လူသားချင်း စာနာထောက်ထားမှုအတွက် ပြည်သူများကို Cross Border Assistance ဆောက်ရွက်ပေးသင့်

နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) မှ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဥ် စောင့်ကြည့်ရေးအဖွဲ့ သုတေသန စာတမ်းအရ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အမှန်တကယ် လိုအပ်နေသည့် ပြည်သူများကို (Cross Border Assistance) အစီအစဥ် မဖြစ်မနေ လုပ်ဆောင်သင့်ကြောင်း သုတေသီ များက ပြောဆိုသည်။

သုတေသန စာတမ်း

ဒီနေ့ ဇူလိုင် (၂၀) ရက် မနက်ပိုင်းမှာ BNI မှ ဦးဆောင်ပြုလုပ်သည့် နိုင်ငံတကာ အလှူရှင် အစိုးရများအတွက် ပုစ္ဆာ သို့မဟုတ် လူသားစာနာကူညီရေး အကျပ်အတည်းအား အဖြေရှာကြည့်ခြင်း စာတမ်းမိတ်ဆက်ပွဲမှာ BNI သုတေသီများက ပြောကြားသွားသည်။

“အထူးသဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အာဆီယံ အပါအဝင်၊ UN အပါအဝင် ဒီအရေး ကိစ္စကို ဦးဆောင်လုပ်နေကြတဲ့ သူတွေက နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး ( Cross Border Assistance ) အထိရောက်ဆုံး နည်းလမ်းကနေ တစ်ဆင့် ကူညီနိုင်ဖို့ကို အဖြေရှာ လုပ်ဆောင်သွားရမယ်လို့ ကျမတို့ မြင်တယ်” ဟု BNI မန်နေဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညို က သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုခဲ့သည်။

UNOCHA က ထုတ်ပြန်သည့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်ရေး အစီအစဥ် (HRP) နှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်အစီရင်ခံစာအရ မြန်မာနိုင်ငံအတွင်း လူသားစာနာအကူအညီ လိုအပ်သူပေါင်း ၁၄ ဒဿမ ၄ သန်းရှိခဲ့သည့်တိုင် ပြည်သူပေါင်း ၆ ဒဿမ ၂ သန်းထံ ရောက်ရှိနိုင်ရေး ပစ်မှတ်ထားခဲ့သော်လည်း ပြည်သူ ၄ ဒဿမ ၃၆၁ သန်းကိုသာ လူသားစာနာအကူအညီများ ထောက်ပံ့ကူညီနိုင်ခဲ့သည်ကို တွေ့ရကြောင်း သုတေသန မှတ်တမ်းအရ သိရသည်။

မူလလျာထားချက်တွင် IDP တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၆၈ ဒေါ်လာ ထောက်ပံ့နိုင်ရေးဖြစ်သည်။ မြန်မာပြည်သူလူထုအတွက် အမေရိကန်ဒေါ်လာ ၈၂၆ သန်း လျာထားခဲ့သော်လည်း အမှန်တကယ် အသုံးပြုနိုင်ခဲ့သည့် ပမာဏသည် အမေရိကန်ဒေါ်လာ (၂,၉၂၉ )သန်းသာ ရရှိခဲ့ကြောင်း ၂၀၂၂ ခုနှစ် HRP နှစ်ကုန် အစီရင်ခံစာ က ဆိုပါသည်။

အဆိုပါ လူဦးရေ ၁၁ ဒဿမ ၈ ရာခိုင်နှုန်းဖြစ်သော ၅ သိန်းကျော်သည် စစ်ဘေးသင့် ဒုက္ခသည်များ (IDPs) ဖြစ်ပြီး ၎င်းတို့အတွက် အမေရိကန်ဒေါ်လာ ၉ သန်းသာ အသုံးပြုနိုင်ခဲ့ခြင်းကြောင့် စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးဒုက္ခသည်ပြည်သူ (IDP) တစ်ဦးလျှင် ၂၀၂၂ ခုနှစ် တစ်နှစ်ပတ်လုံးတွင် အမေရိကန်ဒေါ်လာ ၁၇ ဒေါ်လာ နှင့် ညီမျှသော ထောက်ပံ့ကူညီမှုသာ ရရှိခဲ့သည်ကို တွေ့ရှိသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီလိုအပ်သူပေါင်း ၁ ဒဿမ ၈ သန်း နီးပါးရှိလာသည့် ၂၀၂၃ ခုနှစ် HRP လျာထားချက်တွင်တော့ UNOCHA အနေဖြင့် မြန်မာပြည်သူ ၄ ဒဿမ ၅ သန်းကိုသာ ပစ်မှတ်ထား အကူအညီပေးတော့မည်ဖြစ်သဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် လျာထားချက်ထက် လူဦးရေ ၂ သန်းနီးပါး လျော့ချခဲ့သည်ကို တွေ့ရသည်။

ထိုအနက် IDP ကဏ္ဍအတွက် လူဦးရေ (၉၅,၀၀၀) ကျော်ကိုသာ ပစ်မှတ်ထား ကူညီထောက်ပံ့ရန် လျာထားပြီး အသုံးပြုမည့် ရန်ပုံငွေပမာဏကို အမေရိကန်ဒေါ်လာ ၈၈ သန်း သတ်မှတ်ထားသည်။

နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာကူညီထောက်ပံ့မှု အတွက် အရေးကြီးသည့် အချက် (၂) ချက်ရှိပြီး (၁) အချက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ လုပ်ပိုင်ခွင့်ပေးခြင်း၊ (၂) အချက် အိမ်နီးချင်းနိုင်ငံများ၏ လူသားချင်း အကူအညီပေးမှုကို လက်ခံမှာလား ဆိုတာကို စောင့်ကြည့်သင့်ကြောင်း BNI မီဒီယာ ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဌ ဦးစိုးမြင့် က စာတမ်းမိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောကြားသည်။

“အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ အထူးသဖြင့် ထိုင်းနိုင်ငံ၊အိန္ဒိယနိုင်ငံ ၊ တရုတ်နိုင်ငံတွေ ရဲ့ မူဝါဒ နယ်စပ်ဖြတ်ကျော်ပြီးတော့ လူသားချင်းစာနာတဲ့ အကူအညီတွေ အနည်းအကျဥ်းတော့ နယ်စပ်ဖြတ်ကျော်ပြီးတော့ သွားနေတယ်။ ဒါပေမယ့် တရားဝင် ခွင့်ပြုပြီးတော့ သွားတာမဟုတ်ဘူး။ ဒီနိုင်ငံတွေရဲ့ ပေါ်လစီက တကယ်လို့ တရားဝင် ခွင့်ပြုပြီးတော့ သွားဖို့ ခွင့်ပြုမယ်ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကူညီဖို့ အဆင်သင့်ရှိတယ်လို့ အနေအထားတော့ တွေ့ရတယ်။ ဒါပေမယ့် ဒီအိမ်နီးချင်း နိုင်ငံတွေက အခုချိန်ထိ ဒါကို သူတို့နိုင်ငံက နယ်စပ်ကို ဖြတ်ပြီးတော့ ကူညီမယ်ဆိုတဲ့ဟာကို ခွင့်မပြုသေးဘူး။ ဒါကို ကျနော်တို့ ဆက်ပြီး စောင့်ကြည့်ရမှာပဲ ဖြစ်တယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံ နဲ့ ထိုင်းနိုင်ငံ တွေလိုမျိုးက နယ်စပ်ဖြတ်ပြီးတော့ လူသားချင်း အကူအညီပေးဖို့ကို လက်ခံမလား ဆိုတာကို ကျနော်တို့ ဆက်ပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်” ဟု ဦးစိုးမြင့် က ဆက်ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှ စပြီး စစ်အာဏာသိမ်းကာလအတွင်း မြန်မာပြည်သူလူထု တစ်ရပ်လုံး စစ်ကောင်စီအပေါ် ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုများ၊ ခုခံတော်လှန်ရေး လှုပ်ရှားမှုများ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားပေးဖယ်ကြဥ်မှုများအကြား စစ်ကောင်စီ နှင့် အိမ်နီးချင်း အစိုးရများအတွက် ခက်ခဲကျပ်တည်းစွာ ပြုမှုဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

မြန်မာပြည်သူလူထု၏ နွေဦးတော်လှန်ရေးအတွက် စစ်ကောင်စီ နှင့် ပတ်သက်သော အိမ်နီးချင်း အစိုးရများ၏ ရပ်တည်ချက်သည် မေးခွန်းပေါင်းများစွာ ဖြစ်တည်လျက်ရှိကြောင်း သုတေသန စာတမ်းမှာ တွေ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...