လေကြောင်းဗုံးကြဲ
လားရှိုးမြို့ပေါ် စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ လက်နက်ကြီးကြောင့် မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံး
သျှမ်းပြည် လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအုပ်စုဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားသေဆုံးမှုနှင့် ပြည်သူနေအိမ် ထိခိုက်ပျက်စီးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) ညနေပိုင်းတွင် လားရှိုးမြို့ ဟိုပိတ်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိသည့်အပြင် ဘုန်းကြီးကျောင်းနှင့် ပြည်သူနေအိမ်...
လောက်ကိုင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှု အရပ်သားတစ်ဦး သေဆုံး MNDAA ထုတ်ပြန်
သျှမ်းပြည် လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ရကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ထုတ်ပြန်လာသည်။ ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်) နံနက် ၂ နာရီခန့် လူအများ အိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ လောက်ကိုင်မြို့ရှိ တုံချိန်ရပ်ကွက်သို့ လေကြောင်းဖြင့် နှစ်ကြိမ်...
သိန္နီ စာသင်ကျောင်းနှင့် ပညာရေးမှူးရုံးပေါ် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ
သျှမ်းပြည် သိန္နီမြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် စာသင်ကျောင်းများနှင့် ပညာရေးမှူးရုံးသို့ စစ်ကောင်စီတပ်မှ ညသန်းခေါင်ကျော် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၂ ရက်) နံနက် ၁ နာရီကျော်ခန့်တွင် သိန္နီမြို့ပေါ် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် အထက-(၁)၊ ပညာရေးမှူးရုံးနှင့်...
ကျောက်မဲ လေယာဉ်ဗုံးကြဲမှုကြောင့် တစ်ရက်တည်း အရပ်သား ၇ ဦးအထက် သေဆုံး
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်ရက်တည်း အရပ်သားထိခိုက်သေဆုံးသူ ၈ ဦးခန့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂၇ ရက်) ည ၇ နာရီခွဲခန့်တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောက်မဲမြို့ ရပ်ကွက် (၈)တွင် ၄ဦး၊...
ကျောက်မဲမြို့ပေါ် စစ်ကောင်စီတပ် အပြင်းအထန် လေကြောင်းဗုံးကြဲတိုက်ခိုက်နေ
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၇ ရက်) ည ၇ နာရီခွဲမှ စတင်ပြီး စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ် အမျိုးအစားဖြင့် ကျောက်မဲမြို့ပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောက်တောင်၊ ကျောက်မဲကြီး၊ ပန်ဟက်အပေါ်ဘက်၊ တရုတ်သင်္ချိုင်းဘက်နှင့်...
မိုးမောက်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာနှင့် လေကြောင်း ဗုံးကြဲမှုကို စိုးရိမ်နေရ
ကချင်ပြည် မိုးမောက်မြို့နယ်ရှိ စစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်နေပြီး၊လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ကချင်ပြည်နယ် ကျောက်စခန်းကျေးရွာ မှ မိုးမောက်မြို့သို့ ဧပြီလ ပထမပတ်တွင် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၂၀၀ ကျော်သည် စားနပ်ရိက္ခာများ လိုအပ်နေပြီး၊ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စိုးရိမ်နေရကြောင်း စစ်ဘေးရှောင်...
နောင်ချို လေကြောင်းဗုံးကြဲတိုက်ခိုက် အမျိုးသမီး ၂ ဦး အပါအဝင် ၄ ဦးသေဆုံး
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများအတွင်း အမျိုးသမီး ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၁ ရက်) နံနက် ၁၀ နာရီကျော်တွင် သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်ကြားရှိ သရက်ကုန်းကျေးရွာနှင့်...
မဘိမ်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ကလေးနှစ်ဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံး
သျှမ်းပြည် မဘိမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးနှစ်ဦးနှင့် ရဟန်းတစ်ပါး အပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂ ရက် ည (၇) နာရီခန့်တွင် မဘိမ်းမြို့နယ်အတွင်းရှိ မိုးလုံးကျေးရွာကို...
ပင်လောင်းမြို့နယ် နန်းတုတ်ရွာကို စစ်ကောင်စီကလေယာဉ်ဖြင့်ဗုံးကြဲ၊ နေအိမ် ၆ လုံးပျက်စီး
သျှမ်းပြည် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသရှိ နန်းတုတ်တောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားနေအိမ် ၆ လုံး ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မတ်လ ၂၂ ရက် ညပိုင်း ၁၂ နာရီဝန်းကျင်တွင် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသရှိ နန်းတုတ်တောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က...
ဟိုပုံးမြို့နယ် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက် အရပ်သား ၁ဦးသေ၊နေအိမ် ၆ လုံးထက်မနည်း ပျက်စီး
သျှမ်းပြည် ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီက ယနေ့ (မတ် ၈)ရက် နေ့လည် ၁၁ နာရီခန့်တွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာကို ယနေ့ (မတ်လ ၈ )ရက် နေ့လည် ၁၁ နာရီခန့်တွင် စစ်ကောင်စီက...