စစ်တက္ကသိုလ်
ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲအတွက် စစ်ကောင်စီ လုံခြုံရေးတင်းကြပ်
SHAN -
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့တွင် စစ်ကောင်စီတပ်မှ စစ်အင်အား အလုံးအရင်း ဖြည့်တင်းပြီး စစ်ဆေးမှုများ ပိုမိုတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလပိုင်းတွင် ပြုလုပ်လေ့သည့် စစ်တက္ကသိုလ် (DSA) နှင့် စစ်နည်းပညာ တက္ကသိုလ် (DSTA ) ကျောင်းဆင်းပွဲများအတွက် စစ်ကောင်စီတပ်မှ စစ်အင်အား အများအပြား ဖြည့်တင်းလာပြီး မြို့အတွင်းနှင့် မြို့ပတ်လည်တွင်...
စစ်တက္ကသိုလ်နှင့် စစ်ကောင်စီ၏ ဝန်ထမ်းများရှိသည့် ပြင်ဦးလွင်မြို့ကို ၁၃မျဉ်းစောင်းများ ဝင်ခွင့်ပိတ်ထားဟုဆို
SHAN -
ပြင်ဦးလွင်မြို့ဘက်မှ တဆင့် မိမိနေရပ်ဘက်သို့ ပြန်မည့် ၁၃မျဉ်းစောင်း နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်သူများကို စစ်ကောင်စီကပေးမဝင်ဘဲ ပြန်လှည့်ခိုင်းကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် ဇူလိုင် ၂၇ရက်တွင် ကျောက်မဲမြို့၌ စစ်ကောင်စီနှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲဖြစ်ပွားပြီး ၁၃မျဉ်းစောင်း နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်သူများသည် မန္တလေးမြို့ဘက်သို့ အများအပြားထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။ သြဂုတ် (၆)ရက် နံနက်ပိုင်းတွင် TNLA နှင့်...
ပြင်ဦးလွင်မြို့ မဆုတ်တမ်းခံစစ် စစ်ကောင်စီတပ် ပြင်ဆင်
SHAN -
နာမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်တက္ကသိုလ်များ တည်ရှိရာ ပြင်ဦးလွင်မြို့ကို သျှမ်းမြောက် မဆုတ်တမ်း ခံစစ် အဖြစ် သတ်မှတ်၍ စစ်ကောင်စီတပ်က ပြင်ဆင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇွန်လ ၂၆ ရက်) တွင် ပြောသည်။ ပြင်ဦးလွင် မဆုတ်တမ်း ခံစစ် ပြင်ဆင်မှုအဖြစ် ယမန်နေ့က အနီးစခန်းလေဆိပ်သို့...
ပြင်ဦးလွင် ကန်တော်ကြီးပတ်လမ်း PDF အလံ စိုက်ထူမှု တပ်နယ် တာဝန်မှူး ကြိမ်းမောင်းခံရ
SHAN -
စစ်တက္ကသိုလ်များ တည်ရှိသည့် ပြင်ဦးလွင်မြို့၊ နာမည်ကျော် ကန်တော်ကြီးပတ်လမ်းတွင် ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၅ နာရီက ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အလံ လာရောက်စိုက်ထူသွားသဖြင့် တာဝန်ကျ တပ်နယ်မှူး ကြိမ်းမောင်းခံခဲ့ရသည်ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။ လုံခြုံရေး တင်းကြပ်ထားသည့် ပြင်ဦးလွင်မြို့၊...





