စစ်မှုထမ်း
စစ်မှုမထမ်းမနေရ ဥပဒေကို မဖြစ်မနေလုပ်ရမည်ဟု အာဏာသိမ်းခေါင်းဆောင်ပြော
SHAN -
နိုင်ငံသားအားလုံး စစ်မှုထမ်းရမည့် အမျိုးသားစစ်မှုထမ်းဥပဒေကို မဖြစ်မနေလုပ်ဆောင်သွားမည် ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါသည်။ “ကျနော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်း ဥပဒေ မကျင့်သုံးရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့ တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်းဥပဒေကို ကျွန်တော်တို့ မကျင့်သုံးရတာဟာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိနေလို့ ကျွန်တော်တို့ လုပ်လို့မရဘူး။ စီးပွားရေးအားမကောင်းရင်လည်း...
RCSS/SSA အနေဖြင့် တပ်သားသစ် အဓမ္မစုဆောင်းမှုမရှိဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော
သျှမ်းပြည်တပ်မတော် RCSS/SSA မှ တပ်သားသစ် စုဆောင်းနေသည်ဟု သတင်းများထွက်ပေါ်နေသည့် အပေါ် ဗိုလ်ချုပ်ကြီးယွက်စစ်က အဓမ္မတပ်သားစုဆောင်းခြင်းမရှိ ။ လက်ရှိတွင် လူငယ်များအနေဖြင့် အသိစိတ်ဖြင့်လာရောက် စစ်မှုထမ်းခြင်း၊ တာဝန်အရ စစ်မှုထမ်းရခြင်း နှင့် လူတိုင်းစစ်ပညာတတ်ရမည် ဆိုသည့်မူကြောင့် လာရောက်စစ်မှုထမ်းနေကြခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်အားပြောသည်။ ဗိုလ်ချုပ်ကြီးယွက်စစ်က - ၁- ဆန္ဒအလျောက်...





