ဖယ်ခုံမြို့နယ် ယခုရက်ပိုင်း တိုက်ပွဲပြန်လည်ဖြစ်ပွားနေ

သျှမ်းပြည် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ နှင့် စက်တော်ရွာတွင် ယခု ရက်ပိုင်း၌ စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြန်လည် ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်မှစ၍ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ နှင့် စက်တော်ရွာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြန်လည် ဖြစ်ပွားနေခဲ့ပြီး နေ့ရက်ဆက်တိုက် ပစ်ခတ်သံများ ကြားနေရကြောင်း ဖယ်ခုံမြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တိုက်ပွဲပြန်ဖြစ်တာ ၂ ရက်လောက် ရှိပြီ။ ဒီတစ်ရက် နှစ်ရက်အတွင်း ခေါင်းအိ နဲ့ စက်တော်ရွာမှာ စစ်တပ်က တပ်စွဲထားတော့ အဲ့မှာလူအင်အားပြန်ဖြည့်တာ တိုက်ပွဲဖြစ်တာ။ သူတို့ တပ်စွဲထားတာတော့ ကြာပြီ ၁ လလောက် ရှိပြီ။ သုံးလေးရက်လောက် ပြန်ငြိမ်ပြီ အခုတိုက်ပွဲပြန်ဖြစ်တာပေါ့။ လက်နက်ငယ်၊ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်နေတာတော့ ဒီနှစ်ရက်ဆက်တိုက်တော့ တစ်နေကုန်လောက် ပစ်နေတာပဲ “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း ဖယ်ခုံမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခမရ – ၃၃၆ ၊ ခမရ – ၄၂၁ နှင့် စက (၇) တို့လည်း ပါဝင်ပြီး ပစ်ခတ်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့မှ ပြန်လည်ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

ယင်းကဲ့သို့ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အသေးစိတ် နှင့် ပတ်သက်ပြီး ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PKPDF ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မြေပြင်ဖုန်းလိုင်း အခက်ခဲကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

ထို့အပြင် ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ တိုက်ပွဲပြန်လည်ဖြစ်ပွားသောကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်း ရှောင်သူများက နေအိမ်များ ထပ်မံပျက်စီးသွားမည်ကို စိုးရိမ်နေကြရသလို စိုက်ခင်း ပြန်မလုပ်နိုင်သဖြင့် နှောင်နှစ်အတွက် ပိုခက်ခဲလာမည်ကို စိတ်ပူနေကြောင်း စစ်ဘေးရှောင် တစ်ဦးက ပြောသည်။

“ကျနော်တို့ စိုးရိမ်တာတော့ နေအိမ်တွေ ထပ်ပြီးပျက်စီးမှာကို ကြောက်တာပေါ့။ ပြီးတော့ စစ်ရှောင်ထားတာ လည်းကြာပြီပေါ့။ ရွာသားတွေ အကုန်လုံး နှစ်လသုံးလလောက်ရှိပြီ မြို့ပေါ်ရှောင်တဲ့သူနဲ့ တောကိုရှောင်သွားတဲ့ သူနဲ့ရှောင်နေကြတာ။ စိုးရိမ်တာတော့ စိုက်ပျိုးရေး မလုပ်ရဘူးဆိုတော့ နောက်နှစ် ပိုခက်ခဲမှာပေါ့။ ပြီးတော့ အိမ်ပြန်ရတဲ့အချိန်ဆို အိမ်ကောင်းတစ်လုံးမှ မရှိတော့ဘူး။ မိုးရေစိုပြီး ဆွေးကုန်ပြီ “ ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

ကယား (ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု (KRU) ၏ ထုတ်ပြန်ချက်အရ ဇွန်လဆန်းပိုင်းမှစပြီး ဇူလိုင် ဒုတိယပတ်အထိ တစ်လခွဲနီးပါး ဖယ်ခုံမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၉ ဦး သေဆုံးပြီး ဖယ်ခုံ PDF ရဲဘော် ၁ ဦး ကျဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဇူလိုင် ၁၄ ရက်စွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...