CATEGORY

လူ့အခွင့်အရေး

မြို့နယ် ၁၇၂ မှာ စစ်မှုထမ်းဥပဒေ စတင်ဖော်ဆောင်

ယခုနှစ်ဖေဖော်ဝါရီလ ၁၀ တွင် စစ်ကောင်စီမှ မြန်မာနိုင်ငံတမှမ်းကို ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်း ကြေညာခဲ့ပြီးနောက် ထိုစစ်မှုထမ်းဥပဒေကို မြန်မြန်ဆန်ဆန်အကောင်ထည်ဖော်လာကြောင်း Data for Myanmarမှ ထုတ်ပြန်ထားသည်။ မတ်လ ၂၂ ရက်အထိ စုဆောင်းထားသည့် အချက်အလက်များအရ စစ်ကောင်စီသည် မြို့နယ်ပေါင်း ၃၃၀ အနက် ၊ ၁၇၂...

ဖမ်းဆီးထိန်းသိမ်းထားသည့် အရပ်သားတစ်ဦးကို ပစ်ခတ်သည့် KNDF တပ်သား ၂ ဦး ထောက်ဒဏ် နှစ် ၂၀ ကျော်ချမှတ်

ဖမ်းဆီးထိန်းသိမ်းထားသည့် မသင်္ကာသူတစ်ဦးကို ပစ်ခတ်ခဲ့သည့် KNDF တပ်သား ၂ ဦးကို ထောင်ဒဏ် (၂၀) နှစ်နှင့် (၁) လပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က မတ်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၁ ည ၁၁ နာရီဝန်းကျင်တွင်...

စစ်ကောင်စီ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ် ကုန်စုံဆိုင် ပျက်စီး

သျှမ်းပြည် ပင်‌လောင်းမြို့နယ်တွင် စစ်ကောင်စီမှ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကုန်စုံဆိုင် (အိမ်ဆိုင်) ပျက်စီးခဲ့ရကြောင်း သိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် မတ်လ ၂၃ ရက် ည ဆယ်နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီမှ အကြောင်းမဲ့ လက်နက်ကြီး ၅ ကြိမ်ပစ်ခတ်မှု‌ကြောင့် နန်းတုတ်ဈေးအရှေ့ဖက်တွင်ရှိ ကုန်စုံဆိုင်(အိမ်ဆိုင်) တစ်လုံး...

“၁၁၁၁ စစ်ဆင်ရေး”စတင်ပြီးနောက် စစ်ကောင်စီတပ်စခန်း (၆၅) ခု သိမ်းပိုက်နိုင်

ကရင်နီ (ကယား) ပြည်တွင် (၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် မြို့နယ်အသီးသီးရှိ စစ်ကောင်စီတပ်စခန်း (၆၅)ခုကို တော်လှန်ရေးဘက်က သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးအသီးအသီးက ယနေ့ (မတ်လလ ၁၃) ရက်မှာ ထုတ်ပြန်ထားသည်။ ၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်မှစတင်ခဲ့သည့် (၁၁၁၁) စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီ...

ပင်လောင်းမြို့နယ် နန်းတုတ်ရွာကို စစ်ကောင်စီကလေယာဉ်ဖြင့်ဗုံးကြဲ၊ နေအိမ် ၆ လုံးပျက်စီး

သျှမ်းပြည် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသရှိ နန်းတုတ်တောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားနေအိမ် ၆ လုံး ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မတ်လ ၂၂ ရက် ညပိုင်း ၁၂ နာရီဝန်းကျင်တွင် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသရှိ နန်းတုတ်တောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က...

မူဆယ် လက်နက်ကိုင်အယောင်ဆောင်အဖွဲ့ အွန်လိုင်းစာပို့ခြိမ်းခြောက်ပြီး လူပြန်ပေးဆွဲမှု ဆက်ရှိနေ

သျှမ်းပြည် မူဆယ်မြို့တွင် လက်နက်ကိုင် အယောင်ဆောင်အဖွဲ့များမှ ဒေသခံများထံ အွန်လိုင်းစာပို့ ခြိမ်းခြောက်ပြီး လူပြန်ပေးဆွဲမှုများ ဆက်ရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ပြီး မူဆယ်မြို့တွင် လက်နက်ကိုင် အယောင်ဆောင်အဖွဲ့များက မူဆယ်မြို့ပြပျောက်ကြားအဖွဲ့၊ မြို့တွင်းတော်လှန်သော အုပ်စုအဖွဲ့ (MRTTD) နှင့် မူဆယ် PDF အယောင်ဆောင်အဖွဲ့ (MSPDF)...

ဖယ်ခုံမြို့နယ် လအိဆေးရုံကို စစ်ကောင်စီဗုံးကြဲ ဆေးကုသနေသူ ၂ ဦးသေဆုံး

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဆေးကုသမှုခံယူနေသည့် အမျိုးသား ၂ ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၂) ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လအိကျေးရွာရှိဆေးရုံကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက...

ကလောမြို့ စစ်မှုမထမ်းချင်သည့် လူငယ် ကိုယ့်ကိုကိုယ် သေကြောင်းကြံ

သျှမ်းပြည် ကလောမြို့တွင် စစ်မှုမထမ်းချင်သည့် လူငယ်တစ်ဦး ကိုယ့်ကိုကိုယ်သေကြောင်းကြံ ခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ကလောမြို့ ရပ်ကွက် ၈ တွင် ပြီးခဲ့သည့် မတ်လ ၁၈ ရက်တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးက စစ်မှုထမ်းရန် မဲနှိုက်ဖို့ ဆင့်ခေါ်ချိန် စစ်မှုမထမ်းချင်သည့် အမျိုး သားတစ်ဦး ကိုယ့်ကိုကိုယ်...

ဖယ်ခုံမြို့နယ် လအိဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဆေးရုံကို ယနေ့ (မတ်လ၂၂) ရက် နံနက် ၁၀ နာရီဝန်းကျင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် ၄ ကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါဆေးရုံအဆောက်အဦးများလည်း ထိခိုက်ပျက်စီးသွားသလို လူထိခိုက်ဒဏ်မှုလည်း ရှိကြောင်းသိရသည်။ အဆိုပါ...

စစ်ကောင်စီက စစ်မှုထမ်းဟောင်း မိသားစုဝင်များကို အဓိကထား ခေါ်ယူနေတာ

သျှမ်းပြည် ကွန်ဟိန်းမြို့တွင်း ပြည်သူ့ စစ်မှုထမ်းဟောင်း မိသားစု ဝင်များကို ပြည်သူ့ စစ်မှုထမ်းရန် အဓိက ခေါ်ယူနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ကွန်ဟိန်းမြို့တွင် ပြည်သူ့ စစ်မှုထမ်းရန်ခေါ်ယူသည့် နောက်တွင် စစ်မှုထမ်းဟောင်း၏ မိသားစုဝင်များကို စစ်ကောင်စီက အဓိကထား ခေါ်ယူနေကြောင်း ကွန်ဟိန်းမြို့နယ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို...

Latest news