ကင်းစောင့်ခိုင်း
ညောင်ရွှေမြို့နယ် PNO ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သူများ စစ်ဝတ်စုံဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းနေ
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရှိ ပအိုဝ်းပြည်သူ့စစ် PNO ထိန်းချုပ်သည့်နယ်မြေ အတွင်းနေထိုင်သော ပြည်သူများကို စစ်ဝတ်စုံဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ လယ်မှစပြီး ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာနှင့် လွယ်နွဲ့ကျေးရွာတွင် စစ်ကောင်စီနှင့် PNOက နေရပ်ပြန်ခိုင်းပြီးကျေးရွာအတွင်း ငွေကောက်ခြင်း၊ ငွေမထည့်နိုင်သူများက်ု PNOယူနီဖောင်း ဝတ်ခိုင်းပြီး ကင်းစောင့်ခိုင်းကြောင်း...
လွိုင်လင် စစ်ကောင်စီက ဆေးသမားများကိုဖမ်းဆီး မြို့အဝင် ဂိတ် ကင်းစောင့်ခိုင်း
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နှင့် အနီးတဝိုက်တွင် စစ်ကောင်စီက ဆေးသမားများကို ဖမ်းဆီးပြီး မြို့အဝင်၊အထွက် ဂိတ်များတွင် ကင်းစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်မှ စပြီး စစ်ကောင်စီတပ်မှ ဒေသတွင်း စစ်မှုထမ်းခေါ်ယူရန် လူအင်အားနည်းလာသောကြောင့် မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးကာ တပ်သားသစ်အဖြစ် အစားထိုးစုဆောင်းလာကြောင်း သိရသည်။ အဆိုပါ တပ်သားသစ်များသည်...
ပင်လောင်းတွင် ဆယ်ကျော်သက် လူငယ်များကို PNOမှ ကင်းစောင့်ခိုင်း
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် လိန်းညားကျေးရွာအုပ်စုရှိ ဆယ်ကျော်သက် လူငယ်များအပါအဝင် လက်နက်မပါဘဲ ပအိုဝ်းပြည်သူ့စစ် PNO မှ ကင်းစောင့်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့်( သြဂုတ်လ ၃ )ရက်နေ့မှစပြီး လိန်းညား ကျေးရွာအုပ်စုရှိ အသက် ၁၈ နှစ် လူငယ်များနှင့် အသက် ၄၅ အရွယ် လူကြီးများကို...





