တောင်ကြီးရောက်
တောင်ကြီးရောက် စစ်ရှောင်များကို စစ်တပ်က နေရပ်အတင်းပြန်ခိုင်း၊ မပြန်လျှင် မြေသိမ်းမည် ခြိမ်းခြောက်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ကရင်နီပြည်ဘက်မှ လာရောက်စစ်ရှောင်သူများကို စစ်ကော်မရှင်တပ်က နေရပ်ပြန်ရန် အတင်းဖိအားပေးနေပြီး၊ မပြန်လာလျှင် အိမ်ခြံမြေများ သိမ်ဆည်း မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး...
ရွေးကောက်ပွဲကို အွန်လိုင်းပေါ်ဝေဖန်သည့် တောင်ကြီးရောက် လားရှိုးစစ်ရှောင် ထောင် ၇ နှစ်ချခံရ
သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်ကြောင်း စစ်ကော်မရှင်ဘက်က ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (စက်တင်ဘာလ ၉ ရက်) တွင် စစ်ကော်မရှင်လက်အောက်ခံ တောင်ကြီးမြို့နယ် တရားရုံးက အေးသာယာမြို့တွင် ရပ်ကွက်(၁) တွင် နေထိုင်သည့် လားရှိုးစစ်ဘေးရှောင် ကိုနေသွေး အား ရွေးကောက်ပွဲများကို...
တောင်ကြီး ရောက်ရှိလာသည့် ကရင်နီ စစ်ရှောင်များအတွက် စခန်းတစ်ခုလိုအပ်
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့သို့ ရောက်ရှိလာသော ကရင်နီစစ်ရှောင်များအတွက် နေရာအတည်တကျနှင့် ထားရှိသည့် စခန်းတစ်ခု လိုအပ်ကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့မှ ယနေ့အချိန်အထိ တောင်ကြီးမြို့ပေါ်သို့ စတင်ရောက်ရှိလာသည့် ကရင်နီ စစ်ဘေးရှောင်များ များပြားလာသော်လည်း လက်ရှိအချိန်တွင် အဆင်ပြေသလိုသာ...





