တစ်ဆို့နေသည့်ငြိမ်းချမ်းရေးဖြစ်စဉ် စုပေါင်းအဖြေရှာရန် အစိုးရကိုယ်စားလှယ် နှင့် RCSS ချင်းမိုင်တွင်တွေ့ဆုံ

တစ်ဆို့နေသော ငြိမ်းချမ်းရေးဖြစ်စဉ်အား အဖြေရှာရန်တွက်ဟုဆိုကာ အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS တို့ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် အလွှတ်သဘောတွေ့ဆုံကြောင်းသိရသည်။

Photo from NRPC facebook၊အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်တွင်ကျင်းပသော ထိပ်သီးဆွေးနွေးပွဲ


နို၀င်ဘာလ ၁၆ ရက် ညနေ ၅ နာရီ တွင် ချင်းမိုင်မြို့တွင်ပြုလုပ်မည့် တွေ့ဆုံပွဲသို့ အစိုးရ PC ဘက်မှ ဒု- ဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း) ဦးဆောင်သည့် ဦးဇော်ဌေး၊ ဦးအောင်စိုး၊ ဦးလှမောင်ရွှေ ၊ ကူညီဆောင်ရွက်ရေး ဦးကျော်လင်းဦး တို့ ပါ၀င်ပြီး RCSS/SSA ဘက်မှ ဗိုလ်ချုပ်ကြီးယွက်စစ် ကိုယ်တိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့မှ တက်ဆွေးနွေးခဲ့ကြောင်းသိရသည်။


“အဓိကကတော့ ပြီးခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲက တစ်ဆို့နေတာတွေကိုဒီမှာ ပြန်ပြီးတွေ့ဆုံပြီး နည်းလမ်း ရှာတာဖြစ်ပါတယ်။ ဥပမာ အစိုးရတပ်မတော်နဲ့ RCSS/SSA တို့မကြာခဏ ပစ်ခတ်တိုက်ခိုက်မှု တွေဖြစ်ပွါးနေရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖြေရှင်းဖို့ ပြီးခဲ့တဲ့ ဂျူလိုင်လတုန်းက PC နဲ့ တွေ့ဆုံ တုန်းက သုံးသပ်လို့မပြီးသေးတဲ့ Bilateral Ceasefire Agreement တွေ။ အခုချိန်အထိ ၄ လ ထဲဝင်လာပြီ။ BCA သုံးသပ်လို့မပြီးသေးတဲ့အပြင် ထိပ်သီးတွေ့ဆုံပွဲတုန်းကဆွေးနွေးတာလည်း ထပ်ပြီးတော့ တစ်ဆို့မှုတွေ ထပ်ရှိလာတယ်ဆိုတော့ – ဒါတွေကိုဆွေးနွေးကြမှာဖြစ်တယ် “-
ဟု ပြည်ထောင်စုအင်စတီကျုမှ ဒါရိုက်တာ ဦးခွန်စိုင်းကပြောသည်။


ငြိမ်းချမ်းရေး ကော်မရှင် PC သည် နို၀င်ဘာလ ၁၆ ရက်တွင် RCSS နို၀င်ဘာလ ၁၇ ရက်နေ့တွင် KNU နို၀င်ဘာလ ၁၈ ရက်နေ့တွင် KNPP နှင့် KIO တို့နှင့်တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။

အောက်တိုဘာလ ၁၅ နှင့် ၁၆ ရက်နေ့ ထိပ်သီးတွေ့ဆုံမှုနောက်ပိုင်း KNU အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့် တရားဝင်တွေ့ဆုံ ဆွေးနွေးမှုများ တက်ရောက်မည်မဟုတ်သေးကြောင်း၊ သို့သော်အလွှတ်သဘောတွေ့ဆုံမည်ဆိုပါက တွေ့ဆုံမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၀ ရက်နေ့ ဗဟိုကော်မတီအစည်းအဝေးအပြီး ထုတ်ပြန်ကြေငြာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်မြို့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးအဖြစ် သုံးရက်ဆက်တိုက်ဖြစ်၊ ဒေသခံများ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်နေ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် တစ်ပတ်နီးပါးကြာအောင် ဆက်တိုက်ဖြစ်ပေါ်နေသည့် ပြင်းထန်သော မြူခိုးညစ်ညမ်းမှုကြောင့် အပြင်ဘက်တွင် အလုပ်လုပ်ကိုင်နေရသည့် ဒေသခံများမှာ ကျန်းမာရေးဝေဒနာများ ခံစားနေရကြောင်း သိရသည်။ လေထုအရည်အသွေး တိုင်းတာသည့် IQAir ၏ ထုတ်ပြန်ချက်အရ ချင်းမိုင်မြို့သည် ကမ္ဘာပေါ်ရှိ မြို့ကြီးများအနက် လေထုညစ်ညမ်းမှု အဆိုးရွားမြို့အဖြစ် သုံးရက်ဆက်တိုက် သတ်မှတ်ခံထားရသည်။ ယနေ့ (မတ်လ...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...