လွယ်ဂျယ်မြို့
“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...
မြန်မာ – တရုတ်နယ်စပ် လွယ်ဂျယ် အရက်သောက်ရာမှ လူ (၁၀) ဦး သေဆုံး
မြန်မာ - တရုတ်နိုင်ငံ နယ်စပ်ဖြစ်သည့် ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့တွင် အရက်သောက်သုံးရာမှ (၁၀) ဦး သေဆုံးကာ (၂) ဦး ဆေးဝါးကုသမှု ခံယူနေရကြောင်း (ဇန်နဝါရီ ၃) ရက်၏ သတိပေးစာထုတ်ပြန်ချက်အရ သိရသည်။ လွယ်ဂျယ်မြို့ အောင်ချမ်းသာရပ်ကွက် တရုတ် ရိုးရာယဉ်ကျေးမှုခန်းမ ဆိုင်ခန်းတွင်...





