SHAN -
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...
SHAN -
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင်...
သက်ငယ်မုဒိမ်းကျူးလွန်သည့် ရွာငံအမျိုးသားတစ်ဉီး လွတ်မြောက်နေဆဲ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဉီးကို မုဒိမ်းမှုကျူးလွန်ခဲ့သော အမျိုးသားတစ်ဦးကို တစ်လနီးပါးကြာသည်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ လက်ထိတ်တန်းလန်းဖြင့်...
ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...
မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...
“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။ အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ...
ချင်းမိုင်နှင့် ချင်းရိုင် ဒေသခံ ၆၀၀ ခန့် “ငြိမ်းချမ်းရေးခရီးစဉ်” လမ်းလျှောက်
SHAN -
မြန်မာနိုင်ငံအတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများမှ စည်းကမ်းမဲ့စွန့်ထုတ်လိုက်သည့် အဆိပ်သင့်ဓာတ်ပစ္စည်းများကြောင့် ရေလမ်းကြောင်းများ ညစ်ညမ်းကာ ဒေသခံများ ခံစားနေရသည့် ဒုက္ခများကို မီးမောင်းထိုးပြရန်အတွက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်ပြည်နယ်တို့မှ ဒေသခံပြည်သူ ၆၀၀ ခန့်သည် ယမန်နေ့ မေလ ၃၀ ရက်တွင် "ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း" ခရီးစဉ် (Peace Walk) ကို...
SHAN -
ချင်းမိုင်မြို့ရှိ တိုက်ခန်းတစ်ခုအတွင်း သျှမ်းအမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလွတ်မြောက်နေသည့် စိုင်းဆု (Jai Su) ကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၁၈ ရက် က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ San Phi Suea တိုက်နယ်ရှိ တိုက်ခန်းတစ်ခု၏ ရေချိုးခန်းအတွင်း၌ သျှမ်း (တိုင်းယိုင်) အမျိုးသမီးငယ်တစ်ဦး၏ ရုပ်အလောင်းကို...
နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...
ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...






