းကပြောသည်။

မာဘယ်ကျောက်များတူးဖော်သည့်လုပ်ကွက်သည် ကျေးရွာ ၃-၄ ရွာ ၊ လူဦးရေ ၃၀၀ ကျော်ရှိ ဟင်လုံအုပ်စုအတွင်းတည်ရှိပါသည်။ နမ့်ခမ်းမြို့အနောက်ဘက် ၅ မိုင်ခန့်အကွာတွင်တည်ရှိပြီး သျှမ်း-ကချင်ဆက်သွယ်သည့်ပြည်ထောင်စုလမ်းမ တွင်တည်ရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

တရုတ်တွင် မုန်တိုင်းကြောင့် ဆည် ၃ ခုကျိုးပျက်ပြီး လူ ၆၂,၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းထားရ

0
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (Guangxi) ဒေသ၏ မြို့တော်ဖြစ်သော နန်နင်း (Nanning) မြို့တွင် တိုင်ဖွန်းမုန်တိုင်း မေဆက် (Maysak) ကြောင့် မြစ်ရေများ မြင့်တက်လာပြီး ရေလှောင်တမံ (ဆည်) အနည်းဆုံး ၃ ခု ကျိုးပျက်ခဲ့သည်။ ထိုဆည်ကျိုးပျက်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး...