Wednesday, January 28, 2026

RCSS/SSA အနေဖြင့် တပ်သားသစ် အဓမ္မစုဆောင်းမှုမရှိဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

သျှမ်းပြည်တပ်မတော် RCSS/SSA မှ တပ်သားသစ် စုဆောင်းနေသည်ဟု သတင်းများထွက်ပေါ်နေသည့် အပေါ် ဗိုလ်ချုပ်ကြီးယွက်စစ်က အဓမ္မတပ်သားစုဆောင်းခြင်းမရှိ ။ လက်ရှိတွင် လူငယ်များအနေဖြင့် အသိစိတ်ဖြင့်လာရောက် စစ်မှုထမ်းခြင်း၊ တာဝန်အရ စစ်မှုထမ်းရခြင်း နှင့် လူတိုင်းစစ်ပညာတတ်ရမည် ဆိုသည့်မူကြောင့် လာရောက်စစ်မှုထမ်းနေကြခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်အားပြောသည်။


ဗိုလ်ချုပ်ကြီးယွက်စစ်က – ၁- ဆန္ဒအလျောက် အသိစိတ်ဖြင့် စစ်မှုဝင်ထမ်းပါက လွန့်စစ် ခေါ် အမာခံစစ်သည်၊ ၂- တာဝန်အရ စစ်မှုထမ်းရပါက စစ်သင်တန်းနှင့်အတူ အလုပ်တာဝန် ၅ နှစ် ပြီးဆုံးပါက တာဝန်ထမ်း ဆောင် ပြီး ကြောင်းလက်မှတ်နှင့်အတူ နေရပ်သို့ ပြန်ရမည်ဖြစ်ကြောင်း ၊ အသက် ၁၈ နှစ်ပြည့် သျှမ်းပြည်သားတိုင်း စစ်ပညာသင်ယူရမည်ဖြစ်ပြီး စစ်သင်တန်း ပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်ထုတ်ပေးမည်ဖြစ်ရာ မိသားစုထံပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

“တိုက်ပွဲမရှိတဲ့ ထိုင်းတွေတောင်သူတို့နိုင်ငံ သူတို့ရပ်ရွာကာဖို့ စစ်ပညာသင်ရတာ။ တိုက်ပွဲများတဲ့ ဒို့ဒေသ မှာ ပိုတောင်လိုအပ်သေးတယ်။ တာဝန်ပြီးဆုံးရင် မိသားစု နဲ့အတူ ပြန်နေရမှာဘဲ။ ပြီးရင်နောက်တယောက် ထပ် လာ။ ဒါက ကိုယ်ကျိုးအတွက်လုပ်တာမဟုတ်ဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး အမျိုးသားတန်းသူရေး အတွက် တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်တာ၊ အဓမ္မစုဆောင်းတာမရှိဘူး။ တာဝန်အရ အသက် ၁၈ နှစ် ပြည့်သူ တိုင်း စစ်မှုထမ်းကို ထမ်းရမယ် ဆိုတာဘဲရှိတယ် ”- ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းသံတော်ဆင့်သို့ပြော သည်။

NCA စာချုပ် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အစိုးရတပ်မတော်က တပ်မတော်မူ ၆ ရပ် ဟုဆိုကာ – ၁။ လူသစ်စုဆောင်းခြင်း၊ အင်အားတိုးချဲ့ခြင်းမပြုရ။ ၂။ အခွန်ကောက်ခြင်းမပြုရ။ ၃။ ခွင့်ပြုချက်မရဘဲ စခန်းအသစ်တည်ခြင်း၊ သွားလာခြင်းမပြုရ။ ၄။ အစိုးရအုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရ။ ၅။ လူသတ်ခြင်းမပြုရ။ ၆။ အစိုးရပြည်သူ့စစ်တပ်ဖွဲ့ကို ထိပါးခြင်းမပြုရ။ – စသဖြင့် ချမှတ်ထားသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA က အဆိုပါ မူသည် တပ်မတော်၏ မူသာဖြစ်ကြောင်း၊ NCA စာချုပ်တွင် အဆိုပါ အချက်များ ပါ၀င် သဘောတူလက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း၊ အဆိုပါ တပ်မတော်မူကဲ့သို့ သျှမ်းပြည်တပ်မတော် RCSS/SSA တွင်လည်း နိုင်ငံရေးမဆွေးနွေးရသေးမှီ အပစ်ရပ် NCA ကာလ မူ ၆ ရပ် ချမှတ် ထား ရှိကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောပြဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

ရွေးကောက်ပွဲပြီးလျှင် စစ်မှုထမ်းတိုးခေါ်မည်ဟုဆို

0
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြီးလျှင် စစ်မှုထမ်းတိုးခေါ်ရန် စစ်ကော်မရှင်က ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန် စစ်ကော်မရှင်က စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်မှာ လာမည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ “ရွေးကောက်ပွဲပြီးရင် စစ်မှုထမ်းတိုးခေါ်မယ်။ လာမယ့် ဧပြီလမှာ စစ်မှုထမ်း...

ပင်းတယ တက္ကသိုလ်ကျောင်းတက်သူများ ကြိုတင်မဲမထည့်လျှင် စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့တွင် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတို့က တက္ကသိုလ်ကျောင်းသားများ မဲမထည့်လျှင် စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ပြီး ကြိုတင်မဲ ထည့်ခိုင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၆) ရက်တွင် တက္ကသိုလ်ကျောင်းတက်နေသူများ၊ မသန်စွမ်းများ၊ ကျန်းမာရေးမကောင်းသူများ နှင့် သက်ကြီးရွယ်အိုများကို စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများက မဖြစ်မနေမဲထည့်ကြရန်...

နိုင်ငံကူးလက်မှတ်ရရှိရေး လူငယ်များ အလုအယက်ကြိုးပမ်း

0
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် လူငယ်များ ပြည်ပထွက်ခွာရန် အလုအယက် ကြိုးစားနေကြကြောင်း သိရသည်။ သျှမ်းပြည် တောင်ကြီးမြို့ရှိ လဝကရုံးတွင် Online Appointment (QR) စနစ်ဖြင့် ပုံမှန်အတိုင်း ပတ်စပို့ လုပ်မည်ဆိုလျှင် ကျပ် ၁ သိန်းသာ...