ဆီဆိုင်မြို့နယ် စစ်ကောင်စီ လက်နက်ကြီးပစ် အရပ်သား ၂ဦးသေ၊ ၇ဦးဒဏ်ရာရ
သျှမ်းပြည် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး၊ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဘန်းယဉ်ကျေးရွာ စစ်ကောင်စီ၏ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၂၅ နှင့် ၄၂၆ တပ်ရင်းမှနေ၍ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ဘန်းယဉ်ကျေးရွာအရှေ့ဘက်ရှိ...
မိုင်းဖုန်းဆရာတော်ထံ စက်လှေ လှူဒါန်းခဲ့သည့် SSPP
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးပန်ဖ အမှူးပြုသော အရာရှိစစ်သည်များက မိုင်းဖုန်းဆရာတော်ထံသို့ စက်လှေ လှူဒါန်းခဲ့ကြောင်း သတင်းသိရသည်။ ဖေဖော်ဝါရီလ ၁၅ ရက်တွင် တာချီလိတ်မြို့နယ် ရွှေတြိဂံနယ်မြေရှိ မိုင်းဖုန်းဆရာတော် စံကျောင်းတွင် SSPP/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးပန်ဖ အမှူးပြု၍ SSPP ပြောရေးဆိုခွင့်ရှိသူ...
စစ်ကောင်စီဒရုန်းဖြင့်တိုက်ခိုက် ကျောက္ကဆျား ဒေသခံများပြင်းထန်ဒဏ်ရာရရှိ
SHAN -
သျှမ်းတောင်၊ ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာတွင် စစ်ကောင်စီမှ ဒရုန်းဖြင့်တိုက်ခိုက်သဖြင့် ရွာသားတစ်ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိိကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၁၅ရက်တွင် ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီတပ်မှ ဒရုန်ဖြင့် ပစ်သဖြင့် ရွာသားများဝိုင်းဖွဲ့ထိုင်နေစဥ် ရွာသားတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။ "ရွာသားတွေက ထိုင်ပြီး စကားပြောနေကြတာ။ စစ်တပ်က...
သျှမ်းလူထုကို သွားရောက်တွေ့ဆုံသည့် RCSS ဥက္ကဌ
သျှမ်းပြည် မိုင်းပန်မြို့နယ်တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်မှ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီခန့်မှ စတင်ပြီး မိုင်းပန်မြို့နယ် နားမွန်(ၼႃးဝွၼ်) ကျေးရွာတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်မှ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး...
လူငယ် ၂၀၀ လျှင် ၁ ဦး စစ်မှုထမ်းရမည်၊ ဧည့်စာရင်းစစ် ဖမ်းဆီးမှုများရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံ
SHAN -
၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ် ၁၄ သန်းနီးပါးရှိပြီး ယခုနှစ် လူငယ် ၂၀၀ လျှင် ဦးနှုန်း စစ်မှုထမ်းရန် ခေါ်ယူမည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅ ရက်)...
မူဆယ်မြို့တွင်း တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်၊ နယ်စပ် ဖြတ်သန်းခွင့်စာအုပ်ကို အလုအယက် ပြုလုပ်နေ
သျှမ်းပြည် မူဆယ်ခရိုင် ဒေသခံများသည် တရုတ်နှစ်သစ်ကူးပြီးနောက် တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် မြန်မာ-တရုတ် နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ကို အလုအယက် ပြုလုပ်နေကြကြောင်း စုံစမ်းသိရသည်။ မူဆယ်ခရိုင်အတွင်းရှိ မူဆယ်၊ ပန်ဆိုင်း၊ မန်ဟီးရိုး၊ မုံးကိုးနှင့် နမ့်ခမ်းမြို့များမှ ဒေသခံပြည်သူများသည် တရုတ်နှစ်သစ်ကူးကာလ ဖေဖော်ဝါရီလ ၈/၉ ရက်နောက်ပိုင်း...
စစ်ရေးတင်းမာနေသည့် ဟိုပုံးမြို့နယ်အတွင်း တိုက်ပွဲပြန်ဖြစ်
ဟိုပုံးမြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် စစ်ကောင်စီတပ်တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ၏ ယာဉ်ကြောင်းကို စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO အဖွဲ့က ပိတ်ဆန့်ဟန့်တား ခြင်းကြောင့် ဇန်နဝါရီလ...
ဆီဆိုင်မြို့မစျေး စစ်ကောင်စီ လက်နက်ကြီး ကြောင့် မီးလောင်
သျှမ်းပြည် ဆီဆိုင်မြို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြို့မဈေးတစ်ခုလုံး မီးလောင်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) ညနေပိုင်း ၄ နာရီဝန်းကျင်တွင် ဆီဆိုင်မြို့သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် မြို့မဈေး၏ အရှေ့တောင်ဘက်မှ ဆိုင်ခန်းများ စတင်မီးလောင် သွားပြီး တစ်ညလုံးမီးငြိမ်းသတ်နိုင်ခြင်းမရှိကာ...
မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ် ဒဏ်ရာရရှိ သွားကြောင်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းရွာ(ပၢင်ႇၶမ်း)နေ အမျိုးသားတစ်ဦးသည် ဘုရားမီးပူဇော်ရန် သုံးပြုသည့် သစ် သွားရှာရာမှ မန့်ဟိုပိုး(မၢၼ်ႈႁူဝ်ပူဝ်း)တွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅) ရက် နေ့လည် ၁နာရီဝန်းကျင်တွင် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သည့်အထိ...
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အနီး AA သန့်ရှင်းရေးလုပ်
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ရက္ခိုင်တပ်တော် AA က မြို့ရွာသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်၍ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မြို့နယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ကားကြီးကွင်းနှင့် လမ်းမကြီးနံဘေး ဝဲယာတစ်လျှောက်၌ မြို့ရွာသန့်ရှင်းရေးလုပ်ငန်းများကို ရက္ခိုင့်တပ်တော် AA...





