သိန္နီမြို့နယ် ရွာသူကြီးများကို MNDAA က အစည်းအဝေးခေါ်ပြီး အရေးကြီးအချက် ၆ ချက် အမိန့်ပေး

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နိုင်ရန် ကျေးရွာသူကြီးများကို အစည်းအဝေး ခေါ်ယူတွေ့ဆုံပြီး အရေးကြီးအချက် ၆ ချက်ကို အမိန့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

သိန္နီ လက်နက်ကြီးကြောင့်ပျက်စီးသွားသည့်နေအိမ်

ဒီဇင်ဘာလ ၁၆ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်အတွင်းရှိ စယ်အူနှင့် နမ့်စလပ်ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က ဆင့်ခေါ်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် အရေးကြီးအချက် ၆ ချက်ကို အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိန္နီဒေသခံများက ပြောသည်။

အဆိုပါ အရေးကြီးအချက်များမှာ နံပတ်(၁) ကိုးကန့်တပ်ဖွဲ့ထံ ဆရာဝန် နှင့် ဆရာ/ ဆရာမ စာရင်းပေးပို့ရန်၊ နံပတ်(၂) ကိုးကန့်စစ်သားများ ပြည်သူများကို အနိုင်ကျင့်လျှင် တိုင်ကြားရန်၊ နံပတ်(၃) ကိုးကန့်တပ် က ဦးဆောင်ပြီး ကူးသန်းရောင်းဝယ်ရေး အဆင်ပြေရန် လုပ်ဆောင်ပေးမည်။ နံပတ် (၄) ကိုးကန့်တပ် ထိန်းချုပ်နယ်မြေထဲ အခြားတပ်များက ဆက်ကြေးလာကောက်လျှင် လုံးဝ မထည့်ရန်၊ နံပတ်(၅) အင်တာနက်သုံးသည့် လူစာရင်းပေးရန် နှင့် နံပတ် (၆) မူးယစ်ဆေးဝါး၊ယာဘ သုံးသည့်သူများကို ဖမ်းမိလျှင် ပြန်မလွှတ်ပေးဘဲ စစ်သားစုဆောင်းခံရမည် ဟု MNDAA က အမိန့်ပေးထားသည့်အချက်များဖြစ်သည်။

သိန္နီမြို့ လက်နက်ကြီးကြောင့်ပျက်စီးသွားသည့်နေအိမ်

ကိုးကန့်တပ်ဖွဲ့ MNDAA က ဆင့်ခေါ်သည့် ယခုအစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်က စယ်အူအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ပြီး သိန္နီမြို့နယ်အတွင်းရှိ စယ်အူနှင့် နမ့်စလပ်ကျေးရွာအုပ်စုများမှ ရွာသူကြီးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တာဝန်ရှိသူများ စုစုပေါင်း ၅၀ ဦးကျော် တက်ရောက်ခဲ့သည်ဟု စုံစမ်းသိရသည်။

သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ ခမရ-၅၆၇/၅၆၈ တပ်ရင်း ၂ ခုကို ညီနောင်မဟာမိတ်တပ်များက နိုဝင်ဘာလ ၂၄ ရက်တွင် သိမ်းပိုက်ခဲ့ပြီး သံချပ်ကာ ၁ စီး၊ ဟောင်ဝစ်ဇာ ၂ လက်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်တပ်များက ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်သည် ကိုးကန့်တပ်ဖွဲ့ MNDAA က သတ်မှတ်ထားသည့် အထူးဒေသ(၁)တွင် ပါဝင်ပြီး ကိုးကန့်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီ(မူပန်)ခရိုင်နှင့် မုံးကိုးခရိုင်ဟူ၍ ဖွဲ့စည်းထားကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေသည်ဟု ကြေညာထားသော ပန်ဆိုင်း(ကြူကုတ်)မြို့တွင်လည်း သန်းခေါင်စာရင်း ကောက်ယူနေပြီး အသက် ၁၅ နှစ်အထက် အမျိုးသားများတင်မကဘဲ အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ဒီဇင်ဘာ ၄ ရက်နေ့က လာရောက်ခေါ်ဆောင်နေကြောင်း ပန်ဆိုင်းမြို့ ဒေသခံများထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က အသက်မပြည့်သေးသည့် လူငယ်များအပါအဝင် အမျိုးသား ၂၀ နီးပါးခန့်ကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အချို့လူငယ်များမှာ ပြန်လည်လွတ်မြောက်လာသည်ဟု သိရပြီး ယခုတကြိမ် ခေါ်ယူသည့် အစည်းအဝေးတွင် စစ်မှုထမ်းကိစ္စကို ပြောဆိုခဲ့ခြင်း ရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

“၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ သိန္နီမြို့နယ်ကို စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး လက်ရှိတွင် သိန္နီမြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာလျက်ရှိကာ သိန္နီမြို့နယ်ဒေသခံ ထက်ဝက်ကျော်ခန့်မှာ တိုက်ပွဲကြောင့် အခြားဒေသများသို့ စစ်ဘေးရှောင်နေရပြီး နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...