နောင်ချို ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန် ထိန်းသိမ်းခံရ

သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ်မှရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်ကို ယနေ့(ဖေဖော်ဝါရီ ၁၀)ရက် ညနေပိုင်း ၄ နာရီခွဲခန့်တွင် ၎င်းနေထိုင်ရာ ကျောက်တောကျေးရွာ နေအိမ်မှ လာရောက်ခေါ်ယူ သွားကြောင်း မိသားစုဝင်များထံမှသိရသည်။

“အရပ်ဝတ် စရဖတွေနဲ့ နယ်မြေခံ ရဲတွေ လာခေါ် သွားတာပါ။ ဘယ်ကို ခေါ်သွားမယ်ဆိုတာကို ကျွန်တော်တို့ မသိရပါဘူး။ မကြာပါဘူးလို့တော့ ပြောသွားတယ်” ဟု ဦးထွန်းထွန်းဟိန်၏ မိသားစုဝင်တစ်ဦး ဖြစ်သူ ကိုအေးချမ်းဟိန်က ပြောသည်။

ဦးထွန်းထွန်းဟိန်သည် ယခင် အစိုးရသက်တမ်းတွင် ၂၀၁၈ ခုနှစ်မှ စတင်ပြီး ပြည်သူ့လွှတ်တော် ဒုဥက္ကဌ တာဝန် ယူထားခဲ့သူ ဖြစ်ကာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်သည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက် တွင် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြန်လည် လွှတ်မြောက်လာခဲ့ကာ ယနေ့သည် ဒုတိယအကြိမ် ပြန်လည် အထိန်းသိမ်းခံရခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် နောင်ချိုမြို့နယ်အတွင်း အခြား ရွေးကောက်ခံ ကိုယ်စားလှယ်တချို့ နှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူ တချို့လည်း မကြာခဏခေါ်ယူစစ်မေးခြင်းခံနေရသည်။

NLD မှ ရွေးကောက်ခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ကိုအောင်မြင့်ထွန်းကို စစ်အာဏာသိမ်းမှုစတင်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် တကြိမ် နေအိမ်မှ ခေါ်ယူ ထိန်းသိမ်းခဲ့သည်။

ယနေ့ (ဖေဖော်ဝါရီလ ၁၀) ရက် မနက်ပိုင်းတွင် နောင်ချို မြို့နယ်အတွင်း Civil Disobedience Movement အတွက် ဆောင်ရွက်နေသော ကျောင်းဆရာတစ်ဦးကိုလည်း နေအိမ်မှ လာရောက်ခေါ် ဆောင် စစ်ဆေး မေးမြန်းခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထု လှုပ်ရှားမှုများကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၈ နာရီတွင် စတင်ခဲ့ကြပြီး ယနေ့အထိ အရှိန်မြင့်ကာ ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

0
စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။  ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ...

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...