Monday, February 9, 2026

၂ ပတ်အတွင်း သျှမ်းပြည်အရှေ့ပိုင်းတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁၀၄ ဦးအထိရှိလာ

သျှမ်းပြည်အရှေ့ပိုင်းတွင် ၂ ပတ်အတွင်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၁၀၄ ဦးရှိလာကြောင်း စုံစမ်းသိရှိရသည်။

Photo Credit to Tachileik youth- တာချီလိတ်ဆေးရုံတွင်ကိုဗစ် ၁၉ စစ်ဆေးရန်စောင့်နေသူများ

ထိုအနက်တာချီလိတ်မြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာအများဆုံးရှိ နေသဖြင့်လမ်းပန်းဆက်သွယ်ရေးနှင့်အသွားအလာကန့်သတ်မှုလည်းအများဆုံးရှိနေသည်ဟုသိရသည်။

“သျှမ်းအရှေ့မှာ တာချီလိတ်က ၇၅ယောက်၊ မိုင်းတုံ ၇ယောက်၊ မိုင်းယောင်း ၇ယောက်၊ မိုင်းပျဉ်း ၃ ယောက်၊ မိုင်းယန်း ၃ယောက်၊ မိုင်းဆတ် ၂ယောက် ရှိတယ်။ ဆေးရုံဆင်းသွားတာက ၁၈ ယောက်ရှိပါပြီ” ဟု သျှမ်းပြည်အရှေ့ပိုင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက် ကပြောသည်။

  သျှမ်းရှေ့ပိုင်းတွင် ကိုဗစ် ၁၉ ကူးစက်မှုမြှင့်တက်လာသည့် အပေါ် ပြည်သူများအနေဖြင့် အိမ်တွင်သာ နေပေးကြရန်၊ ၂ ပတ်ကြာပြည်သူများ သွားလာမှုကို လျော့ချထားပါက ကိုဗစ် ၁၉ ကူးစက်မှုလည်း လျော့ကျသွားနိုင်ကြောင်း ဒေါက်တာဘစိုးသက်က ဆိုသည်။

၂ ပတ်အတွင်း သျှမ်းရှေ့တွင် ကိုဗစ် ၁၉ မြင့်တက်လာသည့် အပေါ် ဆရာဝန်များအနေဖြင့်  ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့သူများကို ထပ်မံလိုက်လံစုံစမ်းရာတွင် အခက်ခဲများရှိနေကြောင်းသိရသည်။

“ ကွန်တက်တွေကို လိုက်တာတော့အခက်ခဲရှိတာပေါ့။ စဖြစ်တာက KTVဆိုတော့ ဘယ်သူ၊ဘယ်နယောက်၊ ဟိုတယ်တို့ အနှိပ်ခန်းတို့သွားခဲ့လား၊ မသွားခဲ့လား ဆိုတာလိုက်ဖော်ထုတ်ဖို့ အရမ်းခက်ခဲတယ်” ဟု ဒေါက်တာဘစိုးသက်က ပြောသည်။

တာချီလိတ်မြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာများလာသည့်အပေါ် ပြည်သူတစ်ချို့  စိုးရိမ်မှုများ ရှိနေကြောင်းသိရသည်။

“ ကျနော်တို့ တာချီလိတ်မြို့မှာတော့ ၂၈ ရက်က ကိုဗစ် ၁၉ ပိုးတွေ့လူနာရှိလာပြီးစသိတာနဲ့ ပြည်သူတွေကတော့ ကြောက်ကြပါတယ်။ အလုပ်တွေလဲ အများကြီးပိတ်လိုက်တာရှိတယ်။ ဒီတစ်ခါတော့ လူတွေက တော်တော်ကြောက်လာတယ်” ဟု တာချီလိတ်တွင် အလုပ်လုပ်နေသည့် စိုင်းညွှန့်ကပြောသည်။

မြန်မာနိုင်ငံတ၀ှမ်း ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၈ နာရီထိ ကိုဗစ် ၁၉ အတည်ပြုလူနာ (၉၉၁၅၅) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၇၇၆၃၆) ဦးနှင့် သေဆုံးသူ (၂၁၁၀) ဦးရှိကြောင်း ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

တာချီလိတ် လူငယ်တစ်ဦး တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေ၊ အထင်မှား ဖမ်းဆီးခံရမည်ကို မိသားစု စိုးရိမ်

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ လူငယ်တစ်ဦး တစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေပြီး အထင်မှားဖမ်းဆီးခံရမည်ကို စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၄ ရက်ကတည်းက အသက် ၂၉ နှစ်အရွယ်ရှိ စိုင်းမောင်သိန်းလှိုင်ဆိုသူသည် ခဏအပြင်ထွက်လည်မည်ဟုဆိုကာ နေအိမ်မှထွက်သွားပြီးနောက် ယနေ့အချိန်ထိ အိမ်သို့ပြန်ရောက်လာခြင်းမရှိဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းသည် စိတ်ကျရောဂါ (Depression)...

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ထံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတွေ့

0
သျှမ်းပြည် ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီး ယမန်နှစ် မေလအတွင်းက သရဖူ...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...