Friday, January 30, 2026

CATEGORY

လူ့အခွင့်အရေး

“ပြည်သူကိုသတ်သည့်တပ်မတော် အလိုမရှိ” ဟု ကျောက်မဲဒေသခံ တသောင်းကျော် ဆန္ဒထုတ်ဖော်

“ အပြစ်မဲ့ ပြည်သူကို သတ်သည့် တပ်မတော် အလိုမရှိ” ဆိုသည့် စာတမ်းပါ ဗီနိုင်းပိုစတာကို ကိုင်ဆောင်ကာ ကျောက်မဲမြို့နယ် သျှမ်းလူထု တသောင်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန္ဒပြမှုသည် ကျောက်မဲမြို့တွင် ယနေ့ (ဇူလိုင် ၁၀)ရက် မနက် ၈နာရီ ဝန်းကျင် တွင်...

ကွတ်ခိုင်မြို့နယ် ပေါက်ကွဲမှု ဖြစ် ဒေသခံ ၇ဦး ထိမှန်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကိုင်ကျေးရွာ အုပ်စု နမ့်ခွမ်ရွာတွင် ပေါက်ကွဲမှု တခု ဖြစ်ပြီး ဒေသခံ ၇ ဦး ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင် ၈ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က နမ့်ခွမ်ရွာ ရှိ တောင်ယာတွင်...

ကန့်ကွက်မှုကြား လဲချားမြို့နယ် အတွင်း ကျောက်မီးသွေးတူးရန် ကုမ္ပဏီ ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာအုပ်စုရှိ ကျောက်မီးသွေး တူးဖော်နိုင်ရန်အတွက် ကုမ္ပဏီတခု မှ ဆက်လက် ကြိုးစားနေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၆ ရက်က လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာ အတွင်း ကျောက်မီးသွေး တူးဖော်ရန် အတွက် ကုမ္ပဏီ တခုက လူလွှတ်၍ ဟဲဆိုင်ကျောင်းတိုက် ဆရာတော်ထံ သွားရောက်...

ဆီဆိုင်မြို့နယ် ပြောင်းစိုက်ခင်း ၂ည ဆက်တိုက်ဖျက်ဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ်တွင် ပြောင်းစိုက်ခင်းများ ၂ည ဆက်တိုက် ဖျက်ဆီးခံရကြောင်း စုံစမ်း သိရှိရသည်။ တောင်သူများစိုက်ပျိုးထားသည့် ပြောင်းခင်းများသည် ဇူလိုင် ၃ရက်နှင့် ဇူလိုင် ၄ရက် ၂ည ဆက်တိုက် ဖျက်ဆီးခံရပြီး၊ဖျက်ဆီးခံရသည့် ပြောင်းစိုက်ခင်း ဧက ( ၃၄.၈) ဧကရှိပြီး၊...

ကွတ်ခိုင်မြို့နယ် အတွင်း စစ်အင်အားဖြည့်တင်း ဒေသခံများစိုးရွံ့

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း နယ်မြေ ရှင်းလင်းရေး အကြောင်းပြချက်ဖြင့် အစိုးရ တပ်မတော် မှအင်အားဖြည့်တင်းမှုပြုနေသည့်အပေါ် အချိန်မရွေးတိုက်ပွဲပြန်ဖြစ်မည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရ တပ်မတော် မှ စစ်အင်အားတိုးချဲ့ ပြီး၊ ဒေသခံ အမျိုးသားများကို ဖမ်းဆီးကာ လမ်းပြအဖြစ် လုပ်ဆောင်ခိုင်းကြောင်း...

မိုင်းရှူးမြို့တွင် အသက် ၆နှစ်အရွယ် မိန်းကလေး သက်ငယ်မုဒိမ်းကျင့်ခံရ

သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့ တွင် အသက် ၆နှစ်အရွယ်ရှိ ကလေးငယ် တဦး သက်ငယ်မုဒိမ်းပြုကျင့်ခံရကြောင်း စုံစမ်းသိရသည်။ ဇူလိုင် ၁ရက် နေ့လည်ပိုင်းတွင် လူလတ်ပိုင်းအရွယ် တဦးသည် အသက် ၆နှစ် အရွယ် ကလေးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်ခဲ့ကြောင်း၊ ထို ပြုကျင့်သည့် တရားခံကို ရဲစခန်းမှ ဖမ်းဆီးထားကြောင်း...

မူဆယ်တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် တွင် ယမန်နေ့ ညပိုင်း၌ အမျိုးသားတဦး သေနတ်ပစ်ခံရကြောင်းစုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင် ၂)ရက် ည ၉ နာရီ ဝန်းကျင်တွင် ကောင်းမူးတုံရပ်ကွက် ဟိုနားဘုန်းကြီးကျောင်း ဘေးလမ်းတွင် အသက် ၂၅နှစ် အရွယ် ရှိ အမျိုးသားတဦးမောင်းလာသည့်...

စစ်ရေးတင်းမာမှုကြောင့် ကျောက်မဲမြို့နယ်တွင် အရပ်သားတဦးရိုက်နှက်ခံရ ဒဏ်ရာပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ရေးတင်းမာမှုကြောင့် ရွာသားများထွက်ပြေးတိမ်းရှောင်နေစဉ်ရွာတွင်ကျန်ရစ်သည့် အရပ်သားတဦး ရိုက်နှက်ခံရသဖြင့် ဒဏ်ရာအပြင်းအထန် ရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့က ကျောက်မဲမြို့နယ် အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA)နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အက်ကြီးကျေးရွာ မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရာ အသက်...

ကျောက်မဲမြို့နယ် အတွင်းလက်နက်ကြီးကျ အရပ်သားတဦးသေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟိုင်းကွီကျေးရွာ အုပ်စု ပန်ကျန်ရွာ၌  ယနေ့မနက်ပိုင်းက လက်နက်ကြီးကျသဖြင့် အရပ်သားတဦးသေဆုံးကာ တဦးဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ဇွန်လ ၂၉ ရက် မနက် ၈နာရီ အချိန် သီပေါ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၃ မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အသက်...

သျှမ်းပြည် ကလေးသူငယ် တရားရုံး နှင့် အထူးရဲ သီးသန့် မထားနိုင်သေး

သျှမ်းပြည်နယ် တရားရုံးများတွင် ကလေး သူငယ်အထူးရဲ သီးသန့် ထားရှိရန် အစီအစဉ် မရှိသေးကြောင်းနှင့် အထူးတရားရုံးထားရှိရန် မြေနေရာခက်ခဲမှု ရှိနေသေးသည် ဟု လွှတ်တော်တွင် ပြောဆိုလိုက်သည်။ ယမန်နေ့ ဇွန် ၂၃ ရက်တွင် ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုး က သျှမ်းပြည်နယ်တရားရုံးများတွင်...

Latest news