လားရှိုး ဟိုနားကျေးရွာ တရွာလုံး အစားအသောက် ခက်ခဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုနားကျေးရွာတွင် ကိုဗစ် ၁၉ ကာလနှင့် နိုင်ငံရေးအခြေအနေတွေကြောင့် တရွာလုံးနီးပါး စားဝတ်နေရေး ခက်ခဲလာပြီး ထမင်းနပ်မှန် မစားရကြောင်း စုံစမ်းသိရှိရသည်။ ဟိုနားကျေးရွာတွင် အိမ်ခြေ ၁၀၀ နီးပါးရှိပြီး ဝါးဖြင့် ဖျာယက်လုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး ဝယ်ယူသူနည်းပါးလာသောကြောင့် စားဝတ်နေရေးအတွက် အလှူရှင်များကို အားကိုးလာရကြောင်း...
ဖယ်ခုံမြို့နယ် လူသားဒိုင်းအဖြစ် ဖမ်းခံရသည့် အမျိုးသား(၂)ဦး သေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် အမျိုးသား (၂)ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် နေထိုင်သည့် အရပ်သား ၁၉ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့ရာ ထိုထဲတွင်...
ကွတ်ခိုင်မြို့ စစ်ကောင်စီမှ တစ်ဖက်သက် သေနတ်ပစ်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့တွင် ယနေ့ (ဒီဇင်ဘာ ၂၂)ရက် မနက် ၉ နာရီ ဝန်းကျင်၌ စစ်ကောင်စီဘက်မှ တစ်ဖက်သက် သေနတ်ဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။ “တစ်ဖက်သက် အသံပဲကြားရတယ်။ (၇) ချက် (၈) ချက်လောက် ပစ်တယ်။ ဝမ်ပန်၊ ဟွေ့ခုတ်ရွာဘက် ပစ်သွားတယ်” ဟု...
လားရှိုးမြို့နယ် ကောင်းကြဲပိတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြည်သူပိုင်မြေ ရောင်းစားနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကောင်းကြဲပိတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် အများပိုင် မြေကွက်ကို ရောင်းစားနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ကောင်းကြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် နားမွန်းကျေးရွာမှ အများပိုင်မြေကွက်များကို ပြည်သူများ ကန့်ကွက်သည့်ကြားက အုပ်ချုပ်ရေးမှူး အာဏာဖြင့် ရောင်းစားနေကြောင်း နားမွန်းဒေသခံ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
စစ်ရှောင်အတွက် ကူညီနေသည့် အောင်ပန်းမှ လူငယ်များကို စစ်ကောင်စီ လိုက်ဖမ်းနေ
SHAN -
စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရန် အလှူငွေနှင့် ပစ္စည်းများ လက်ခံနေသည့် သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ လူငယ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် ရှာဖွေဖမ်းဆီးနေကြောင်း သတင်းသိရသည်။ “ပြီးခဲ့တဲ့ လပြည့်ည ဗုံးကွဲပြီးကတည်းက စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်နဲ့ ရပ်ကွက်ထဲဝင်ပြီး လူငယ်တွေကို လာဖမ်းတာရှိပါတယ်၊ ဒီနောက်ပိုင်း သူတို့လာဖမ်းတဲ့သူတွေက ပရဟိတလုပ်တဲ့ လူငယ်တွေချည်းပဲ”...
စစ်ကောင်စီ မှ ဖယ်ခုံမြို့နယ် နွားကျောင်းသား (၆)ဦးကိုဖမ်းဆီး၊ နွား(၃)ကောင်တောင်း
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးမီးလော့ ကျေးရွာအတွင်း ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီ ဝင်ရောက်စီးနင်းခဲ့ပြီး နွားကျောင်းသား (၆)ဦးကို ဖမ်းဆီးကာ နွား(၃)ကောင် တောင်းယူခဲ့ကြောင်း စုံစမ်းသိရသည်။ ထို ဖမ်းဆီးခံရသည့် နွားကျောင်းသား (၆)ဦးကို ရိုက်နှက် စစ်ဆေးမှုပြုလုပ်ပြီး...
ကျောက်မဲ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များ ဝါးလက်မှုအခြေခံသင်
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၁)ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များကို ဝါးလက်မှု အခြေခံ သင်ပေးနေကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာ ဝါးလက်မှု အခြေခံသင်တန်းကို သင်တန်းသား ၂၂ ဦး တက်ရောက်နေပြီး၊ မြို့နယ် ယက်ကန်းသင်တန်းကျောင်းမှ လာရောက်သင်ကြားပေးနေတာဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် လုံးလျန်းဟန် က...
မူဆယ်မြို့လယ်ခေါင် ငွေလဲလှယ်ပေးသူ ဓားပြတိုက်ခံရ
SHAN -
သျှမ်းမြောက် မူဆယ်မြို့လယ် နာရီစင်အနီးတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၀)ရက် ညနေ ၆ နာရီခွဲဝန်းကျင်က ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူ ဓာပြတိုက်ခံရပြီး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ မူဆယ်မြို့လယ်ခေါင်ဖြစ်သည့် နာရီစင်အနီး တရုတ် - မြန်မာ ငွေလဲလှယ်ပေးနေသူအား လက်နက်ကိုင်လူတစ်စုက လာရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ “အယ်လ်ဖတ်ကားနဲ့...
မိုင်းကိုင် တိုင်းရင်းသားလက်နက်ကိုင်များ စစ်ရေးတင်းမာနေဆဲ၊
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်များကြား စစ်ရေးတင်းမာမှုကြောင့် စစ်ရှောင် (၇၀၀)ကျော် ယနေ့ထိ နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ ထို စစ်ရှောင်များသည် မိုင်းကိုင်မြို့နယ် ဝိန်းငင်းဘုန်းကြီးကျောင်းတွင် (၁၆၀)ကျော်၊ ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကုန်းစုံဘုန်းကြီးကျောင်းတွင် (၂၆၀)ကျော်နှင့် ပန်ကေတုကျေးရွာအတွင်း ကုန်းလိုင်းဒေသခံ စစ်ရှောင် (၂၈၀)ကျော် ကျန်ရှိနေကြောင်း သိရသည်။ “ကျမတို့...
ကွတ်ခိုင်မြို့နယ် တိုက်ပွဲဖြစ်ပွား ကျောင်းများပြန်ပိတ်
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် ယနေ့ (ဒီဇင်ဘာ ၂၀)ရက်တွင် စာသင်ကျောင်းများကို ပြန်ပိတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် တိုက်ပွဲ ပြင်းထန်လာမှုကြောင့် ကွတ်ခိုင်မြို့နယ်ရှိ ကျောင်းများအားလုံးကို ပြန်ပိတ်လိုက်တာဖြစ်ကြောင်း သိရသည်။ “ဒီနေ့တော့ ကျောင်းတွေ အကုန်ပြန်ပိတ်လိုက်ပြီ။ တိုက်ပွဲကြောင့် ပိတ်လိုက်တာ။...






