သျှမ်းပြည် အရှေ့ပိုင်း ရေကြီး လမ်းတံတားများ ရေတိုက်စားခံရ၊သွားလာရန်ခက်ခဲ

သျှမ်းပြည် အရှေ့ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ချောင်းရေများ တောင်ကျရေများ မြှင့်တက်ပြီး ရေကြီးရေလျှံ၍ လမ်းနှင့် တံတားများ ပျက်စီးကာ ကားများသွားလာရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။

သျှမ်းပြည် အရှေ့ပိုင်း မိုင်တုံမြို့၊မိုင်းဖြတ်မြို့၊တာချီလိတ်မြို့ ၊မိုင်းကိုးကျေးရွာ နှင့် ကျိုင်းတုံမြို့တို့တွင် မိုးရွာသွန်းမှုသဖြင့် ချောင်းရေများ တောင်ကျရေများကြောင့် ရေကြီး ရေလျှံများကြုံ တွေ့နေရကြောင်း သိရသည်။

မိုင်းတုံမြို့နယ်တွင် နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် ချောင်းရေတက်ကာ မိုင်းတုံ – တာဆန်း ကိုဆက်သွယ်ထားသည့် တံတား ပျက်စီးပြီး ကားကြီး/ငယ်များ သွားလာရန် ခက်ခဲနေကြောင်း မိုင်းတုံမြို့ ဒေသခံ အမျိုးသားတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းတုံက မိုးနှစ်ရက်ဆက်တိုက်မိုးတွေရွာ ရေတွေကြီးတော့ တံတားက ထပ်ပြီး ပျက်ပြန်ပြီ။ရေတွေက အရင်တစ်ခေါက်ထပ် ပိုကြီးတယ်။သူတို့ အသစ်ပြန်လုပ်ထားတဲ့နေရာက ပျက်သွားတာ။သွားလာဖို့ကလည်း ခက်ပြီ။” ဟု မိုင်းတုံမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မိုင်းဖြတ် ရေကြီးရေလျှံ

အလားတူ မိုင်းဆတ်မြို့တွင် မိုးရွာသွန်းမှု နှင့် တောင်ကျရေများကြောင့် ချောင်းရေမြင့်တက်ကာ မိုင်းဆတ် နှင့် တာချီလိတ်ကို ကြားရှိ နမ့်ကျန်တံတားသည် ချောင်းရေတိုက်စားမှုခံရပြီး စိုးရိမ်ရကြောင်း မိုင်းဆတ်မြို့ ‌ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အဲ့မိုင်းဆတ်ကနေ တာချီလိတ်သွားတဲ့လမ်းပေါ်က တံတားပေါ့။လမ်းကော တံတားကောကျဉ်းတယ်လေ။ ချောင်းက တိုက်စားနေတာ။ကားကြီးတွေ ဆိုသွားဖို့ခက်တယ်လောက်တယ်။”ဟု မိုင်းဆတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုပြင် မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးရေလျှံများဖြစ်ပေါ်နေပြီး လျှပ်စစ်အန္တရာယ် ဘေးကင်းရန် အတွက် အနိမ့်ပိုင်းနေရာများကို လျှပ်စစ်မီးများ ခေတ္တဖြတ်တောက်ထားကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင်လည်း မိုးရွာသွန်းမှုကြောင့် ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက်တွင် လေယာဉ်ကွင်း သွားသည့် လမ်းတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း သိရသည်။

သျှမ်းပြည်အရှေ့ပိုင်းတွင် သစ်တောများ အလွန်အကျွံခုတ်ယူခြင်း၊ သတ္တုများအ လွန်အကျွံ တူးဖော်ခြင်း နှင့် တောတောင်တွင် သစ်ပင်များမရှိတော့သဖြင့် မိုးရွာသွန်းသည်အခါ မြေကြီးမှ ရေစုတ်ယူမှု မရှိတော့သဖြင့် ယခုကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပွားလာရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာသူကဆိုပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...