သိန္နီမြို့နယ် SSPP/SSA နှင့် MNDAA တိုက်ပွဲအတွင်း တပ်သားအပြန်အလှန် ဖမ်းဆီးမှုရှိ

သျှမ်းပြည် သိန္နီမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တိုက်ပွဲအတွင်း နှစ်ဘက်တပ်သား အချင်းချင်း ဖမ်းဆီးမှု ရှိနေကြောင်း စုံစမ်းသိရသည်။

သိန္နီမြို့

မတ်လ ၂၆ နှင့် ၂၇ ရက်တို့တွင် သိန္နီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သျှမ်းတပ် SSPP/SSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ ထိတွေ့တိုက်ပွဲအတွင်း စယ်အူကျေးရွာအုပ်စုတွင် နှစ်ဘက်တပ်သား အချင်းချင်း အပြန်အလှန် ဖမ်းဆီးမှုများ ရှိနေကြောင်း သိန္နီဒေသခံများက ပြောသည်။

“အဲ့နေ့ က ည ၁၀ နာရီကျော်မှာ ကိုးကန့်စစ်သား ဆယ်ချီနဲ့ လာပြီးတော့ လုံးဆန်ခမ်း ပါ့မတ်ရဲ့ အိမ်တံခါးကို ကန်ကျောက်ပြီး ဝင်ဖမ်းကြတာ။ ပန်ဝတ်ရွာထဲက လုံးဆန်ခမ်းကို ဖမ်းသွားတဲ့အပြင် အိမ်ထဲရှိတဲ့ ငွေတွေနဲ့ ကားတွေလည်း ယူသွားတယ်။ အခုသူ့ကို ဘယ်မှာသွားထားလဲ၊ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ဘယ်သူမှ မသိသေးဘူး”ဟု သိန္နီမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးသွားသည့် စယ်အူကျေးရွာအုပ်စု၊ ပန်ဝတ်ကျေးရွာမှ လုံးဆန်ခမ်းသည် သျှမ်းတပ် SSPP/SSA ၏ အရံအင်အားဖြစ်ကြောင်း သိန္နီဒေသခံများက ပြောဆိုသည်။

အလားတူ သိန္နီမြို့နယ်တွင် သျှမ်းတပ် SSPP/SSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲစတင်ဖြစ်ပွားသည့် မတ်လ ၂၆ ရက် ညနေ ၃ နာရီကျော် နောက်ပိုင်းတွင် စယ်အူကျေးရွာအတွင်း သွားလာနေသည့် ကိုးကန့်တပ်သား ၂ ဦးကို SSPP တပ်သားများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကိုးကန့်တပ်က သိမ်းထားတဲ့ နမ့်စလပ် ၅၆၇/ ၅၆၈ တပ်ထဲကနေ SSPP ရှိတဲ့ ကောင်းကော်ရွာထဲကို ဒရုန်းနဲ့ ပစ်တာ။ အဲ့တာနဲ့ စယ်အူမှာရှိတဲ့ SSPP တပ်သားတွေက လမ်းလျှောက်သွားနေတဲ့ ကိုးကန့်တပ်သား ၂ ယောက်ကို ဖမ်းပြီး သူတို့သေနတ်ကို သိမ်းလိုက်တယ်။ ဒီဟာတွေက ကိုးကန့်တပ်က ကောင်းကော်ရွာထဲကို ဒရုန်းနဲ့ အရင်ပစ်ချလို့ ဖြစ်လာတာ”ဟု သိန္နီမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဘက်တပ်ဖွဲ့ဝင် အချင်းချင်းကြား အပြန်အလှန် ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ သျှမ်းတပ် SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ထံသို့ ဖုန်းဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

အလားတူ ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းထံသို့ သျှမ်းသံတော်ဆင့်မှ စာပို့ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
သိန္နီမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် သျှမ်းတပ် SSPP/SSA တပ်စခန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရပြီး SSPP/SSA မှ ခုခံကာကွယ်သည့် အနေအထားဖြင့်သာ ခုခံတိုက်ခိုက်ခဲ့ကြောင်း ယမန်နေ့ (မတ်လ ၂၇ ရက်)တွင် SSPP Info မှ သတင်းထုတ်ပြန်လာခဲ့သည်။

ထို့အပြင် တိုင်းရင်းသားအချင်းချင်း ပြန်လည်သင့်မြတ်ရေးအတွက် ရှေးရှုကာ တွေ့ဆုံဆွေးနွေးခြင်း လမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုံးဝ ဖြေရှင်း၍ မရခဲ့မှသာ ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...