RCSS/SSA အနေဖြင့် တပ်သားသစ် အဓမ္မစုဆောင်းမှုမရှိဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

သျှမ်းပြည်တပ်မတော် RCSS/SSA မှ တပ်သားသစ် စုဆောင်းနေသည်ဟု သတင်းများထွက်ပေါ်နေသည့် အပေါ် ဗိုလ်ချုပ်ကြီးယွက်စစ်က အဓမ္မတပ်သားစုဆောင်းခြင်းမရှိ ။ လက်ရှိတွင် လူငယ်များအနေဖြင့် အသိစိတ်ဖြင့်လာရောက် စစ်မှုထမ်းခြင်း၊ တာဝန်အရ စစ်မှုထမ်းရခြင်း နှင့် လူတိုင်းစစ်ပညာတတ်ရမည် ဆိုသည့်မူကြောင့် လာရောက်စစ်မှုထမ်းနေကြခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်အားပြောသည်။


ဗိုလ်ချုပ်ကြီးယွက်စစ်က – ၁- ဆန္ဒအလျောက် အသိစိတ်ဖြင့် စစ်မှုဝင်ထမ်းပါက လွန့်စစ် ခေါ် အမာခံစစ်သည်၊ ၂- တာဝန်အရ စစ်မှုထမ်းရပါက စစ်သင်တန်းနှင့်အတူ အလုပ်တာဝန် ၅ နှစ် ပြီးဆုံးပါက တာဝန်ထမ်း ဆောင် ပြီး ကြောင်းလက်မှတ်နှင့်အတူ နေရပ်သို့ ပြန်ရမည်ဖြစ်ကြောင်း ၊ အသက် ၁၈ နှစ်ပြည့် သျှမ်းပြည်သားတိုင်း စစ်ပညာသင်ယူရမည်ဖြစ်ပြီး စစ်သင်တန်း ပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်ထုတ်ပေးမည်ဖြစ်ရာ မိသားစုထံပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

“တိုက်ပွဲမရှိတဲ့ ထိုင်းတွေတောင်သူတို့နိုင်ငံ သူတို့ရပ်ရွာကာဖို့ စစ်ပညာသင်ရတာ။ တိုက်ပွဲများတဲ့ ဒို့ဒေသ မှာ ပိုတောင်လိုအပ်သေးတယ်။ တာဝန်ပြီးဆုံးရင် မိသားစု နဲ့အတူ ပြန်နေရမှာဘဲ။ ပြီးရင်နောက်တယောက် ထပ် လာ။ ဒါက ကိုယ်ကျိုးအတွက်လုပ်တာမဟုတ်ဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး အမျိုးသားတန်းသူရေး အတွက် တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်တာ၊ အဓမ္မစုဆောင်းတာမရှိဘူး။ တာဝန်အရ အသက် ၁၈ နှစ် ပြည့်သူ တိုင်း စစ်မှုထမ်းကို ထမ်းရမယ် ဆိုတာဘဲရှိတယ် ”- ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းသံတော်ဆင့်သို့ပြော သည်။

NCA စာချုပ် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အစိုးရတပ်မတော်က တပ်မတော်မူ ၆ ရပ် ဟုဆိုကာ – ၁။ လူသစ်စုဆောင်းခြင်း၊ အင်အားတိုးချဲ့ခြင်းမပြုရ။ ၂။ အခွန်ကောက်ခြင်းမပြုရ။ ၃။ ခွင့်ပြုချက်မရဘဲ စခန်းအသစ်တည်ခြင်း၊ သွားလာခြင်းမပြုရ။ ၄။ အစိုးရအုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရ။ ၅။ လူသတ်ခြင်းမပြုရ။ ၆။ အစိုးရပြည်သူ့စစ်တပ်ဖွဲ့ကို ထိပါးခြင်းမပြုရ။ – စသဖြင့် ချမှတ်ထားသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA က အဆိုပါ မူသည် တပ်မတော်၏ မူသာဖြစ်ကြောင်း၊ NCA စာချုပ်တွင် အဆိုပါ အချက်များ ပါ၀င် သဘောတူလက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း၊ အဆိုပါ တပ်မတော်မူကဲ့သို့ သျှမ်းပြည်တပ်မတော် RCSS/SSA တွင်လည်း နိုင်ငံရေးမဆွေးနွေးရသေးမှီ အပစ်ရပ် NCA ကာလ မူ ၆ ရပ် ချမှတ် ထား ရှိကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောပြဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

တောင်ကြီးမြို့ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်မှုထမ်းအတွက် ဖမ်းဆီးမှုရှိနေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အမျိုးသားအဆောင်များကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုများ...