Wednesday, January 28, 2026

သိန္နီမြို့နယ် ရွာသူကြီးများကို MNDAA က အစည်းအဝေးခေါ်ပြီး အရေးကြီးအချက် ၆ ချက် အမိန့်ပေး

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နိုင်ရန် ကျေးရွာသူကြီးများကို အစည်းအဝေး ခေါ်ယူတွေ့ဆုံပြီး အရေးကြီးအချက် ၆ ချက်ကို အမိန့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

သိန္နီ လက်နက်ကြီးကြောင့်ပျက်စီးသွားသည့်နေအိမ်

ဒီဇင်ဘာလ ၁၆ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်အတွင်းရှိ စယ်အူနှင့် နမ့်စလပ်ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က ဆင့်ခေါ်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် အရေးကြီးအချက် ၆ ချက်ကို အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိန္နီဒေသခံများက ပြောသည်။

အဆိုပါ အရေးကြီးအချက်များမှာ နံပတ်(၁) ကိုးကန့်တပ်ဖွဲ့ထံ ဆရာဝန် နှင့် ဆရာ/ ဆရာမ စာရင်းပေးပို့ရန်၊ နံပတ်(၂) ကိုးကန့်စစ်သားများ ပြည်သူများကို အနိုင်ကျင့်လျှင် တိုင်ကြားရန်၊ နံပတ်(၃) ကိုးကန့်တပ် က ဦးဆောင်ပြီး ကူးသန်းရောင်းဝယ်ရေး အဆင်ပြေရန် လုပ်ဆောင်ပေးမည်။ နံပတ် (၄) ကိုးကန့်တပ် ထိန်းချုပ်နယ်မြေထဲ အခြားတပ်များက ဆက်ကြေးလာကောက်လျှင် လုံးဝ မထည့်ရန်၊ နံပတ်(၅) အင်တာနက်သုံးသည့် လူစာရင်းပေးရန် နှင့် နံပတ် (၆) မူးယစ်ဆေးဝါး၊ယာဘ သုံးသည့်သူများကို ဖမ်းမိလျှင် ပြန်မလွှတ်ပေးဘဲ စစ်သားစုဆောင်းခံရမည် ဟု MNDAA က အမိန့်ပေးထားသည့်အချက်များဖြစ်သည်။

သိန္နီမြို့ လက်နက်ကြီးကြောင့်ပျက်စီးသွားသည့်နေအိမ်

ကိုးကန့်တပ်ဖွဲ့ MNDAA က ဆင့်ခေါ်သည့် ယခုအစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်က စယ်အူအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ပြီး သိန္နီမြို့နယ်အတွင်းရှိ စယ်အူနှင့် နမ့်စလပ်ကျေးရွာအုပ်စုများမှ ရွာသူကြီးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တာဝန်ရှိသူများ စုစုပေါင်း ၅၀ ဦးကျော် တက်ရောက်ခဲ့သည်ဟု စုံစမ်းသိရသည်။

သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ ခမရ-၅၆၇/၅၆၈ တပ်ရင်း ၂ ခုကို ညီနောင်မဟာမိတ်တပ်များက နိုဝင်ဘာလ ၂၄ ရက်တွင် သိမ်းပိုက်ခဲ့ပြီး သံချပ်ကာ ၁ စီး၊ ဟောင်ဝစ်ဇာ ၂ လက်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်တပ်များက ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်သည် ကိုးကန့်တပ်ဖွဲ့ MNDAA က သတ်မှတ်ထားသည့် အထူးဒေသ(၁)တွင် ပါဝင်ပြီး ကိုးကန့်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီ(မူပန်)ခရိုင်နှင့် မုံးကိုးခရိုင်ဟူ၍ ဖွဲ့စည်းထားကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေသည်ဟု ကြေညာထားသော ပန်ဆိုင်း(ကြူကုတ်)မြို့တွင်လည်း သန်းခေါင်စာရင်း ကောက်ယူနေပြီး အသက် ၁၅ နှစ်အထက် အမျိုးသားများတင်မကဘဲ အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ဒီဇင်ဘာ ၄ ရက်နေ့က လာရောက်ခေါ်ဆောင်နေကြောင်း ပန်ဆိုင်းမြို့ ဒေသခံများထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က အသက်မပြည့်သေးသည့် လူငယ်များအပါအဝင် အမျိုးသား ၂၀ နီးပါးခန့်ကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အချို့လူငယ်များမှာ ပြန်လည်လွတ်မြောက်လာသည်ဟု သိရပြီး ယခုတကြိမ် ခေါ်ယူသည့် အစည်းအဝေးတွင် စစ်မှုထမ်းကိစ္စကို ပြောဆိုခဲ့ခြင်း ရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

“၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ သိန္နီမြို့နယ်ကို စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး လက်ရှိတွင် သိန္နီမြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာလျက်ရှိကာ သိန္နီမြို့နယ်ဒေသခံ ထက်ဝက်ကျော်ခန့်မှာ တိုက်ပွဲကြောင့် အခြားဒေသများသို့ စစ်ဘေးရှောင်နေရပြီး နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...