စစ်ရှောင်အတွက် ကူညီနေသည့် အောင်ပန်းမှ လူငယ်များကို စစ်ကောင်စီ လိုက်ဖမ်းနေ

စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရန် အလှူငွေနှင့် ပစ္စည်းများ လက်ခံနေသည့် သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ လူငယ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် ရှာဖွေဖမ်းဆီးနေကြောင်း သတင်းသိရသည်။

“ပြီးခဲ့တဲ့ လပြည့်ည ဗုံးကွဲပြီးကတည်းက စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်နဲ့ ရပ်ကွက်ထဲဝင်ပြီး လူငယ်တွေကို လာဖမ်းတာရှိပါတယ်၊ ဒီနောက်ပိုင်း သူတို့လာဖမ်းတဲ့သူတွေက ပရဟိတလုပ်တဲ့ လူငယ်တွေချည်းပဲ” ဟု အောင်ပန်းမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အောင်ပန်းမြို့ရှိ မြို့ဟောင်း ရပ်ကွက်တွင် ၂ ဦး၊ လှည်းရိုးရပ်ကွက်တွင် ၂ ဦးနှင့် အမှတ် ၃ ရပ်ကွက်မှ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်သည့် မောင်ဝေလင်းထွန်း အပါအဝင် လူငယ်စုစုပေါင်း ၁၇ ဦး ဖမ်းဆီး ခံနေရကြောင်း အောင်းပန်ဒေသခံများ ပြောပြချက်အရသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ည (လပြည့်ည)တွင် အောင်ပန်းမြို့၌ ဗုံးနှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတို့သည် ဒေသခံ ပအိုဝ်း (PNO) ပြည်သူ့စစ်တို့နှင့် ပူးပေါင်းပြီး ရပ်ကွက်ထဲရှိ လူငယ်များကို မသင်္ကာမှုနှင့် ဖမ်းဆီးနေသည်။

“အဲ့ လပြည့်ညမှာ အလိုင်းရင့်ရှေ့မှာတစ်လုံး၊ ပင်စိမ်းလက်ဖက်ရည်ဆိုင်ရှေ့မှာတစ်လုံး ရှေ့ဆင့်နောက်ဆင့် ဗုံးနှစ်လုံး ပေါက်ကွဲတယ်၊ အဲ့နောက်တော့ အရပ်ဝတ် စကစတွေက PNO နဲ့ ပေါင်းပြီး လူငယ်တွေကို လိုက်ဖမ်းတော့တာပဲ၊ သူတို့က ယူနီဖောင်းမဝတ်ဘဲ လာဖမ်းတော့ ဇဝေဇဝါနဲ့မို့ ပြေးချိန်ဘယ်ရမလဲ” ဟု အောင်ပန်းမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အောင်ပန်းမြို့တွင်း လက်ရှိအခြေအနေသည် ယူနီဖောင်းဝတ် စစ်ကောင်စီတပ်သားတို့အပြင် အရပ်ဝတ်နှင့် စစ်ကောင်စီတပ်သားများသည် နေရာအနံ့ကင်းပုန်းချထားပြီး လူငယ်များ အပြင်မထွက်ရဲအောင် ပြုလုပ်နေကြောင်း သိရသည်။

“စစ်ကောင်စီတွေက နေ့ဘက်မှာဆို လမ်းသွားလမ်းလာတွေကို စစ်တယ်၊ တခါတလေ အရပ်ဝတ်နဲ့ ယာဥ်တွေကို တားပြီး စစ်တာလည်းရှိတယ်၊ ညဘက်မှာကျတော့ ဝင်ဖမ်းတာ၊ ဘယ်လို အချိတ်အဆက်တွေကြောင့် ဖမ်းသလဲ မသိဘူး၊ နေရာအတိအကျနဲ့ လာဖမ်းတာ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် အောင်ပန်းမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများအထိ စစ်ကောင်စီတို့က လုံခြုံရေးချထားသည့်အပြင် ၎င်းတို့၏ ကင်းလှည့်ကားများဖြင့်လည်း လှည့်လည်စစ်ဆေးနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...