နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက် လေကြောင်းဗုံးကြဲခံရ၊ စစ်ရှောင် (၁၀၀၀) နီးပါး ဘေးလွတ်ရာ ထပ်မံထွက်ပြေး

သျှမ်းပြည် နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာရှိ ဆင်းရွှေလီသကြားစက်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ခြင်းကြောင့် စစ်ဘေးရှောင် (၁၀၀၀) နီးပါး ဘေးလွတ်ရာ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၈ ရက်) ည ၇ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်အတွင်း အင်းဝိုင်းကျေးရွာရှိ အမှတ်(၁) ဆင်းရွှေလီ သကြားစက်ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စက်ရုံ အဆောက်အဦ ထိခိုက်ပျက်စီးပြီး ကျေးရွာရှိ စစ်ရှောင် (၁၀၀၀) နီးပါး ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

“မနေ့ည ၇ နာရီလောက်က လေယာဉ်နဲ့ အင်းဝိုင်းသကြားစက်ကို ဗုံး ၂ လုံး ကြဲသွားတယ်၊ ကျနော်တို့ မအိပ်သေးဘူး အဲ့ချိန် အသံအကျယ်ကြီးပဲ။ သကြားစက်ရုံ အရှေ့ဘက်နား ကျတယ်၊ အင်ဂျင်နီယာအဖွဲ့ထဲက လူထိတာရှိတယ်။ ဒီက စစ်ဘေးရှောင်တွေလည်း ကုန်းသာဘက် ထပ်ပြီး ထွက်ပြေးရတာ”ဟု နောင်ချိုဒေသခံ အသက်(၅၀) ကျော်အရွယ်ရှိ စစ်ဘေးရှောင်အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်မှ နေ့စဉ်နီးပါး လေကြောင်းဗုံးကြဲမှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင် (၁၀၀၀) နီးပါးသည် အင်းဝိုင်းကဲ့သို့ ကျေးရွာများမှ ဘေးလွတ်ကင်းမည့် ကုန်းသာနှင့် ချိုခမ်းကျေးရွာများဘက်သို့ ထပ်မံတိမ်းရှောင်နေရပြီး နေရာထိုင်ခင်းနှင့် စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

နောင်ချို ဗုံးကြဲ ခံရ

အလားတူ နောင်ချိုမြို့နယ် သဲတိုက်ကျေးရွာဘက်သို့လည်း ယမန်နေ့ ည(၁၀) နာရီခန့်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ လူထိခိုက်သေဆုံးမှု ရှိကြောင်း ဒေသခံများက ပြောသည်။

“မနေ့ညက ၁၀ နာရီလောက် သဲတိုက်ဘက်ကို လေယာဉ်ပျံနဲ့ ဗုံးကြဲသွားတယ်။ လူထိခိုက်သေဆုံးတာတော့ ရှိတယ်။ အခုက ဘယ်သူမှ မနေရဲအောင်ကို လေယာဉ်နဲ့ကော ဗုံးကြဲတယ်၊ လက်နက်ကြီးနဲ့လည်း နေ့တိုင်းပစ်နေတယ်။ ပြည်သူရှိလည်း ပစ်၊ စစ်သားရှိလည်း ပစ် အဲ့လိုဖြစ်နေတာ”ဟု ၎င်းစစ်ဘေးရှောင် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်ကလည်း နောင်ချိုမြို့ မြို့မဈေးအနီးရှိ လူစည်ကားရာ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကားဆရာနှင့် ခရီးသည်များ အပါအဝင် ပြည်သူ (၁၁) ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...