ကျောက်မဲမြို့စစ်ဘေးရှောင် ၂၀၀ ကျော် အနွေးထည်နှင့် စားသောက်ကုန်များ လိုအပ်နေ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်း၊ နမ့်ဆော့၊ ပြိန်းခါးနှင့် နားမွန်း ကျေးရွာတွင် စစ်ဘေးရှောင်နေသည့် ဒေသခံ ၂၀၀ ကျော်တို့သည် စားသောက်ကုန်များနှင့် အနွေးထည်များ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိမှာ မိုင်းတင်းတွင် စစ်ရှောင် (၆၂)ဦး၊ နမ့်ဆော့တွင် (၆၉)ဦး၊ ပြိန်းခါးတွင် (၆၂)ဦးနှင့် နားမွန်းတွင် (၃၉)ဦးရှိပြီး...
ရပ်စောက်မြို့ ပြည်သူများ အပြင်ထွက်ပါက ဖုန်းမပါလျှင် စစ်ကောင်စီက ငွေ ဒဏ်ရိုက်
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီတို့သည် နေအိမ်အပြင်ထွက်သည့် ပြည်သူတချို့ ကို စစ်ဆေးမှုပြုလုပ်ရာ ဖုန်းမပါလာပါက ငွေဒဏ်ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ဈေးဝယ်ထွက်ရန်နှင့် အပြင်ထွက်လာသည့် ပြည်သူများကို စစ်ကောင်စီတပ်သားတို့သည် ဗထူးတပ် ဝင်ပေါက်အနီး နှင့် တချို့သော လမ်းနေရာများတွင် စောင့်ဆိုင်းကာ စစ်ဆေးမှုပြုလုပ်နေပြီး ဖုန်းမတွေ့ပါက ငွေဒဏ် ၅၀၀၀ ကျပ်...
မူဆယ်မြို့နယ် ရွာသားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မန်းဟန်ကျေးရွာတွင် နေထိုင်သည့် ရွာသားတစ်ဦးကို စစ်ကောင်စီတို့က ရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မန်းဟန်ကျေးရွာရှိ ယာခင်းအတွင်းတွင် အလုပ် လုပ်နေသည့် အသက် ၅၃ နှစ်ရှိ အမျိုးသားတစ်ဦးကို စစ်ကောင်စီတို့မှ သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း...
ကျောက်မဲမြို့ မှ ကိုဗစ် လက်မှတ် နေအိမ်ထဲထိ ဝင်စစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ကို နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များသည် ယခုတစ်ပတ်အတွင်း ကိုဗစ် စစ်ဆေးမှုကို ရုတ်တရက် လမ်းသွားလမ်းလာ ပြည်သူများနှင့် နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေးနေကြောင်း သိရသည်။ “သူတို့က အရူးထရင် ထသလို စစ်နေတာဘဲ။ ကိုဗစ်...
ရွာငံမြို့နယ် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူတစ်ဦး ဓားထိုးသတ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာတွင် စစ်တပ်သတင်းပေးသူဟု နာမည်ထွက်နေသည့် ရွာသားတစ်ဦး ဓားထိုးသတ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်) ည ၈ နာရီခွဲဝန်းကျင် အချိန်တွင် နွားဘန်းကြီးကျေးရွာ၏ တောင် ဘက်ပိုင်းတွင် အိမ်နှင့်တွဲလျက် အရက်ဆိုင် ဖွင့်ထားသည့် စစ်တပ်သတင်းပေး ကိုတင်ဇော်...
ဖယ်ခုံမြို့ စစ်ရှောင်ကူညီသူ ကိုညီခင် ရုပ်အလောင်း ပြန်မရရှိသေး
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ရှောင်းများကို စားဝတ်နေရေးအတွက် ကူညီပေးနေသည့် ကိုညီခင်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်း ပြန်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ကိုညီခင် ကို စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာ (၁၅)ရက် ည ၉ နာရီအချိန်တွင် နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီး စစ်ကြောရေးစခန်းမှာ ၃ ရက်အကြာ နိုဝင်ဘာ...
မြန်မာ – တရုတ်နယ်စပ် ကျင်ဆန်ကျော့ဂိတ်ကို တရုတ်ဘက်မှ စမ်းသပ်ကာလအဖြစ် ပြန်ဖွင့်မည်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မြန်မာ - တရုတ်နယ်စပ် ကျင်ဆန်းကျော့ ဂိတ်ကို စမ်းသပ်ကာလအဖြစ် တရုတ် ဘက်မှ ပြန်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်မှစတင်ကာ မြန်မာ - တရုတ်နယ်စပ် ကျင်ဆန်ကျော့ ဂိတ်ကို စမ်းသပ်ဆဲကာလအဖြစ် တရုတ်တို့ဘက်မှ...
အေးသာယာစျေးရှေ့ Mask မတပ်သူများကို စစ်ကောင်စီ များက တုတ်ဖြင့် လိုက်ရိုက်နေ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့မ ဈေးရှေ့တွင် ယနေ့ (နိုဝင်ဘာ ၂၂)ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်တွင် Mask (နှားခေါင်းစည်း )မတပ်သူ များကို စစ်ကောင်စီတပ်သားများက တုတ်ဖြင့် လိုက်ရိုက်နေကြောင်း ဒေသခံများက ပြောသည်။ ယနေ့( နိုဝင်ဘာလ ၂၂) ရက် နေ့လည်ပိုင်း ၂...
စစ်ကောင်စီ မှ သေနတ်ပစ်လိုက်သည့် အောင်ပန်းမြို့ ဒေသခံတစ်ဦးအခြေအနေ မိသားစုဝင်များမသိ
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ လှည်ရိုးရပ်ကွက်တွင် စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်လိုက်သည့် ဒေသခံ တစ်ဦး၏အခြေအနေကို မိသားစုဝင်များက ယနေ့ထိ မသိရသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက် ည ၁၀ နာရီခွဲဝန်းကျင်တွင် အောင်ပန်းမှ ပင်းတယသို့အထွက် လှည်းရိုးရပ်ကွက်ရှိ စာသင်ကျောင်းတွင် ကင်းပုန်းချထားသော စစ်ကောင်စီတပ်ဖွဲ့အနီးသို့...
ပင်လောင်းမြို့ Semi Lockdown ပြန်ဖွင့်ပေး၊ ဈေးများ ဆက်ပိတ်ထား
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်ရန် ပိတ်ထားသည့် Semi Lockdown ကို ပြန်ဖွင့်ပေးသော်လည်း ဈေးများကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်တွင် ပင်လောင်းမြို့နယ် လော့ဒေါင်းကို ပြန်ဖွင့်ပေးခဲ့ပြီး ပင်လောင်းမြို့မစျေးနှင့် (၅) ရက်တစ်ဈေး တို့ကို (ယနေ့) နိုဝင်ဘာ...






